နယ်စပ်မှာဖြစ်ပေါ်နေတဲ့ AA ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့စစ်ရေးတင်းမာမှုတွေကြား လတ်တလော ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေရဲ့လုံခြုံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ သုံးနှစ်ကျော်လာတဲ့အချိန်အထိ မြန်မာနိုင်ငံက သတင်းသမားတွေ ပြည်ပကိုထွက်ပြီး စစ်ကောင်စီနဲ့ ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေကြား တိုက်ပွဲသတင်းတွေကိုသုံးသပ်ရင်း တချိန်တည်းမှာ သတင်းအရင်းအမြစ်တွေ ဘေးကင်လုံခြုံအောင် ဆက်ထိန်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။
NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ရိုဟင်ဂျာအခွင့်အရေး အကြံပေးပုဂ္ဂိုလ်အပါအဝင် လူ့အခွင့်အရေး အထူးအကြံပေးပညာရှင်တွေကို ထားရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုခံရမှုတွေကို အကြောင်းကြားနိုင်ဖို့နဲ့ မှတ်တမ်းရယူ ဖြေရှင်းပေးနိုင်ဖို့ တရားမျှတမှု ရအောင် ဖော်ဆောင်ပေးနေပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မြောက်ပိုင်း ကျေးရွာတွေက ဒေသခံ တသောင်းဝန်းကျင်လောက်ဟာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စစ်အာဏာသိမ်း(၃) နှစ်ပြည့်မှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက အာဏာသိမ်းနှစ်ပတ်လည် စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူတွေအတွက် အောက်မေ့ဘွယ်ဆုတောင်းခဲ့ကြသလို စစ်အာဏာရှင်စနစ် အပြီးသတ်အဆုံးသတ်ဖို့နဲ့ တန်းတူအခွင့်အရေး၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်လည်း တောင်းဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား အာချေးကမ်းခြေရောက် ရိုဟင်ဂျာတွေကို ရန်လိုတိုက်ခိုက် ပြန်မောင်းထုတ်နေတာတွေ ရပ်တန့်ပေးဖို့နဲ့ အွန်လိုင်းတွေကနေ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ရေး စုံစမ်း စစ်ဆေးပေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။
အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်ပို့မဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ယူတဲ့ မြန်မာ လေတပ်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က Lengpui လေဆိပ်မှာ ပြေးလမ်းချော်ပြီး လမ်းဘေးထိုးဆင်းသွားပါတယ်။
ကလေးငယ်တွေအပါအဝင် လူပေါင်းငါးထောင်ကျော် မီးဘေးသင့်ခဲ့ရတဲ့ စခန်း(၅) မီးလောင်ကျွမ်းမှုနောက်ဆက်တွဲ လူသားချင်းစာနာမှုအကူအညီတွေ စာသင်ကျောင်းတွေအပါအဝင် နေအိမ်တွေ ပြန်လည်တည်ဆောက်နေနိုင်ရေး ဝိုင်းဝန်းကူညီပေးကြဖို့NUG လူ့အခွင့်အရေးဒုဝန်ကြီးက တောင်းဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားရာက အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း(၅) မီးအကြီးအကျယ်လောင်ကျွမ်းမှုမှာ အိမ်ခြေတထောင်ကျော်နဲ့ စာသင်ကျောင်း ၂၀ကျော် မီးထဲပါသွားလို့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ မီးလောင်မှုနောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၆၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ အနည်းဆုံး သတင်းသမား ၃ ဦး ပါဝင်ခဲ့ပေမဲ့ နောက်ထပ် အများအပြား ကျန်နေသေးတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ အသုတ်လိုက် ဆက်တိုက် ထွက်လာခဲကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ အင်ဒိုနီးရှား နိုင်ငံကို ထွက်လာကြသူတွေကို ဒုက္ခသည်တွေ နေခဲ့ဖူးတဲ့ နေရာတွေမှာပဲ ပြောင်းရွေ့အခြေချဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေ စဉ်းစာနေပါတယ်။
မြန်မာနိုင်ငံကနေ အသုတ်လိုက် ဆက်တိုက် ထွက်လာခဲကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ တချို့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံမှာပဲ နေထိုင်ကြပေမဲ့ တချို့ကတော့ လှေတွေနဲ့ အင်ဒိုနီးရှား နိုင်ငံကို ထွက်လာကြပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်ခဲ့တာ နှစ်လလောက်ရှိလာပြီဖြစ်ပေမယ့် အခုချိန်ထိ ကျေးရွာအများစုက ရွာသူရွာသားတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။
မြန်မာကနေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့က မီဇိုးရမ်းပြည်နယ်၊ အိုက်ဇောမြို့ကို မနေ့ တနင်္လာနေ့က ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒုက္ခသည်စခန်းတွေထဲနှစ်နဲ့ချီ ခိုလှုံနေထိုင်နေရတဲ့ ရိုဟင်ဂျာတွေအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေ ပိုတိုး လုပ်ဆောင်ပေးပါလို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက တောင်းဆိုလိုက်ပါတယ်။
မိခင်နဲ့အတူ အကျဉ်းကျခံနေရတဲ့ ကလေးငယ်တွေ အပါအဝင် အကျဉ်းသားအများအပြားဟာ ဆောင်းအအေးဒဏ်ခံနိုင်ဖို့ အဝတ်အထည်တွေ လိုအပ်နေတဲ့အပြင် စားသောက်ရေး အခက်အခဲပါကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေ ကပြောပါတယ်။
လွိုင်ကော်မြို့တွင်း ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေမှာ စစ်ရှောင်တချို့ နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်း ပြန်ယူတာမျိုး ရှိနေပေမဲ့ဲ့မကြာသေးခင်ကပဲ လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ကြုံလာတဲ့နောက် ကာကွယ်ရေးတပ်တွေက အဝင်အထွက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်