ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်ဝှဲက်ကျေးရွာအနီးက ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) ရဲ့ စခန်းတခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။
ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကပ်ဘေးကြီးတွေ၊ ရောဂါဘယတွေ ထိန်းမနိုင်အောင် ဖြစ်လာမယ့်အရေး ကာကွယ်တားဆီးဖို့ ကမ္ဘာ့နိုင်ငံစုံ ပူပေါင်းလုပ်ကိုင်နေတာမှာ ဖန်လုံအိမ်ဓာတ်ငွေ့ အဓိက ထုတ်လွှတ်နေတဲ့ ကျောက်မီးသွေးကို ထုတ်လုပ်အသုံးပြုတာ လုံးဝရပ်ပစ်ဖို့ တောင်းဆိုသံတွေ တိုးလာပါတယ်။
တရုတ်သံတမန် မြန်မာပြည်လာရောက်၊ ဖမ်းဆီးခံ ကန်သတင်းထောက် ပြန်လွတ်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် စုစည်းတင်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်တွနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတွေဘက်မှာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်တပ်တွေ တပ်ဖြန့်ပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ကျေးရွာ ၃ ရွာထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
ရှမ်းနဲ့ကယားပြည်နယ်စပ် မိုးဗြဲမြို့ပေါ် PDF ကင်းစခန်းတခုကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းသလို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ လူနေအိမ်တွေပေါ် ကျရောက်ပြီး နေအိမ်တချို့ပျက်စီး၊ တမြို့လုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
မြန်မာနိုင်ငံ အရပ်သားလုံခြုံရေးအာအခံဖို့ ကုလလုံခြုံရေးကောင်စီတောင်းဆို၊ နိုင်ငံရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ပြေးရသူတွေ ကူညီရေးလုပ်ဆောင်သူတချို့ကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်ဟောင်း Bill Richardson က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ တနင်္လာနေ့က ကာကွယ်ပြောဆိုခဲ့သလို သူ့ခရီးစဉ်ဟာ လူသားချင်းစာနာမှုအကူအညီပေးရေး အထောက်အကူဖြစ်စေနိုင်တယ်လို့လည်း ပြောဆိုပါတယ်။ AP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
ရုရှားနိုင်ငံမှာရှိတဲ့ Great Vasyugan ရွှံ့နွံတောကြီးဟာ ဆွစ်ဇာလန်နိုင်ငံထက် အရွယ်အစား ပိုကြီးပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ မျှမျှတတဖြစ်အောင် ထိန်းညှိပေးတဲ့နေရာမှာ သစ်တောကြီးတွေလိုပဲ နွံတောတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါလှပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ် ငွေခြေစနစ် ကန့်သတ်၊ MyTel အရာရှိ သေနတ်နဲ့ ပစ်သတ်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံတောင်းဆိုချက် ပယ်ချခံရ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် စုစည်းတင်ပြထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ဝှဲကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီကြား မနေ့က တိုက်ပွဲပြင်းထန်ခဲ့သလို ဒီကနေ့လည်း အဲ့ဒီနေရာမှာ တိုက်ပွဲထပ်ဖြစ်တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့ပေါ်မှာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ KNDF က VOA ကိုပြောပါတယ်။ ဒီးမော့ဆိုမြို့ခံတွေ အစောပိုင်းကတည်းက တိမ်းရှောင်နေတဲ့နေရာမှာ တိုက်ပွဲဖြစ်နေပေမယ့် ဒေသခံတွေတော့ အထိအခိုက် မရှိခဲ့ပါဘူး။
ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေ လွန်ခဲ့တဲ့၂ ပတ် လောက်ထဲက နယ်မြေရှင်းလင်းနေပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေပြီး အဲဒီဒေသတဝိုက် စခန်းချ လှုပ်ရှားနေတဲ့အတွက် ကျေးရွာလေးရွာထက်မနည်းက ဒေသခံတွေ နေရပ် မပြန်ရဲကြဘူး ဖြစ်နေပါတယ်။
ကမ္ဘာကို အဓိကပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုံညထိလေ ျှာ့ချရေး ကမ္ဘာ့ ရည်မှန်းချက်တွေ ပြည့်မှီအောင်ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ နည်းပညာသစ်တွေ တမျိုးပြီး တမျိုးထွက်ပေါ်လာနေပါတယ်။
လာမယ့် ထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံ ဆုံးဖြတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတချို့ အမှုနဲ့ပတ်သက်ပြီး ပြောဆိုခွင့် စစ်ကောင်စီ ပိတ်ပင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့ စုစည်းတင်ပြထားပါတယ်။
“စုစုပေါင်း သုံးယောက်ဗျ ထိတာပေါ့နော်၊ ထိခိုက်ဒဏ်ရာရတာသုံးယောက်။ ယောက်ကျားလေးတွေပဲပေါ့၊ တအားကြီး-အသက်အန္တရာယ်စိုးရိမ်စရာတော့ မပါဘူးဗျ၊ တယောက်က ခြေထောက် ခြေသလုံးနားမှာ နှစ်ယောက်ထိတယ်ပေါ့၊ ပြီးတော့ တယောက်က ဒီလက်ဖျံအရိုးနားမှာ ထိတယ်။”(ရွှေလွိုင်ကော် ပရဟိတအသင်းသား)
အမှုပေါင်း ၁၁ မှုနဲ့ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယမြောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ သီးခြားစွဲတဲ့အမှုတွေကို ဒီနေ့ ကြားနာခဲ့ပြီး နှစ်ပတ်ခြားတခါ ကြားနာရေးကိုလည်း ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားသူကြီးက ပယ်ချခဲ့ပါတယ်။
ဥတုရာသီ ပြောင်းလဲမှုကြောင့် သဘာဝ ဘေးအန္တရာယ်ကြီးတွေကနေ ရှောင်ရှားနိုင်အောင် အီတလီနိုင်ငံက သုတေသီတွေ ကြိုးပမ်းနေကြပါတယ်။
စစ်အာဏာသိမ်းခံရတဲ့ မြန်မာ့အရေး သေချာကိုင်တွယ်ဖို့ ကန်လွှတ်တော် ဥပဒေမူကြမ်း တင်သွင်း၊ မြန်မာနိုင်ငံမှာ ငွေကြေးတန်ဖိုးထိုးကျတာ တားဆီးဖို့ ဗဟိုဘဏ် ကြိုးပမ်း၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ စုစည်းတင်ပြထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်နဲ့ ဒေသခံကာကွယ်ရေးအတွက် သင်တန်းတက်သူတွေအပါအဝင် ကိုဗစ်ဖြစ်ပွားသူ ၂၀၀ လောက်ရှိနေပြီး ဆေးဝါးနဲ့ကျန်းမာရေးထောက်ကူ ပစ္စည်းတွေလိုအပ်နေကြောင်း အကူအညီပေးသူက ပြောပါတယ်။
တရုတ်နိုင်ငံမှာ ဒီရက်ပိုင်း ပြသတဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲမှာ အနာဂတ်မှာ အသုံးပြုဖို့ရည်ရွယ်ထားတဲ့ စစ်လေယာဉ်တွေနဲ့ လျှပ်စစ်စွမ်းအင်သုံးလေယာဉ်တွေကို ပြသခဲ့ပါတယ်။ အေပီသတင်ကိုအခြေခံပြီးနန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်