မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းရတဲ့ အဓိက အကြောင်းအရင်းကတော့ အစိုးရ အသုံးစားရိတ် ဟာ ဝင်ငွေနဲ့ နှိုင်းစာရင် ပိုမိုများပြားနေပြီး ဘတ်ဂျက်လိုငွေ မြင့်မားနေလို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ- ဘင်္ဂလီ ပြသနာဟာ အခြားသော စစ်အာဏာရှင်တွေနဲ့ ပြည်သူတွေကြားက ပြသနာ၊ စစ်အာဏာရှင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြားက ပြသနာ တွေနည်းတူ အာဏာရှင်တွေ ချန်ထားရစ်ခဲ့တဲ့ ဆိုးမွေ တစ်ခုပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်စေချင်တဲ့ အဓိက အကြောင်းအရင်းကတော့ လာမယ့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံကို ပြင်ချင်လို့ပါပဲ။ အဲလို ပြင်နိုင်မှလည်း ရွေးကောက်ပွဲက ရလာမယ့် ရလာဒ်တွေကို “ပြင်ဆင်ပြီး ဖွဲ့စည်းပုံ” အတိုင်း အကောင်အထည် ဖော်နိုင်မှာမို့ ဖြစ်ပါတယ်။
ဒါကြောင့် ခု ပြသနာမှာ ကိုပါကြီးကို ဘယ်သူတွေက ဖမ်းဆီးပြီး ဘာကြောင့် စစ်တပ်ကို လွဲှရသလဲ၊ ဘယ်သူတွေက တောင်းယူခဲ့သလဲ၊ ဘယ်သူတွေက လက်ခံခဲ့သလဲ စတာတွေ ပြန်လည် စစ်ဆေးပြီး တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူပြဖို့ လိုပါတယ်။
၀ အဖွဲ့ ခုလို မြန်မာ့နိုင်ငံရေးထဲ ပါဝင်လာတာ ကောင်းတဲ့ အချက်လို့ ကောက်ချက်ချနိုင်ပါတယ်။ ၀ နယ်ပြသနာဟာ ရုရှနဲ့ ယူကရိန်းလို ဖြစ်သွားနိုင်တယ်၊ မြန်မာ့ အချုပ်အခြာ အာဏာ ထိပါးနိုင်ခြေ ရှိတယ် ဆိုတဲ့ ထင်မြင်ယူဆ ချက်တွေကိုလည်း မှေးမှိန် သွားစေမှာ ဖြစ်ပါတယ်
ပြသနာ ဖြစ်ပွားရတာဟာ အပြန်အလှန် စကားများ အခြေအတင် ငြင်းခုံလို့၊ ဆဲဆိုကြလို့ ဖြစ်ရတယ် ဆိုတာထက် သုံးရေ ခပ်လို့ ဖြစ်ရတာကိုတော့ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံက ရေရှားပါးမှု ပြသနာဟာ လူတွေကို ကိုယ်၊စိတ်၊နှလုံး ကျန်းမာရေး ထိခိုက်စေရုံမက အသက်ကိုပါ သေစေနိုင်ကြောင်း အခုဖြစ်ရပ်က သက်သေပြသလို ဖြစ်နေပါတယ်။
မြန်မာ အစိုးရအနေနဲ့ အခုလို အကျိူးဆောင် အဖွဲ့တစ်ဖွဲ့ ငှားရမ်းမှု သင့်တော်တယ်၊ မသင့်တော်ဘူး၊ အစိုးရ ပုံရိပ်ကောင်းအောင် လုပ်ဖို့ ပြည်သူ့ဘဏ္ဍာငွေ သုံးသင့်တယ် မသုံးသင့်ဘူး အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး......
ပြီးခဲ့တဲ့ မတ်လ ၂၇ တပ်မတော်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင် တိုင်းရင်းသားတွေ လက်မခံနိုင်ဘူးလို့ ငြင်းဆန်ထားတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မူ(၆) ချက် ဆုတ်ကိုင်ထားတယ် ဆိုပြီး ပြောဆိုတာတွေ......
၂၀၀၈ ဖွဲ့စည်းပုံ တစ်ခုလုံးကို ခြုံငုံကြည့်ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်၊တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင် စီမံခန့်ခွဲနိုင်၊ အရေးကြီးတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ဝန်ကြီးဌာနတွေကို ကိုင်တွယ်နိုင်ရုံမက၊ သူ သဘောမတူရင် ဖွဲ့စည်းပုံကို ပြင်လို့မရပါဘူး။
အစိုးရဘက်က ဝန်မခံပေမယ့် ဒီ အမြန်လမ်းမကြီးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်မှု လူသေဆုံးမှုတွေကို ကြည့်ရင် လမ်းပြသနာကြောင့် အများကြီး ဖြစ်ပွားတာ တွေ့နိုင်ပါတယ်။ လမ်းကို ခြောက်လမ်းသွား ခင်းထားရာကနေ တံတားကို ရောက်တဲ့အခါ လေးလမ်းသွားဖြစ်နေလို့ ဘတ်စ်ကား ချောက်ထဲ ထိုးကျသွားတဲ့ ဖြစ်စဉ်တွေ.....
မှန်ကန်တဲ့ မဲစာရင်း ရရှိရေးအပြင် မဲဆန္ဒနယ်မြေ သတ်မှတ်တာ၊ ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းတာ၊ မဲဆွယ်စည်းရုံးတာ၊ မဲရုံ တည်ဆောက်တာ၊ မဲရုံနဲ့ မဲရေတွက်တာကို စောင့်ကြည့်တာ၊ စွတ်စွဲပြစ်တင်မှုတွေ ပြုလုပ်ကြတာ စသဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပြသနာတွေ အများကြီး ကြုံကြရပါဦးမယ်။
အစိုးရလက်ထဲ ရှိနေတဲ့ မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု အဖြစ် ပြောင်းဖို့ မသေခြာ မရေရာ ဖြစ်သွားတာကလည်း ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အလားအလာ မကောင်းပါဘူး။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကြောင့် သတင်းမီဒီယာသမားတွေဟာ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အများစု လွတ်မြောက် လာကြပေမယ့် တစ်ချို့ကတော့ ရိုက်နှက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ သတင်းမီဒီယာ သမားတွေဟာ အာဏာပိုင်တွေရဲ့ ပစ်မှတ် ဖြစ်လာနေပြီလား
ဖြစ်နိုင်တာ တစ်ခုကတော့ ပြည်တွင်းမှာ အရက်၊ ဘီယာ ထုတ်လုပ်နေတဲ့ ဦးပိုင်လို ကုမ္ပဏီတွေက သူတို့ အကျိုးစီးပွား ထိခိုက်မှာစိုးလို့ ကန့်ကွက်တာ ဖြစ်နိုင်သလို၊ နှစ်ပေါင်းများစွာ အခွင့်ထူးရပြီး အရက်၊ဘီယာ၊ ဝိုင် တင်သွင်းခွင့် ရနေတဲ့ လက်တဆုတ်စာ ခရိုနီ တစ်စုက မနှစ်သက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခုလို ကျောင်းသား သပိတ်တိုက်ပွဲတွေဖြစ်၊ အစိုးရနဲ့ ကျောင်းသားတွေ တင်းမာမှု မြင့်တက်နေချိန်ရောက်မှ အမျိုးသားပညာရေး ဥပဒေ ကို အကြောင်းပြုပြီး ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပါဝင် ပါတ်သက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အခု တိုက်ပွဲဖြစ်စဉ်နဲ့ ပါတ်သက်ပြီး စဉ်းစားရမှာ နှစ်ချက်ရှိပါတယ်။ ပြည်ပ ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား ဆိုတာပါ။ အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်း မီဒီယာ (၆) ခုနဲ့ အင်တာဗျူး လုပ်ထားပြီး အခု ကိုးကန့်တိုက်ပွဲ ပြသနာတွေကိုလည်း ဖြေကြားထားပါတယ်။
အစိုးရဟာ ကေအိုင်အို ဦးဆောင်တဲ့ UNFC အဖွဲ့ကို ဆွေးနွေးဘက်အဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို၊ ကမ်းလှမ်းချက်မှာပါတဲ့ “အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်” ဆိုတဲ့ အချက်ကိုလည်း လက်ခံလိုစိတ် မရှိလို့ ဖြစ်နိုင်ပါတယ်။
ဒီပြသနာနဲ့ ပါတ်သက်ရင် အစိုးရဘက်က လိုအပ်ချက်ဟာ တွေ့ဆုံဆွေးနွေးရေး နဲ့ ပါတ်သက်ပြီး နွေးထွေးမှု မရှိတာပါ။ ကျောင်းသားတွေနဲ့ NNER အဖွဲ့ နေပြည်တော်ကို ရောက်ခိုက် စည်ပင်တည်းခိုရိပ်သာမှာ တည်းခိုဖို့ အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။
ထီကိုယ်စားလှယ်တွေကလည်း အက္ခရာစုံရလာတဲ့ ထီလက်မှတ်တွေကို အရင်ခေတ်ကလို ရိုးရိုးအတိုင်း မရောင်းပဲ အက္ခရာစဉ် အလိုက်စီထားတဲ့၊ စုထားတဲ့ အထုတ်လေးတွေ ပြန်ထုတ်ပြီး ရောင်းဖို့ ပြင်ဆင် ထုတ်ပိုးတာတွေ လုပ်ရပါတယ်။ ပြောရရင် ထီလက်မှတ်တွေဟာ ထီထိုးတဲ့ ပြည်သူတွေဆီ ရောက်ဖို့ ကြားမှာ ကုန်ကျစားရိတ်တွေ ရှိလာတာမျိုးပါ။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အပစ်အခတ် ရပ်စဲရေးဟာ မလွဲမသွေ လိုအပ်ပါတယ်။တစ်ဖက်ကို တစ်ဖက် စွတ်စွဲပြစ်တင်နေကြတာဟာ တတိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးကို အထောက်အကူမပြုရုံမက ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း နှောင့်နှေးစေမှာသာ ဖြစ်ကြောင်း
နောက်ထပ်ကြည့်ရှုရန်