အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ခွေးတွေအတွက် အိမ်တိုင်ယာရောက် လိုက်ပို့ပေးတဲ့ ခွေးထမင်းချိုင့်ပို့တဲ့ ဝန်ဆောင်မှု၊ ဂျပန်နိုင်ငံက ထူးခြားတဲ့ စက်ဘီးဂိုဒေါင်စတဲ့ နိုင်ငံတကာက ထူးခြားဆန်းပြားတဲ့သတင်းတွေကို ရှားဖောင် နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
သြစတေးလျနိုင်ငံမှာ စပါးအုန်းမြွေတကောင် ရုပ်မြင်သံကြား ဌာနတခုရဲ့ ရုံးခန်းထဲ ဝင်ခွေနေခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာတော့ ကောင်းကင်ကြိုးနဲ့ ဆိုင်းထားတဲ့ စားပွဲမှာ လူအများကြီး ညစာစားခဲ့ကြပါတယ်။ ရှားဖောင်နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြတားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက ကလေးတွေကို ပါကစ္စတန်ဘက် တရားမဝင်ပို့ဆောင်ပြီးတော့ အစ္စလာမ် ဘာသာရေး ပညာသင်ကြားပေးနေတဲ့ Madrassas ကျောင်းတချို့မှာ တာလီဘန်တွေ ရဲ့ နည်းလမ်းအတိုင်း ပညာသင်ပေးနေတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။ အကြောင်းစုံကို အေပီ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။
သီရီလင်္ကာနိုင်ငံမှာ ပင်လယ်ထဲ မျောသွားတဲ့ ဆင်၂ ကောင်ကိုဘယ်လိုကယ်တင်ခဲ့သလဲ။ ကမ္ဘာ့အမြန်ဆုံး ရေကူးသမား Michael Phelp ဟာ ငါးမန်းဖြူကြီးနဲ့ ရေကူးပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်တို့က တင်ပြပေးမှာပါ။
သာမန်အားဖြင့် မျက်မမြင်တွေဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးပြုဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု Bostonမြို့မှာတော့ အမြင်အာရုံ ချို့တဲ့သူတွေအတွက် အကူအညီပေးမယ့် GPS စနစ်သုံး blindways ဆိုတဲ့ app တခုရဲ့အကြောင်း Tina Trinh ရဲ့ဆောင်းပါးကိုတော့ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
လူ အတော်များများဟာ မနက်မိုးလင်းတာနဲ့ ကော်ဖီတခွက်သောက်လေ့ ရှိပါတယ်။ အဲဒီကော်ဖီတခွက်က တနေ့တာ ဖြတ်သန်းမှုအတွက်သာမက တသက်တာ ဖြတ်သန်းမှုအတွက်ပါ ကောင်းမွန်တဲ့ အထောက်အကူ ပေးနိုင်တယ်ဆိုတာကိုတော့ လေ့လာချက်သစ်တခုမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း Deborah Block ရဲ့ သတင်းဆောင်းပါးကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
တူနီးရှားနိုင်ငံက အာဏာရှင်စားသောက်ဆိုင်မှာ ထူးခြားတဲ့ အစားအသောက်တွေ မှာယူသုံးဆောင်နိုင်ပါတယ်။ ထိုင်းနိုင်ငံက ချောင်ဘူရီ ခရိုင်မှာ နှစ်စဉ်ကျင်းပနေကျ ကျွဲမောင်းပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ အခုလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ ရှားဖောင်တို့က တင်ပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အပြင်ဘက်နားက Del Ray ရပ်ကွက်မှာ အမုန်းတရား ပွားများစေတဲ့ နံရံကပ်စာစောင်တွေ အခုတလော ပျံ့နှံ့နေတာကြောင့် ဒီကိစ္စကို ကြီးထွားမလာအောင် သိုသိုသိပ်သိပ် ထိန်းသိမ်းနေရပါတယ်။ ဒီအကြောင်း Deborah Block သတင်းပေးပို့ထားတာ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ပြင်သစ် အလုပ်ရုံတစ်ခုမှာ စိတ်ဖိစီးမှု လျော့ပါးစေဖို့ ပစ္စည်းတွေ ချိုးဖျက်ဖောက်ခွဲတဲ့ နည်းကိုသုံးနေ၊ သြစတေးလျမှာ အိမ်ပြောင်းတဲ့အခါ ပစ္စည်းအကြီးကြီးတွေကို မီးရထား သုံးပြီး မပြောင်းဖို့ ရထားရဲက နှိုးဆော်၊ စတဲ့ ကမ္ဘာ့နိုင်ငံစုံက ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မရှားဖောင်တို့က တင်ပြပါမယ်။
ဆရာဝန်တွေဟာ သူတို့ရဲ့ လူနာတွေ ကို ကျန်းမာစေတဲ့ အစားအသောက်တွေ စားဖို့ တိုက်တွန်းအကြံပေးလေ့ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က ဆရာဝန်တယောက်က ကလေးတွေအတွက် ဘယ်လို ကျန်းမာစေတဲ့ အစားအသောက် ပြင်ဆင်ရမလဲ ဆိုတာက စပြီး သင်ကြားပေးနေပါတယ်။ Faith Lapidus ရဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်စီးပွားရေးနဲ့ အလုပ်အကိုင်
ဂျပန်နိုင်ငံက အမျိုးသားတဦးဟာ ဆီလီကွန် အရုပ်မတခုကို ဇနီးမယားအဖြစ်သတ်မှတ်ပေါင်းသင်းနေတဲ့အကြောင်းနဲ့ Hello Kitty ကြောင်ရုပ်ကလေးတွေကို ကမ္ဘာမှာ အများဆုံးစုဆောင်းတဲ့သူဟာ ဂျပန်ရဲဝန်ထမ်းဟောင်းတဦးဖြစ်တဲ့အကြောင်း ကမ္ဘာ့နိုင်ငံစုံက ထူးခြားဆန်းပြား သတင်းတွေကို ရှားဖောင် နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါလိမ့်မယ်။
အွန်လိုင်း ကျန်းမာရေးနဲ့ စမတ်ဖုန်းဆရာဝန်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ က လူတစ်ယောက်ဟာ လျှပ်စစ် မြက်ရိတ်စက်တစ်လုံးကို မေးစေ့ပေါ်တင်၊ လမ်းလျှောက်ပြခဲ့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်းဝင်သွားပါတယ်။ ထိုင်းနိုင်ငံမှာ အုန်းနို့နဲ့ လုပ်ထားတဲ့ မစင်တုံးပုံစံ ဂျယ်လီ ကျောက်ကျော ရောင်းကောင်းနေပါတယ်။
အီတလီ ရောမမြို့က လေထုအရည်အသွေးကို စိုးရိမ်သူ ဒေသခံတွေ အနေနဲ့ မြို့တော် အနှံ့သွားလာရင်း မီးခိုး နဲ့ ညစ်ညမ်းမှုတွေ ကို တိုင်းတာနိုင်တော့မှာပါ။ လေသန့်စင်မှုပမာဏကို ဘယ်လိုတိုင်းတာနိုင်မှာလည်းဆိုတာနဲ့ ပါတ်သတ်ပြီး Deborah Block က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နယူးယောက်မြို့မှာ နိုင်ငံတကာယောဂနေ့ဆင်နွှဲတော့ Time Square မှာ လူထောင်ပေါင်းများစွာ ယောဂ လေ့ကျင့်ခန်း လုပ်ခဲ့ကြပါတယ်။ ဘရားဇီးနိုင်ငံတောင်ပိုင်းက ခွေးကလေး Pituco ဟာ သူစားဖို့ အစာကို ကိုယ်တိုင် သွားဝယ်တတ်ပါတယ်။ ကမ္ဘာ့နိုင်ငံစုံက ထူးထူးခြားခြား သတင်းတွေကို ရှားဖောင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ပြထားပါတယ်။
သမ္မတ Trump နဲ့ ဖွဲ့စည်းပုံ ချိုးဖေါက်မှု စွတ်စွဲချက်
ပြင်သစ်လေယာဉ်မောင်းတစ်ဦး အင်္ဂလိပ်ရေလက်ကြားကို မော်တော်ယာဉ်ပျံနဲ့ ဖြတ်ပျံခဲ့တဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံက စားသောက်ဆိုင်တစ်ခုဟာ အစားအသောက်တွေကို လျှာအရသာအတွက်တင်မကဘဲ မျက်လုံးနဲ့ နား အရသာတွေအတွက်ပါ သုံးဆောင် နိုင်ဖို့စီစဉ်ထားတဲ့အကြောင်း မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်စစ်ပွဲမှာ အနိုင်ရနေတာ မဟုတ်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က ဒီသတင်းပတ်အတွင်း ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘက်ဂျက်ရေးရာ လွှတ်တော်ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။ VOA ပင်တဂွန် သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ အမျိုးသား တိရစ္ဆာန်ဥယျာဉ်ဟာပထမဦးဆုံး တိရစ္ဆာန် အာဟာရပညာရှင်ကို ခန့်ထားခဲ့တာ အနှစ် ၃၀ ရှိပါပြီ။ တိရိစ္ဆာန်တစ်ကောင်ချင်းစီအတွက် အာဟာရ ပြည့်ဝပြီး မျှတတဲ့ အစားအစာတွေကို လုပ်ပေးနေတာပါ။ Yahya Barzinji ရဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်