အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်တဲ့ ကန်ဒုသမ္မတ မြန်မာနိုင်ငံ အကြမ်းဖက်မှုတွေကို ရှုတ်ချ၊ အာဆီယံအသင်းက မြန်မာ့အရေး ဝိုင်းဝန်းဖြေရှင်းပေးမယ့် အခြေအနေ၊ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ ဒီလို တပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် ဆက်ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့အတွက် မုံရွာမြို့မှာ နေ့အချိန်မထွက်ရ သတ်မှတ်ချက် နှစ်ပတ်ပြည့်ပြီးနောက် ပြန်ရုပ်သိမ်းတော့မှာဖြစ်ပါတယ်။ ဒီဒေသန္တရအမိန့် ထုတ်ပြန်ထားတဲ့ကာလအတွင်း စားသောက်နေထိုင်ရေး အခက်အခဲကြောင့် အလံထောင် အကူအညီတောင်းတဲ့အိမ်ခြေ ၁,၀၀၀ ကျော်အထိရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြော
ဇူလိုင်လက မင်းကင်းမှာ စစ်ကောင်စီကဖမ်းသွားတဲ့ မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၀ ကျော်ရဲ့ မိသားစုဝင်တချို့ဟာ သူတို့ကိုယ်တိုင်က လုံခြုံရေးအရ ထွက်ပြေးနေရတာကြောင့် ဖမ်းဆီးခံထားရသူတွေကို ထောင်ဝင်စာ သွားမတွေ့ရဲဘူး ဖြစ်နေပါတယ်။
ရုရှားနိုင်ငံမှာ သမားရိုးကျ စခန်း ချခရီးထွက်တာမျိုးတွေရော၊ အဲဒီထက်မက သက်သောင့်သက်သာရှိတဲ့ Glamping လို့ခေါ်တဲ့ ရေပူရေအေးတွေရနိုင်တဲ့ အပန်းဖြေစခန်း မျိုးတွေလည်း ရေပန်းစားလာပါတယ်။ ရုရှားနိုင်ငံက Glamping စခန်းတွေ အကြောင်း AP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာ့ဥတုရာသီပူပြင်းလွန်းလာတာကြောင့် လူသားထုအတွက် အန္တရယ်ရှိတဲ့ အနီရောင်အဆင့်ရောက်လာပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ကမ္ဘာ့အပူချိန် ဒီထက်ထပ်တိုးမလာအောင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချပြီး ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးပမ်းကာကွယ်နေကြတာပါ။ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
သြဂုတ်ဒုတိယသီတင်းပတ် ရက်တွေအတွင်း မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် လုပ်ဆောင်နေကြဆဲ ဆန့်ကျင်မှုတွေ၊ အိုးအိမ်စွန့် ထွက်ပြေးကြသူတွေ အခြေအနေနဲ့ ပြည်တွင်းစစ်ဖြစ်နိုင်ခြေ ကုလသတိပေး၊ နိုင်ငံတကာရဲ့ ဖိအား၊ ဒီလို တပတ်အတွင်း ဖြစ်ထွန်းမှုသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေရှိနေဆဲဖြစ်တဲ့ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်ထဲက အိုးအိမ်စွန့်ထွက်ပြေးရသူတွေ ခိုလှုံနေကြတဲ့ စစ်ရှောင်စခန်းတွေမှာ COVID-19 ရောဂါကူးစက်ခံရသူတွေ ရှိနေပါတယ်။ ဒီလူတွေအတွက် အောက်ဆီဂျင်နဲ့ တခြားအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတအိမ်ဖြူတော်ဟာ သမ္မတနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ရုံးစိုက်ရာနေရာလည်းဖြစ်သလို သမ္မတ မိသားစုနေထိုင်ရာ အိမ်တော်လည်းဖြစ်ပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တ င်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မိုးမေ ျှာ်တိုက်ခေါင်မိုးတွေပေါ်ကနေ ဆော်ဒီအာရေဗျနိုင်ငံ သဲကန္တာရအလယ်က Riyadh မြို့သာမက အီတလီနိုင်ငံ မီလန်မြို့က လူတွေ တိုက်ခန်းတွေမှာလည်း စိမ်းစိုနေတဲ့ မြင်ကွင်းတွေကို ပိုပြီး တွေ့လာနေရပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်ကတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မိုးမျော်တိုက်ခေါင်မိုးတွေပေါ်ကနေ ဆော်ဒီအာရေဗျနိုင်ငံ သဲကန္တာရအလယ်က Riyadh မြို့သာမက အီတလီနိုင်ငံ မီလန်မြို့က လူတွေတိုက်ခန်းတွေမှာလည်း စိမ်းစိုနေတဲ့ မြင်ကွင်းတွေကို ပိုပြီး တွေ့လာနေရပါတယ်။
သြဂုတ်ပထမသီတင်းပတ် နိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လုပ်ဆောင်တဲ့ အပြောင်းအလဲတွေ၊ ဒေသတွင်းနိုင်ငံတွေရဲ့ ပါဝင်ပတ်သတ်မှု၊ နိုင်ငံတဝန်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ရှောင်ဒုက္ခသည်အရေး၊ ဒီလို တပတ်အတွင်း ဖြစ်ထွန်းမှုသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာပေါ်က အောက်ဆီဂျင်ဓာတ်ငွေ့တွေ ဘယ်ကရသလဲဆိုတာလေ့လာနေတဲ့သိပ္ပံပညာရှင်တွေက ဖြစ်နိုင်ခြေတခုကိုတွေ့ရှိထားပါတယ်။ ရှေးနှစ်သန်းပေါင်းများစွာမှာ ရှိခဲ့တဲ့ ဘက်တီးရီးယားပိုးမွှားတွေက နေ့တာရှည်လို့အလင်းရောက်ပိုရလာတဲ့အခါ အောက်ဆီဂျင်တွေပိုပြီးထုတ်လွှတ်တယ်ဆိုတဲ့အချက်ကိ သုတေသီတွေ သွားတွေ့ပါတယ်။
ဗြိတိန်နိုင်ငံ စားသောက်ကုန်လုပ်ငန်းတွေမှာ ကုန်စည်ပြတ်လပ်လာတဲ့သတင်းတွေကြောင့် ဒီလိုအရေးပါတဲ့ တချို့ဝန်ဆောင်မှုကဏ္ဍက အလုပ်သမားတွေအတွက် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ အစိုးရက ပြင်ဆင်သတ်မှတ်ပေးလိုက်ပါတယ်။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာအကျပ်အတည်းပြေလည်ရေး နိုင်ငံတကာကူညီနိုင်မယ့်နည်းလမ်းတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ် လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒီလို သီတင်းပတ်တွင်း သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ အမေရိကန် ဆက်လက် တိုက်တွန်း၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ဖယ်ရှားဖို့ ထပ်မံကြိုးစား၊ မင်းတပ်ဒုက္ခသည်တွေအတွက် UNHCR ရဲ့အကူအညီ စတဲ့ သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
စပိန်နိုင်ငံရဲ့ မြေထဲပင်လယ်ဒေသဘက်အခြမ်းကကမ်းရိုးတန်းမှာဇီဝဂေဟစနစ်နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပြင် ငါးဖမ်းလုပ်ငန်းကိုပါထိခိုက်ပျက်စီးစေတဲ့ပင်လယ်ရေညှိပင်တွေ ကျူးကျော်ပေါက်ရောက်လာနေပါတယ်။ စပိန်နိုင်ငံတောင်ပိုင်း Tarifaကမ်းခြေမြို့ကနေ Alfonso Beato ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ရန်ကုန်အပြင် တခြားမြို့ကြီးတွေမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူနဲ့ ကိုဗစ်သံသယလူနာတွေ များပြားနေပါတယ်။
အာဏာသိမ်းပြီးဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ နေရာအနှံ့ဖြစ်ပေါ်တဲ့ ဖောက်ခွဲမှုတွေအပြင်၊ စစ်ကောင်စီ နယ်မြေရှင်းလင်းမှု အိုးအိမ်စွန့်ခွာပြေးရသူ တိုးလာ၊ မြန်မာ့အရေး နိုင်ငံတကာ အရေးပေါ် ညွန့်ပေါင်းဖွဲ့ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း၊ သတင်းပတ်အတွင်း သတင်းစုစည်းမှု နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝဂေဟစနစ်အတွက် မရှိမဖြစ်အရေးပါလှတဲ့ ဒေသရင်းသစ်ပင်ပန်းမန်တွေနေရာမှာ အစားထိုးနေရာယူလာတဲ့ တခြားဒေသက အပင်မျိုးစိတ်တွေကို အငြိမ်းစားယူထားတဲ့ James Anderson တယောက်လိုက်လံ ဖယ်ရှားနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Deepak Dobhal ကတင်ပြထားတာကို နန်းလောင်ဝ်က ဆက်ပြောပြမှာပါ။
မြောက်ကိုရီးယားနိုင်ငံရဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ တင်းကျပ်လွန်းတဲ့ ကန့်သတ်ချက်တွေက နိုင်ငံ့စီးပွားရေးကို အဓိက ထိခိုက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်