အခု ပြဿနာ ဖြစ်ခဲ့တဲ့ ကိစ္စဆိုရင် နိုင်ငံရေးပါတီ ဘယ်နှစ်ပါတီရဲ့ ထုတ်ပြန်ကြေငြာချက် ဆိုပြီး တိတိကျကျ လုပ်သင့်ပါတယ်။
တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး တကယ် လက်မှတ်ရေးထိုးနိုင်တော့မလား၊ တိုင်းပြည်မှာ ဒီတစ်ခုပဲ အရေးအကြီးဆုံး ဖြစ်နေသလား၊ ဒီကိစ္စ ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကိစ္စ ဘိုင်မွန်တည့်နေ ထုတ်ဝေသူ ဒေါ်ကြူကြူဝင်းနဲ့ သူ့ခင်ပွန်း ဦးစံတင်တို့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို စာရေး တိုင်ကြားထားပါပြီ။ ခုလို မတရား အမှုဆင် စစ်ကြောနေတဲ့အပေါ် ယာယီ စာနယ်ဇင်းကောင်စီဘက်က ဘယ်လောက် ဖြေရှင်းပေးနိုင်မလဲ စောင့်ကြည့်ကြရပါလိမ့်မယ်။ သေခြာတာကတော့ အက်စ်ဘီ လို့ခေါ်တ
ဒါပေမယ့် ခုနောက်ပိုင်း အကြမ်းဖက်မှု ဖြစ်ပွားတဲ့ကိစ္စ အပါအဝင် အစိုးရရဲ့ တာဝန်ရှိမှုကို ဝေဖန်ထောက်ပြတာ ပြင်းထန် များပြားလာတဲ့အတွက် သည်းမခံတော့ပဲ သတင်းစာ ဂျာနယ်တိုက် တာဝန်ရှိသူတွေကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးတာ အပါအဝင် ခုလို ဖမ်းဆီး၊ နှစ်ရှည်ထောင်ဒါဏ်တွေချ ခြိမ်းခြောက်ဖို့ လုပ်လာတာလို့ ယူဆ နိုင်ပါတ
ပြောရရင် နိုင်ငံ့အကြီးအကဲ အထွတ်အထိပ် လို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုကြည့်ရင် သူ့အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး ဘာမှ အရေးယူနိုင်တာ မရှိသလို လုပ်နိုင်စွမ်းမရှိတာလဲ ပေါ်လွင်နေပါကြောင်း
၀န်ကြီး ဦးအောင်မင်း ဘာတွေ တောင်းပန်ထားသလဲ၊ အခုလို တောင်းပန်ဖို့ ဖြစ်လာရတဲ့ အကြောင်းက ဘာလဲ၊ ဒီ တောင်းပန်ရမှု နောက်ကွယ်မှာ ဘာအကြောင်းအချက်တွေ ရှိနေသလဲ၊ မြန်မာ့ ငြိမ်းချမ်းရေး ခရီးစဉ် ဘယ်ကို ဦးတည်နေသလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးမှာ သင်ရိုးညွှန်းတန်းက အဓိကပြဿနာလား၊ သင်ထောက်ကူပစ္စည်းလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီတဲ့ဆရာတွေ လုံလောက်အောင် ရရှိရေးက အဓိကကျတဲ့ ပြဿနာလားဆိုတာကို ဒီတပတ် ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာကို ကြွယ်ဝချမ်းသာတဲ့နိုင်ငံအဖြစ် မြင်ချင်ရင် တရုတ်အစိုးရ ဘာတွေလုပ်သင့်သလဲဆိုတာ တင်ပြဆွေးနွေးထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထပ်ပြီး ပြဋ္ဌာန်းဖို့လုပ်တာ ဘယ်လို ရည်ရွယ်ချက်လဲ ဆိုတာ ဦးစည်သူအောင်မြင့်နဲ့ ဒေါ်အင်ကြင်းနိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။
ကားတင်သွင်းမှု အခွန်ကောက်ခံတဲ့နှုန်းမြင့်မားမှု၊ ပြည်နယ် ပြည်မ တန်းတူအခွန်နှုန်းတား၊ စီးပွားရေးမဖွံ့ဖြိုးတဲ့ ချင်းပြည်နယ်လို ပြည်နယ်တွေမှာ လမ်းပမ်းဆက်သွယ်ရေးနိမ့်ကျမှု၊ ကားတင်သွင့်မူဝါဒတွေအကြောင်း လွှတ်တော်မှာ သက်ဆိုင်ရာ ဝန်ကြီးတွေရဲ့ ဆွေးနွေးမှုတွေအကြောင်း သုံးသပ်တင်ပြထားပါတယ်။
ဒီတပတ်အစီစဉ်အတွက် “တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ရဖို့ထက် ပဋိပက္ခတွေပြန်ပြီးဖြစ်လာနိုင်သလားဆိုတာ” ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး- မဘသအဖွဲ့ကြီးရဲ့ အရှိန်အဝါ ကြီးမားလာမှု၊ သမ္မတဦးသိန်းစိန်အစိုးရနဲ့တကွ လက်ရှိ နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့တို့က ဘသအဖွဲ့ကို တရားဝင်သဘောမျိုး အသိအမှတ်ပြုထားသလား-စတဲ့ အချက်အလက်တွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
ဒီတပတ် ပြည်တွင်းသုံးသပ်ချက် အစီအစဉ်မှာ “ဝနယ်မှာ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားနိုင်သလား” ဆိုတဲ့အပေါ် ဦးစည်သူအောင်မြင့်က ဆွေးနွေးတင်ပြထားပါတယ်။
၂၀၁၂ ခုနှစ်မှာ စာပေစိစစ်ရေးစနစ်ဖျက်သိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရလာပြီလဲ၊ ဘာတွေ ကြိုးစားဖို့ လိုနေသေးလဲဆိုတာ ဦးစည်သူအောင်မြင့်နဲ့ ဒေါ်အင်ကြင်းနိုင်တို့က ဒီတပတ် ဆွေးနွေးတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကနေ ဗုဒ္ဓဘာသာဝင်တချို့ရဲ့ အစွန်းရောက်တွေးခေါ်ပြုမူမှုတွေကြောင့် ဗုဒ္ဓဘာသာဝင်အချင်းချင်းကြားမှာပါ အကြမ်းဖက်မှုတွေ ဖြစ်လာလေမလားဆိုတာ ဒီသီတင်းပတ်မှာ ဦးစည်သူအောင်မြင့်နဲ့ ဒေါ်အင်ကြင်းနိုင်တို့က ဆွေးနွေးသုံးသပ်ထားပါတယ်။
အခုတလော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောဆိုချက်တွေဟာ၂၀၁၅ ရွေးကောက်ပွဲအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်နေပြီလားဆိုတာ ဒီတပတ်ဆွေးနွေးတင်ပြထားပါတယ်။
မြို့ပြစီမံကိန်း ပညာရှင်တွေနဲ့ လွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့ကြတဲ့ ရန်ကုန်မြို့ကို မြေအသုံးချမှုဇုံ (၁၁) ဇုံသတ်မှတ်ပြီး အဆောက်အဦးတွေ တည်ဆောက်ရင် ကောင်းမယ်ဆိုတဲ့အမြင် အောင်မြင်နိုင်မလားဆိုတဲ့အပေါ် ဦးစည်သူအောင်မြင့်နဲ့ ဒေါ်အင်ကြင်းနိုင်တို့ သုံးသပ်တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်