ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ထယ်ဘွေးကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် အစောပိုင်းက ချင်းကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြား မနေ့ညပိုင်းကတည်းက တိုက်ပွဲဖြစ်နေပြီး အဖမ်းအဆီးတွေပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီပြန်လည်ထွန်းကားရေး မဟာဗျူဟာချနိုင်မယ့် ဥပဒေ NDAA ကန်သမ္မတ လက်မှတ်ထိုး၊ မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှုတားဆီးဖို့ အီးယူ အဆင်သင့်၊ နှစ်သစ်ကူးကာလ အိုးအိမ်စွန့်ပြေးရသူတွေ တိုးလာ၊ ဒီလို ၂၀၂၁ နောက်ဆုံးပတ် ထိပ်တန်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရန်ကုန်နဲ့ မန္တလေးနေရာတချို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေ အကြမ်းဖက်နှိပ်ကွပ်ခံရပြီးတဲ့နောက် လက်နက်ကိုင်ခုခံမှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံနေရာအနှံအပြားမှာ ဒီနေ့အထိ ဆက်ရှိနေပါတယ်။
Glasgow Climate Pact လို့သိကြတဲ့ COP26 ဥတုရာသီညီလာခံပါ သဘောတူညီမှုမှာ နိုင်ငံပေါင်း ၂၀၀ ကျော်သဘောတူ လက်မှတ်ထိုးခဲ့ကြပေမယ့် လက်တွေ့ အောင်မြင်တိုးတက်မှုကို စောင့်ကြည့်ရဦးမှာပါ။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေတာကြောင့် အဲဒီဒေသတဝိုက်ရွာတွေက ဘေးလွတ်ရာ ထွက်ပြေးနေကြသူ ၅၅၀ ကျော်ရှိတယ်လို့ ကရင်လူမှုရေးရာအဖွဲ့က ပြောပါတယ်။
ကမ္ဘာတဝှမ်းဥတုရာသီပြောင်းလဲမှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နေရာစုံက လူမှုဘဝထိခိုက်မှုတွေဖြစ်နေတဲ့အခြေအနေတွေကို စုစည်းတင်ဆက်ထားပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်လောဝ်တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် အေးခဲနေတဲ့ မြောက်ဝင်ရိုးစွန်းဘက်မှာ အပူချိန်တွေ အလျင်အမြန် တိုးလာနေပါတယ်။ အာတိတ်စက်ဝိုင်းအနီး Finland နိုင်ငံ Lapland ဒေသက Reindeer သမင်မွေးမြူရေးသမားတွေ အတွက်လည်း Reindeer သမင်တွေအတွက် အစာရေစာ ရှားပါးလာတာ ကြုံနေရတဲ့အကြောင်း အေပီသတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
“နေအိမ် ၂၆ လုံး အရှို့ခံရတယ်ခင်ဗျ။ မနေ့ မနက် ၇ နာရီလောက်က ၆ လုံးရှို့ တယ်။ နေ့လည် ၂ နာရီလောက်က တခါပြန်ပြီး ည ၁၁ နာရီလောက်မှာ တခါထပ်ရှို့တယ်။ စစ်သားတွေ စစ်ကြောင်းထိုးပြီးချိန်မှာ ကျနော်တို့ ရွာထဲ မီးလောင်တာ မြင် ရတယ်။ တိုက်ပွဲတွေ မရှိဘူး။ ကျနော်တို့ ရွာသားတွေ အကုန်ထွက်ပြေးနေရတာ။” (ဒေသခံရွာသား)
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ချင်းတွင်းမြစ်တလျှောက်သွားလာ ကင်းလှည့်နေတဲ့ စစ်ရေယာဉ်တွေပေါ်ကနေ ကမ်းပေါ်က ရွာတွေရှိရာဘက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် ကျေးရွာ ၇ ခုထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို အမေရိကန် ထပ်အရေးယူဖို့ လုပ်ဆောင်၊ ထိုင်းနယ်စပ် လေးကေ့ကော်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူအပါ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့ တင်ပြထားပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နယ် က နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ အဝတ်အစား၊ စောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာသူနာပြုဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရမှုအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးနဲ့ ကပ္ပိယတဦးတို့ ပစ်ခတ်ခံရမှုတွေဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒုံးတောကျေးရွာသားတွေ ပစ်ခတ်မီးရှို့ သတ်ဖြတ်ခံရတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချနေပါတယ်။ ကုလသမဂ္ဂက မြန်မာကိုယ်စားလှယ် ရွေးချယ်ရေး ဆုံးဖြတ်ချက်ချဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း သတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၃ မှုအတွက် ထောင်ဒဏ် ၄ နှစ် ကျခံဖို့ မန္တလေးတိုင်း အိုးဘိုထောင်တွင်းက အထူးတရားရုံးကနေ ဒီကနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ဘက်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်လို့ ဒုန်းတောကျေးရွာသား ၉ ဦး ကျည်ထိမှန်ပြီး အဲဒီနောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစုဝင်နဲ့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေကို စစ်ကောင်စီက ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက်ရဲ့ အခြေအနေ စိုးရိမ်ရဆဲ ဖြစ်ပါတယ်။
အင်္ဂလိပ်လူမျိုး၊ ဘီလျံနာသူဌေးကြီး Richard Branson နဲ့ အွန်လိုင်းကနေ ပစ္စည်းတွေ ရောင်းချတဲ့ Amazon ကုမ္ပဏီ တည်ထောင်သူ ဘီလျံနာသူဌေးကြီး Jeff Bezos တို့က သူတို့ပိုင် အာကာသယာဉ်တွေနဲ့ ပထမဆုံး အာကာသထဲ ခရီးထွက်ရင်း လမ်းသစ်တွေ ဖောက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ AFP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်မပါဘဲ အာဆီယံဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွေ ထပ်ကျင်းပ၊ ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရ NUG ငွေတိုက်စာချုပ်တွေ အရောင်းသွက်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် စုစည်းတင်ပြထားပါတယ်။
ကယားပြည်နယ်လွိုင်ကော်မြို့မှာရှိတဲ့ ဂရုဏာဆေးခန်းက ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မနေ့က ညနေ ၆ နာရီ ကျော်လောက်မှာ ပြန်လွတ်လာပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လောင်စာဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် သမ္မတ ဂျိုးဘိုင်ဒန်က ဆီဈေး ကျစေမယ့် အဓိက ခြေလှမ်းတရပ်ကို စတင်လိုက်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု ဝန်ထုပ်ဝန်ပိုးတွေ ဖြေလျော့သွားအောင် မဟာဗျူဟာကျ သိုလှောင်ထားတဲ့အရံ လောင်စာဆီတွေကို ထုတ်ရောင်းမှာပါ။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်