ဒေသတွင်းမှာရော ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာပါ စားနပ်ရိက္ခာဖြတ်တောက်မှုတွေ အပါအဝင် အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရလို့ ပြည်ပကို ထွက်ခွာပြေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြရတဲ့ ထောင်ချီတဲ့ ရိုဟင်ဂျာတွေရဲ့ ပင်လယ်ပြင်လမ်းခရီးက ကြမ်းတမ်းပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ စံချိန်တင် အပူချိန်ပြင်းထန်လွန်းလှလို့ အရေးပေါ်အခြေအနေကြေညာပြီး စာသင်ကျောင်းတွေပါ ပိတ်ထားရသလို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာလည်း အပူလှိုင်းဒဏ် အပြင်းအထန်ခံနေရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
မကြာခင် မုတ်သုံမိုးရာသီစတင်လာချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် Bhasan Cher ကျွန်းဆီကို ဒီလထဲမှာပဲ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကဒုက္ခသည်တချို့ ရွှေပြောင်းနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
ဘေးအန္တရာယ်များတဲ့ ဘာဆန်ချာကျွန်းမှာ ရွှေ့ပြောင်းနေရာချခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေရှိပေမဲ့ ခရီးသွားခွင့် အသွားအလာကန့်သတ်မှုတွေနဲ့ ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ခံထားရသလိုအလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့အခြေအနေအတွေနဲ့ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
ရိုဟင်ဂျာတွေရဲ့ အရေးကို ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့- နိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဖြစ်ပေါ်လာဖို့ စုပေါင်းကြိုးပမ်းနေကြပါတယ်။ ရိုဟင်ဂျာတွေအားလုံးရဲ့ အသံ ကိုယ်စားပြုနိုင်ရေး ဝိုင်းဝန်းပါဝင်ပေးကြပါလို့ နိုင်ငံရေးအတိုင်ပင်ခံ အင်အားစု ဖြစ်ပေါ်လာရေး ဦးဆောင်လှုပ်ရှားသူတွေကတိုက်တွန်းပါတယ်။
ပထမအသုတ် ၃၃၀ ကို ရေကြောင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ဆောင်ပေးထားပြီး ထပ်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ရေလမ်းကနေတဆင့် ပြန်ပို့ဖို့ နှစ်နိုင်ငံစီစဉ်နေပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေမှာ စစ်ရေးအရေးနိမ့်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို နောက်ဆုံးရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ရေလမ်းကနေတဆင့် ပြန်ပို့ဖို့ နှစ်နိုင်ငံစီစဉ်နေပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ စံချိန်တင် များပြားလာနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှား အနောက်အာချေး (West Aceh) ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ကယ်ဆယ်ခဲ့ပြီးကယ်ဆယ်ရေးတွေ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ရိုဟင်ဂျာတွေရဲ့ ရုပ်အလောင်းတွေကို နေ့စဉ်လိုလို ဆယ်ယူနေရပါတယ်။
အင်ဒိုနီးရှား အနောက်အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ကယ်ဆယ်ခဲ့ပြီးကယ်ဆယ်ရေးတွေ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ရိုဟင်ဂျာတွေရဲ့ ရုပ်အလောင်းတွေကို နေ့စဉ်လိုလို ဆယ်ယူနေရပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းထဲ တသားတည်းဖြစ်စေရေး ဆောင်ရွက်ပေးပါဆိုတဲ့ အကြံပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က လက်မခံပယ်ချလိုက်ပါတယ်။
စားနပ်ရိက္ခာဖြတ်တောက်ခံထားရတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေရဲ့ ရာမာဒန်ကာလ ဥပုသ်ဆောက်တည်တာနဲ့ ဒုက္ခသည်စခန်းတွင်း ဝတ်ပြုဆုတောင်းမှုတွေအကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းပြီး ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီစဉ်ကနေ မဆုမွန် စုစည်းတင်ဆက်ပေးထားပါတယ်။
ကမ္ဘာတဝန်းက ဘီလီယံချီတဲ့ မူဆလင်တွေ ဥပုသ် ဆောက်တည်နေကြချိန်မှာ ကမ္ဘာအကြီးမားဆုံး ဒုက္ခသည်စခန်းကြီးလို့ တင်စား ခေါ်ဝေါ်ခံခဲ့ရဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာမူဆလင် သိန်းချီခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာတွေလည်း ဥပုသ်စောင့်နေကြပါပြီ။
မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေ VOA Rohingya Lifeline အစီအစဉ်ကနေ Hamid Hussain စီစဉ်တင်ဆက်ထားတဲ့သတင်းကို အခြေခံပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က စုစည်းတင်ဆက်ပေးထားပါတယ်။
နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးတွေဖော်ဆောင်ပေးဖို့ မလေးရှားလူငယ်ကွန်ရက် က တောင်းဆိုလိုက်ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအကြပ်အတည်းတွေနဲ့ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
တိုက်ပွဲတွေဖြစ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးရှောင်လို့မရ၊ ရခိုင်မြောက်ပိုင်းဘက်မှာလည်း ပြေးစရာမရှိဖြစ်နေတဲ့ ရိုဟင်ဂျာတွေအတွက် အသက်ဘေးအန္တရာယ် အထူးစိုးရိမ်နေရပြီး လူသားချင်းစာနာမှု ဆေးဝါးစားနပ်ရိက္ခာ ကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေတဲ့အခြေအနေဖြစ်နေပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံကို သွားလိုသူ မြန်မာနိုင်ငံသားတွေ ထိုင်းပြည်ဝင်ခွင့် ဗီဇာရရှိဖို့ လူကိုယ်တိုင်သံရုံးရှေ့တန်းစီပြီး ရက်ချိန်းယူတဲ့စနစ်ကို ဖျက်သိမ်းလိုက်တယ်လို့ ထိုင်းသံရုံးဘက်က ဒီနေ့ညနေပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်