လက်ရှိ မြန်မာနိုင်ငံက မိသားစု ၁၀ သန်းကျော်ထဲမှာ လျှပ်စစ်မီး သုံးစွဲနိုင်တဲ့ မိသားစုဟာ ၃ သန်းတောင် မပြည့်သေးပါဘူး။
ဦးမြဝင်း ရှင်းပြချက်တွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အရင်အစိုးရလက်ထက်မှာ နိုင်ငံရေးရာထူး လက်ရှိ ရှိကြတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတွေ ရှိတယ်လို့ ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပေမယ့် အရင် လွှတ်တော်တွေဘက်က တစ်စုံတစ်ယောက်ကိုမှ အရေးယူဖို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း မရှိတာ သတိပြုမိနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေကို ပင်လုံ Agreement ပေါ်မှာ အခြေမခံဘူး၊ ပင်လုံ စိတ်ဓာတ် အပေါ်မှာပဲ အခြေခံမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
မူးယစ်ဆေးဝါး ထုတ်လုပ်တာကို နှိမ်နင်းရ ခက်ခဲသလို၊ ဖြန့်ဖြူးသူတွေကို ဖမ်းဆီးနှိမ်နင်းရတာလဲ ခက်ခဲပါတယ်။ အကြောင်းကတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ လုပ်ငန်းဟာ အမြတ်အစွန်း အလွန်ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဖြစ်ပါတယ်။
ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက လေ ဆိပ်ကို ရောက်ရောက်ခြင်း အစိုးရ အနေနဲ့ တိုင်းရင်းသားတွေ တောင်းဆို တာတွေကို လိုက်လျောရင် ငြိမ်းချမ်းရေးကိစ္စ အဆင်ပြေမယ် ဆိုပြီး ထုတ်ဖော်ပြော ဆိုပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုတဲ့ လူ့အခွင့်အရေးကို အကြောင်းပြုပြီး မလျော်တဲ့ အကြောင်းအရာတွေကို မဟုတ်မမှန် ဖန်တီးရေးသားနေကြလို့ လူမျိုးရေးနဲ့ ဘာသာရေး အဓိက ရုဏ်းဖြစ်အောင်၊ ဘာသာဝင် အချင်းချင်း၊ သံဃာတော် အချင်းချင်း၊ အထက်အောက် သံဃာ့အဖွဲ့အစည်း အတွင်း ပဋိပက္ခဖြစ်ပွားလာနိုင်တဲ့အတွက် ဆရာတော်ကြီးတွေ အနေနဲ့ သံဃာ့အဖွဲ့အစည်းအားလုံး ညီညွတ်မှုကို ပိုပြီး အလေး ထားဆောင် ရွက်သင့်တဲ့ အချိန်အခါ ဖြစ်တယ် ဆိုပြီး လည်း လျောက်ထားပါတယ်။
လွန်ခဲ့တဲ့ ၃-၄ နှစ်တာကာလ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကို ပြန်ကြည့်ရင် မြန်မာနိုင်ငံထဲမှာ ဘာသာခြားတွေ အပေါ် အမုန်းတရားထားတဲ့ ပြောဆို ပြုမူ လှုပ်ရှားမှုတွေ များပြားလာတာ၊ ဘာသာခြားတွေ အပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ ပေါ်ပေါက်လာတာ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ စတာတွေ တွေ့နိုင်ပါတယ်။
အစကတည်းက ပြေးဆွဲဖို့ မဖြစ်နိုင်တဲ့၊ ပြေးဆွဲဖို့ မလိုအပ်တဲ့ နေရာမှာ ငွေကုန်ကြေးကျ အများကြီး အကုန်အကျ ခံခဲ့တဲ့ စီမံကိန်း ဖြစ်လေတော့ နောက်ဆုံး ဆုံးရှုံးမှု ကြီးမားစွာနဲ့ ရပ်တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက မွတ်ဆလင် အသိုင်းအဝိုင်း ပြသနာရဲ့ မူလရင်းမြစ် တရားခံဟာ အရင် စစ်အာဏာရှင် အဆက်ဆက် ဖြစ်ပါတယ်။ အာဏာရှင် ဦးနေဝင်း လက်ထက်တုန်းကလည်း ၁၉၈၂ နိုင်ငံသား ဥပဒေ ပြဌာန်းခဲ့ပေမယ့် အဲဒီ ဥပဒေနဲ့အညီ ပြသနာကို တိတိကျကျ ဖြေရှင်းတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။
အခုနှစ် အောင်ပေးသူ အရည်အတွက် တစ်သိန်း ကိုးသောင်းကျော် ရှိပါတယ်။ ဒီအရည်အတွက်ရအောင် အောင်မှတ်ကို သတ်မှတ်ပေးလိုက်တာမျိုးပါ။ အောင်မှတ် ၄၀ ဆိုတာမျိုး မဟုတ်ပါဘူး။ အချို့သော နှစ်တွေမှာ ကျောင်းသားတွေ စာကောင်းကောင်းမတတ်၊ စာမေးပွဲလည်း ကောင်းကောင်း မဖြေနိုင်လို့ ဘာသာရပ်တစ်ချို့ရဲ့ အောင်မှတ်ကို အမှတ် ၂၀ အောက် ချပေးခဲ့တဲ့ အခြေအနေမျိုးတောင် ရှိခဲ့ဖူးပါတယ်။
ဒီ ဘက်စုံလမ်းမကြီးဟာ မြန်မာပြည်ကို အလယ်ခေါင်ကနေ ဖြတ်သန်းသွားမယ့် လမ်းမကြီးဖြစ်နေတယ်၊ တရုတ်ကို ဖေါက်လုပ် အသုံးပြုခွင့်ပေးလိုက်ရင် အချုပ်အခြာအာဏာ ထိခိုက်လာနိုင်တယ် စတဲ့ ဝေဖန်ချက်မျိုးစုံကြောင့် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။
စစ်တပ် ကျောထောက်နောက်ခံပြုပြီး အာဏာရလာတဲ့ ပါတီတစ်ခု၊ အာဏာလက်လွတ် ဆုံးရှုံးသွားချိန်မှာ အဖျက်အမှောင့်စကား၊ ဆန့်ကျင်စကားတွေ မပြောပဲ ဒီမိုကရေစီ နိုင်ငံတွေက ပါတီတွေလို အရှုံးကို လက်ခံတဲ့ ကောင်းမွန်တဲ့ စကားတွေ ပြောဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။
တကယ်တော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းစစ် ပဋိပက္ခ၊ တစ်နည်း နိုင်ငံရေး ပြသနာ ပြေလည်ရေး ဆိုတာ တစ်နေ့ တစ်လ၊ တစ်နှစ်နဲ့ ဖြေရှင်းလို့ ပြီးနိုင်တာမျိုး မဟုတ်ပါဘူး။ အချိန် ဘယ်လောက်ကြာမလဲ ဆိုတာကိုလည်း ဒီကနေ့ အချိန်ထိ ဘယ်သူမှ မမှန်းဆနိုင်သေးပါဘူး။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ဆက်ပြီး ရပ်တည်နေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်မှာ တိုင်းရင်းသား အရေး မဖြေရှင်းနိုင်တာဟာ စစ်အာဏာရှင် စနစ်ကြောင့်လို့ ပြောနိုင်ပါတယ်။
ပြည်တွင်းရေကြောင်းကနေ သင်္ဘောခရီးစဉ် ပြေးဆွဲပေးခြင်း မရှိလို့ ရခိုင်ပြည်သူတွေ အခက်အခဲတွေ့ခဲ့ကြောင်း
စစ်ဗိုလ်ချုပ်တွေ အရပ်သားအသွင်ပြောင်းပြီး တိုင်းပြည်အာဏာ ဆက်ယူရာမှာ အသုံးချဖို့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာကို စစ်တပ်ပိုင် အဖြစ် ဖွဲ့စည်းပေးသွားခဲ့တာပါ။
သမ္မတ ဦးသိန်းစိန် လက်ထက်က စထားခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံတွေ ဆက်လုပ်သွားပြီး အဲဒီကမှ တဆင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်အောင် ကြိုးစားသွားမယ်....
ဒီ အချိန်မှာ ကျောင်းသားတွေရဲ့ အဓိက တာဝန်ဟာ NLDအစိုးရ တည်ငြိမ်ရေးနဲ့ နိမ့်ကျနေတဲ့ ပညာရေးကို ပြန်လည်ထူမတ်နိုင်အောင် NLD အစိုးရကို အကူအညီပေးဖို့ ဖြစ်ပါတယ်။
လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ အချက်သုံးချက်ထဲကမှ အမြန်ဆုံး နည်းလမ်းတွေက စစ်တပ် ခေါင်းဆောင်တွေ ပါဝင်တဲ့ ကာလုံနဲ့ မတိုင်ပင်ပဲ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေပဲ လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်