ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေထဲမှာ (ARSA) အာဆာလို လက်နက်ကိုင်အစွန်းရောက်အဖွဲ့တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့အတွက် အသက်အန္တရာယ်လုံခြုံရေးက အထူးစိုးရိမ်စရာဖြစ်လာနေလို့ ဒုက္ခသည်တွေ ကြောက်လန့်တုန်လှုပ်နေကြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ပင်လယ်ပြင်ခရီးကြမ်းကို ဖြတ်သန်းလာရပြီး အတိဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေပါသလဲဆိုတာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး မိုင်ရှင်းလင်းရေးလုပ်ငန်းနဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်နေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မြို့ခံအများစုက နေရပ်မပြန်နိုင်ကြသေးပေမယ့် တချို့သူတွေ စပါး၊ ပြောင်းနဲ့ မြေပဲတွေ ပြန်သိမ်းဆည်းနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြားမှာ အရပ်သား ထိခိုက်မှုတွေ ရှိလာပြီး၊ အဲဒီထဲမှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်း ပစ်ခတ်ခံရတာ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။
ကနေဒါခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေး ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့တာတွေကို NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက်ရာသီ လွတ်တော်လုပ်ငန်းတွေ မရပ်နားခင် ယူကရိန်းကို ဘီလျံနဲ့ချီ အကူအညီပေးရေးကိစ္စ သဘောတူနိုင်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေ အချိန်လု ကြိုးစားနေကြပါတယ်။ ယူကရိန်းကို အကူအညီပေးချင်တယ်ဆိုရင် နယ်ခြားလုံခြုံရေးအတွက် အသုံးစရိတ်ကိုလည်း အတည်ပြုရမယ်လို့အမတ်တချို့ကတောင်းဆိုနေပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ရှောင်သူ အရေအတွက် များပြားလာသလို၊ ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ဆို့ခံထားရလို့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ရခိုင်တပ်တော် AA က စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေအပြီး တကျော့ပြန် စစ်ရေးပဋိပက္ခ ပြင်းထန်လာနေချိန် လုံခြုံရေး လမ်းပမ်းဆက်သွယ်ရေး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ရှိနေတဲ့အတွက် နဂိုကတည်းက အသွားအလာကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာမူဆလင်တွေ အတော်လေး အခက်အခဲဒုက္ခတွေကြုံနေရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၂၈ ရက်မြောက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာ ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းတပ်အကြား ၃နေရာ တိုက်ပွဲဖြစ်ပွားကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြား လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဒဏ်ကြောင့် လွိုင်ကော်မြို့ကို စွန့်ခွာပြီး ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို အခုရက်ပိုင်းအတွင်း အသစ်ထပ်မံ ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် တစ်သောင်းလောက်ရှိနေပြီလို့ ဆီဆိုင်မှာ စစ်ရှောင်အရေးကူညီနေသူ တွေက ပြောပါတယ်။
မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ထောင်ကျပြီး လွတ်ရက်စေ့သွားတဲ့ အလုပ်သမားအဖွဲ့ချုပ် MICS ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ပြန်ဖမ်းဆီးပြီး နောက်တကြိမ် ထောင်ဒဏ် (၇) နှစ် ထပ်ချလိုက်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ တစ်လေးလုံး စစ်ဆင်ရေး ၅ ရက် မြောက်နေ့မှာ လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွါးနေပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးအရ ကျရှုံးနေပြီး လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ဒီကနေ့ တနေ့လုံး တောက်လျှောက် တိုက်ခိုက်နေတာပါ။
ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့ ၄ ရက်မြောက်နေ့အထိ လွိုင်ကော်တက္ကသိုလ် အပါအဝင် နေရာအနှံ့မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေပါတယ်။
သိန်းချီတဲ့ ရိုဟင်ဂျာတွေထဲက "တထောင်"စမ်းသပ်ပြန်ပို့မယ့်ရှေ့ပြေးစီမံချက်တောင် အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သေးချိန် မိမိတို့နေရပ်ကို အကြောင်းမျိူးစုံနဲ့ ပြန်သွားသူတချို့ကို ခိုးဝင်တံဆိပ်တပ်ပြီး ထောင်ချအရေးယူအပြစ်ပေးနေတာက ထပ်ပြီး လူ့အခွင့်အရေးချိူးဖောက်မှုပါပဲလို့ ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ပေါ်မှာ စစ်ပွဲတွေဖြစ်လာတာကြောင့် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တကြောမှာ တရုတ်က လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပါတယ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အပေါ် ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦးဘက်က တုန့်ပြန်ထားပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေကို အခွန်နဲ့ငွေကြေးပိုင်း သက်သာခံစားနိုင်ခွင့်တွေပေးဖို့ စစ်ကောင်စီက စီစဉ်နေပြီး ပြင်ဆင်မှုတွေလည်း လုပ်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူတွေ အတွက်လည်း ပြည်တွင်းကို ငွေပြန်ပို့ ရာမှာ သက်သာခွင့်ပေးဖို့ပါ ပြင်ဆင်နေတယ်လို့ပြောပါတယ်။
ရုရှားကျုးကျော်စစ် အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဒီသီတင်းပတ် မြေထဲပင်လယ် Malta မှာကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တူရကီပါဝင်မယ့်အကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းနိုင်ငံက စာတိုက်တတိုက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရသလို အရပ်သားတချို့ သေဆုံးခဲ့ပါတယ်။
သိန်းချီတဲ့ရိုဟင်ဂျာတွေနေထိုင်ခိုလှုံရာ ဒုက္ခသည်စခန်းတွေထဲ လူဦးရေထူထပ်များပြား လွန်းလှပြီး အမိုးအကာမလုံလောက်တာ ခြင်လုံဇကာနဲ့ စောင်ခြင်ထောင်မလုံလောက်တာ အပါအဝင် တကိုယ်ရေသန့်ရှင်းမှုနဲ့ အများပြည်သူသုံးနေရာတွေမှာ မသန့်ရှင်းတာတွေကြောင့် ခြင်ယင်ပေါက်ဖွားမှုက များပြားနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်