ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က ကြိုးပမ်းသမျှ သဲထဲရေသွန် ဖြစ်မှာပါ။ ညီတယ် ဆိုရင် အနည်းဆုံးအဆင့် တပ်မတော်နဲ့ NLD မကျေလည်မှုတွေ ထပ်ဖြစ်ကြပါဦးမယ်။
အစိုးရအဖွဲ့သစ်ကို တပ်မတော်က ကြိုဆို လက်ခံယုံတင်မက၊ အဲဒီ အစိုးရသစ် တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ စီမံခန့်ခွဲ နိုင်အောင် အာမခံချက်ပေး၊ အပြည့်အ၀ ကူညီပေးရပါလိမ့်မယ်။
ဒီစာအုပ်ကနေ ပေးတဲ့ သင်ခန်းစာကတော့ မြန်မာနိုင်ငံကို နောင် ဘယ်သောအခါမှ စစ်အာဏာရှင် စနစ် ပြန် ရောက်မလာစေရေး၊ စစ်အာဏာရှင် စနစ် ပြန် မရှင်သန်လာရေးပါ။
အင်န်အယ်လ်ဒီက ရွေးချယ် တင်မြှောက်မယ့် ဒီသမ္မတ ဟာ တိုင်းပြည် အထွဋ်အထိပ် တာဝန် ယူမယ် ဆိုတာထက် အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမယ့်သူ ဖြစ်ဖို့ ပိုပြီး အဓိက ကျပါတယ်။
ဖမ်းမိတဲ့ တရားခံတွေကို စစ်ဆေးဖော်ထုတ်ချက်တွေအရ အဲဒီ လက်နက်ခဲယမ်းတွေကို ပြင်ဦးလွင် လမ်းကြောင်းကနေ ၈ ကြိမ်၊ ကရင်ပြည်နယ် ဘားအံ လမ်းကြောင်းကနေ ၁၀ ကြိမ် စုစုပေါင်း ၁၈ ကြိမ် ရန်ကုန်ကို ကိုယ်ပိုင်ကားတွေနဲ့ သယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တကယ့်တကယ် ဖြစ်သင့်တာကတော့ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ အာဏာလက်လွှတ်ရတော့မယ့် အစိုးရအဖွဲ့ သိက္ခာ ထပ်ကျအောင် ပြောဆိုနေမယ့်အစား၊ အခြားသော စကားလုံး အခြားသော နည်းနာတွေနဲ့ သတိပေးတာမျိုးက ပိုပြီး သင့်တော်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကရော၊ တပ်မတော်ဘက်ကပါ နှစ်ဖက်စလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာပြီး အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှသာလျင် ဒီမိုကရေစီ ပန်းတိုင်ဆီ သွားရာလမ်း ဖြောင့်ဖြူးနိုင်မှာ ဖြစ်ပါကြောင်း
စစ်ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ အသက် ၆၀ ပြည့်သည့်တိုင် ပင်စင်မယူပဲ နေလို့ရတယ် ဆိုထားပြန်လေတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အနေနဲ့ သူ့ဖာသာသူ အနားမယူမချင်း ဖွဲ့စည်းပုံအရဖြစ်စေ၊ ဥပဒေအရ ဖြစ်စေ၊ သမ္မတ က ဖြစ်စေ အနားယူအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတဲ့ အဖြေ သွားထွက်ပါတယ်။
အရေးကြီးတာကတော့ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးဆိုတာကို တပ်မတော်နဲ့ ကြိုတင်သဘောတူညီချက် မယူပဲ ကံစမ်းမဲထိုးသလို သွားပြီး စိန်မခေါ်မိဖို့ပါပဲ။
သမ္မတ ဦးသိန်းစိန် ဘက်မှာ တန်ခိုးကြီးလာတဲ့ ဝန်ကြီး ဦးစိုးသိန်းနဲ့ အုပ်စုဟာ လွှတ်တော်ထဲ ရောက်သွားတဲ့ ဝန်ကြီးဟောင်းတွေနဲ့ ခရိုနီအုပ်စုတွေကို အရင်ခေတ်တုန်းကလို အခွင့်ထူးတွေမပေးတော့ပါဘူး။ ဒီလိုနည်းနဲ့ အခွင့်ထူးမရတော့တဲ့ လွှတ်တော်ဘက်က ခရိုနီ အသိုင်းအဝိုင်း အုပ်စု အစိုးရဘက်ကို အမျက်တော်ရှပါတယ်။
ပြည်သူတွေက ဘယ်လိုပဲ ကန့်ကွက်ခဲ့၊ ကန့်ကွက်ခဲ့၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ အဲဒီ စီမံကိန်းကို သူနဲ့ နီးစပ်တဲ့ ကုမ္ပဏီကို တာဝန်ပြန်ပေးပြီး သူ့လက်ထက်မှာ မရ အရ ဇွတ် အကောင်အထည် ဖော်သွားမယ် ဆိုတဲ့ သဘော မြင်တွေ့နေရပါပြီ။
ဒီလို အခြေအနေမျိုးမှာ ခုလို ပြည်ထောင်စုထဲက ခွဲထွက်မယ် ဆိုတဲ့ အယူအဆမျိုး ပြန်ပေါ်လာတာဟာ အဆိပ်အတောက် တစ်ခုလို ဖြစ်နေမှာကတော့ သေခြာပါတယ်။ ဒီအယူအဆ စွဲကိုင်ခြင်းဟာ ကချင်တိုင်းရင်းသားတွေအတွက် မကောင်းသလို ပြည်ထောင်စု အတွက်လည်း ကောင်းကျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။
မြန်မာ့နိုင်ငံရေးဟာ တိုက်တာ ခိုက်တာတွေထက် တွေ့ဆုံဆွေးနွေး၊ ပြည်သူတွေကို စည်းရုံး ဆိုတဲ့ ဘက်ဆီကို ပြောင်းစ ပြုလာနေပါပြီ။
တရားမဝင် ကုန်သွယ်ရေး ထိန်းချုပ်ဖို့လုပ်တာ ဘာကြောင့် မအောင်မြင်သလဲ ဆိုတဲ့အကြောင်း ဒီတပတ်မှာ ဆွေးနွေးထားပါတယ်။
ဖားကန့်ဒေသမှာ စက်ယန္တယားကြီးတွေသုံးပြီး ကျောက်စိမ်းတူးဖော်နေတာ၊ မြေသယ်ယာဉ်တွေနဲ့ မြေစာတွေသယ်ယူသွားတာတွေအပြင် လုပ်ငန်းခွင်အန္တရာယ်ကြောင့် မြန်မာအလုပ်သမားတွေ ရာနဲ့ချီသေဆုံးနေရတာတွေကြောင့် လက်ရှိပုံစံနဲ့ ကျောက်စိမ်းတူးဖော်ခွင့် ပြုသင့်သေးသလားဆိုတာကို ဦးစည်သူအောင်မြင့်က တင်ပြပေးထားပါတယ်။
တကယ့်တကယ် ဖြစ်သင့်တာက အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး၊ အခွန်ရလိုတဲ့ ပမာဏ၊ ပြည်သူတွေရဲ့ လိုအပ်ချက်၊ မြန်မာပြည်ရဲ့ လမ်းအနေအထား စတာတွေ တွက်ချက်ပြီး တိုင်းပြည်က လိုအပ်တဲ့ ကားအမျိုးအစား၊ အရည်အတွက်တွေကို လျာထားပြီး အခွန်နှုန်းထား ခွဲခြား သတ်မှတ်ရပါမယ်။
အကြောင်းကတော့ ဒီကနေ့အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပဲ ဖြစ်ပြီး အင်န်အယ်လ်ဒီ လို ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ ဖြစ်ပွားတာ မဟုတ်လို့ပါပဲ။
အဲဒီ ပြက္ခဒိန်မှာ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး အရင် ပါလီမန် ဒီမိုကရေစီ ခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ခေတ်က ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်စာတန်းတွေမှာ ပါတဲ့ စာသား တစ်ချို့ကို ကောက်နှုတ် ဖော်ပြထားပါတယ်။
ဒါပေမယ့် ဝန်ကြီးဦးအောင်မင်းနဲ့ အစိုးရအဖွဲ့ဘက်က အဲလို မလုပ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ပါတီပေါင်း ၉၀ ကျော်ရှိတယ် ဆိုပြီး ပြည်သူ ထောက်ခံမှု မရလို့ အမတ်တစ်ယောက်မှ အရွေးမခံရတဲ့ ပါတီက လူတွေကိုပါ ကိုယ်စားလှယ် စာရင်း ထည့်သွင်းတာမျိုး လုပ်ခဲ့ပါတယ်။
အစိုးရဘက်ကလည်း စစ်ရေးနည်းနဲ့ မဟုတ်ပဲ စေ့စပ်ဆွေးနွေး ညှိနှိုင်းတဲ့ နည်းကိုပဲ သုံးရမှာ ဖြစ်သလို၊ လက်နက်ကိုင်တိုင်းရင်းသားတွေ ဘက်ကလည်း ပြည်ပနိုင်ငံတစ်နိုင်ငံကို ပြည်တွင်း ပဋိပက္ခထဲ ဆွဲသွင်းဖို့ ကြိုးစားတာမျိုးဟာ အတော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။
နောက်ထပ်ကြည့်ရှုရန်