ပါတီ မဲဆွယ် စည်းရုံးရေး လုပ်ငန်း လုပ်ရာမှာ အစိုးရတာဝန်နဲ့ ခွဲခွဲခြားခြား လုပ်ကြဖို့ပါပဲ။ ဒီလို ဥပဒေ စည်းမျဉ်းတွေ ရှိနေပါလျက်နဲ့ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဟာ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်ပြီး ဆက်လုပ်ကိုင်နေကြတာပါ။
ဒါနဲ့ ပါတ်သက်ရင် အဖြစ်နိုင်ဆုံးကတော့ ကြိုတင်မဲနဲ့ မဲပေးထားပြီးသူတွေဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ မသမာမှုလုပ်ပြီး နောက်တစ်ကြိမ် မဲပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကြိုတင်မဲလက်မှတ် လူ ၃ သန်းစာလောက် ရိုက်နှိပ်ထားတယ် ဆိုတာကို သတိမမေ့ကြဖို့ လိုပါတယ်။
အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ လက်နက်ကိုင် အုပ်စု ဖြစ်တဲ့အတွက် ရဲစခန်းလောက်ကနေ ကိုင်တွယ်လို့ မရနိုင်ပါဘူး။ တပ်မတော်က တိုက်ရိုက် ကွပ်ကဲတဲ့ နယ်ခြားစောင့်တပ် တပ်စွဲထားရာ နယ်မြေဖြစ်လို့ တပ်မတော်ကပဲ တာဝန်ယူ ကိုင်တွယ်ပေးရပါလိမ့်မယ်။
ပြောရရင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မဲဆွယ် စည်းရုံးမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ရှိကြပုံ မပေါ်ပါဘူး။
တကယ်နေတဲ့ လူ အရည်အတွက်ထက် နေထိုင်ခြင်း မရှိတော့တဲ့ လူနာမည်က မဲစာရင်းမှာ ပိုများနေတယ် ဆိုတာ အလွန့်ကို စိုးရိမ်စရာကောင်းတဲ့ အချက်ပါ။ အတော် ကြောက်စရာ ကောင်းတဲ့ ကိန်းဂဏန်းပါ။ ဒီလို အခြေအနေမျိုး အခြား မြို့နယ်တွေမှာလည်း ရှိနိုင်ပေမယ့် ဘယ်သူမှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်းတော့ မရှိပါဘူး။
နယ်ခြားစောင့်တပ် ဆိုတာဟာလည်း တပ်မတော်ရဲ့ လက်အောက်ခံ ဖြစ်တာမို့ အဲဒီ နယ်မြေတွေမှာ မဲရုံဖွင့်၊ ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီနဲ့ အမတ်လောင်းတွေကို လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံးခွင့် ပေးဖို့ လိုပါတယ်။
လက်ရှိ မဲလက်မှတ် ရိုက်နှိပ်ထားတာဟာ လူဦးရေ သန်း ၄၀ နီးပါးစာလောက် ဖြစ်နေတာမို့ အပိုတွေ အလွန်များနေတာ တွေ့နိုင်ပါတယ်။ မဲပေးသူ ၃၂ သန်းလောက် ရှိတာမှာ မဲလက်မှတ် လူ ၈ သန်းစာလောက် ပိုရိုက်ထုတ်ထားဖို့ လိုသလား ဆိုပြီး မေးခွန်း ထုတ်စရာပါ။
ပြသနာက ဒီလို အရွယ်မရောက်သေးတဲ့ ၈ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ယောက်က ဒီလောက် ဆိုးရွားရက်စက်လှတဲ့ ပြစ်မှုမျိုး ဘာကြောင့် ကျူးလွန်ရသလဲ ဆိုတာပါ။
အခု မဲစာရင်းပါသူတွေကို မဲဆန္ဒရှင် သက်သေခံလက်မှတ် ကြိုတင် ထုတ်ပေးမယ် ဆိုတာမျိုးကတော့ အဲဒီထက် ပိုဆိုးပါတယ်။ ဘယ်သူတွေကို သက်သေခံ လက်မှတ် ထုတ်ပေးမယ် ဆိုတာကို ကော်မရှင်ကပဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တော့မှာမို့လို့ ဖြစ်ပါတယ်။
တစ်ခုတည်းသော ကျန်တဲ့ ပြသနာက တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လက်မှတ်ထိုးမယ့် အဖွဲ့ အရည်အတွက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေကြား သဘောမတူနိုင် ဖြစ်နေရတာပါ။
လတ်တလော ပြည်သူတွေ အနေနဲ့ ဘဏ်မှာ ငွေသွားအပ်ထားရင် တစ်နှစ် ၁၀ ရာခိုင်နှုန်းအောက်ပဲ အတိုးရပါတယ်။ လက်ရှိ ကျပ်ငွေတန်ဘိုးကျဆင်းမှုကို ကြည့်ရင် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဟာ ငွေဖေါင်းပွမှု နှုန်းကို လိုက်မမီဘူးဆိုတာ ထင်ရှားပါတယ်။
တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းဆိုတဲ့ လွှတ်တော် ဥက္ကဌ စစ်ဗိုလ်ဟောင်း လူပုဂ္ဂိုလ်တစ်ယောက်နဲ့ပဲ ရင်းနှီးသွားပြီး တိုင်းပြည်ရဲ့ တကယ့် အရေးကြီးတဲ့ တပ်မတော်နဲ့တော့ ဝေးကွာသွားတာ တွေ့မြင်ရပါတယ်။
ပြည်သူတွေ မျှော်ပေမယ့် မောတာပဲ အဖတ်တင်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ပါတီထောင် နိုင်ငံရေး မလုပ်ကြသလို၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီထဲ ဝင်၊ ပါတီရဲ့ ဦးဆောင်မှု ခံယူပြီး နိုင်ငံရေး ဘ၀ ဖြတ်သန်းတာမျိုးလည်း မလုပ်ကြပါဘူး။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဆိုတဲ့ နိုင်ငံရေး ဖျာတစ်ချပ် ဖန်တီးပြီး အဆင်သင့်လည်း ခင်းထားပြီးပါပြီ။ အဓိပ္ပါယ်ကတော့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာဟာ တပ်မတော်က တင်တဲ့ တစ်ယောက်ယောက် သမ္မတ ဖြစ်လာရေး ကူညီဆောင်ရွက်ပေးရမယ့် ဖျာတစ်ချပ်သာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတာရယ်၊ အဂတိလိုက်စားမှု ကြီးမားတာရယ်၊ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရ ဖြစ်စေ၊ လက်နက်ကိုင်တွေဆီက ဖြစ်စေ၊ ဘယ်သူ့ဆီကမဆို တရားဝင် သဘော သစ်နဲ့ သယံဇာတ တွေ ထုတ်ယူနိုင်တယ်ဆိုပြီး ပေါ်လစီ ချမှတ်ထားလို့ဖြစ်ပါတယ်။
တစ်ဖွဲ့ကဝင်မယ့် မဲဆန္ဒနယ်မြေကို တစ်ဖွဲ့က ရှောင်ရှားပြီး ပြည်နယ် တစ်ခုလုံးမှာ နှစ်ဖွဲ့ စုပေါင်း မဲဆွယ်စည်းရုံးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် NLD ထောက်ခံသူနဲ့ မဟာမိတ် တိုင်းရင်းသားပါတီ ထောက်ခံသူတွေ မဲမကွဲပြားပဲ အနိုင်ရဖို့ သေခြာသလောက် အခြေအနေ ဖန်တီးနိုင်ပါတယ်။
ခုအချိန် လုပ်နိုင်တာကတော့ ရွေးကောက်ပွဲဝင်မယ့် NLD နဲ့ ပါတီ တစ်ချို့ စုစည်းပြီး ပြည်သူတွေကို ဘယ်လို အသိပညာပေးရေးတွေ လုပ်သင့်သလဲ၊ ဘယ် မီဒီယာတွေကနေ တဆင့် လုပ်နိုင်မလဲ၊ လုပ်နိုင်မယ့် မီဒီယာတွေက လုပ်ကိုင်ပေးလာအောင် နည်းလမ်းရှာ ဆွေးနွေးရမှာဖြစ်သလို၊ အစိုးရဘက်က ခွင့်ပြုလာအောင်လည်း တောင်းဆိုကြရမှာ....
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ တိုင်းရင်းသား အခွင့်အရေးဆိုတာ ဝေးလို့ စစ်ဘုရင် မင်းဆက် တည်တံ့အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အဆင့်ပဲ ဖြစ်နေတာပါ။ အဲဒီအထဲမှာ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို သမ္မတ က ပဲ ခန့်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ကိုလည်း တိုင်းရင်းသားတွေက သဘောမကျကြပါဘူး။
တကယ်ဆိုတော့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အုပ်စုကို ထောက်ခံသူတွေက တစ်ဖက်၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အုပ်စုနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ထောက်ခံတဲ့ အုပ်စုက တစ်ဖက် ဘက်နှစ်ဖက်၊ အုပ်စု နှစ်စု ရဲ့ အကျိုးစီးပွား ပြသနာအဖြစ် ပေါ်လွင်ရမှာပါ။
အခု ပြင်ဆင်ချက်မှာတော့ သားမက်နဲ့ ချွေးမတွေကို ပယ်ဖျက်ပေးထားပြီး ကျန်တာကိုတော့ နဂိုအတိုင်း ချန်ထားတာ တွေ့ရပါတယ်။ ဥပဒေကြမ်းကို တပ်မတော်သားတွေက သဘောတူပြီး ပြင်ထားတဲ့အတိုင်း အတည်ပြုခဲ့တယ် ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် တားမြစ်ထားတာကနေ ပြောင်းလဲသွားဦးမှာ မဟုတ်ပါဘူး။
နောက်ထပ်ကြည့်ရှုရန်