ကာတာ သံတမန်ရေးပဋိပက္ခ အမေရိကန်ပါဝင်မှု
ပဲရစ်မြို့အီဖယ်မျှော်စင်ကြီးပေါ်ကနေ တနာရီ ၉၀ ကီလိုမီတာ အမြန်နှုန်းနဲ့ zip line ကြိုးတန်းကနေ သွယ်ဆင်းနိုင်ပါပြီ။ ပဲရစ်မှာပဲ Drone Champion League အဝေးထိန်း ဒရုန်းယာဉ် အမောင်းပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံစုံက ထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့ တင်ပြပါလိမ့်မယ်။
မြန်မာ့ငြိမ်းချမ်းရေးနဲ့ USIP အကူအညီ
ထိခိုက်လွယ်တဲ့ တိုင်းပြည်များ၊ ဆာဟာရ ချက်ရေအိုင် မှ ဗမာပြည် Fragile States: From the Sahel to lake chad to Burma ဆိုတဲ့ ခေါင်းစဉ် နဲ့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု့ မှာ ဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ် လန်ဒန်တံတားပေါ်က အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုဟာ ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန် စင်ကာပူနိုင်ငံမှာလည်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ နောက်ဆုံးရက် ကျင်းပနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ Bill Ide သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။
သစ်ပင် ပန်းပင်မျိုးစုံနဲ့ ဝေဆာနေတဲ့ သစ်တောဘတ်စ်ကားလေးကို ထိုင်ပေမြို့လမ်းမတွေမှာ တွေ့ရပါလိမ့်မယ်။ ရုရှားနိုင်ငံမှာတော့ ဒိန်းမတ်က ဂီတအဖွဲ့တဖွဲ့ ရေအောက်မှာ သွားပြီး၊ ရေအောက်ထဲ တီးခတ်နိုင်တဲ့ ထူးခြားတဲ့ တူရီယာပစ္စည်းတွေနဲ့ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။ မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြတားပါတယ်။
သက်ကြီးရွယ်အို ကျန်းမာရေးနဲ့ အင်တာနက်ဝန်ဆောင်မှု
အမေရိကန် ရေတပ်စစ်တက္ကသိုလ် တခုမှာ ရေတပ်သားတွေ ချောဆီတွေသုတ်လိမ်းထားတဲ့ ကျောက်တိုင်ထိပ်ကို ရောက်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ လူတွေ ရဲ့ အရေပြားပေါ်မှာ အသံလှိုင်းပုံစံ ဆေးမှင်ကြောင်ထိုးပြီး အသံကိုနားထောင်လို့ရနိုင်ပါတော့မယ်။ ရှားဖောင်နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြတားပါတယ်။
၂၁ရာစု ပင်လုံ ဒုတိယညီလာခံမှာ စစ်တပ်ရဲ့ သြဇာလွှမ်းမိုမှုရှိနေသေးတဲ့အတွက် သတိကြီးကြီးထားပြီး အကောင်းဆုံးရလဒ်တွေ ရဖို့မျှော်လင့်ကြောင်းလေ့လာသူတွေ ပြောပါတယ်။ ၂၁ ရာစု ပင်လုံ အပေါ် ရန်ကုန် ဒေသခံအချို့ နဲ့ လေ့လာသူတချို့ ရဲ့ အမြင်ကို စုစည်းထားတဲ့ ရိုက်တာ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
လေပေါ်မှာ စက်မပါပဲ ပျံဝဲနိုင်တဲ့ တောင်ပံဝတ်စုံနဲ့ အမြင့်ပေ လေးသောင်းကျော်ကနေ ခုန်ချပြီး ကမ္ဘာ့စံချိန်ချိုးဖို့ ဗြိတိန်နိုင်ငံသားတဦး ကြိုးစားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကလေးတွေ ကျန်းမာသန်စွမ်းအောင်လို့ ဆူမို အငိုပြိုင်ပွဲ ကျင်းပပါတယ်။ မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြတားပါတယ်။
FBI ရဲ့ ညွှန်ကြားရေးမှူး James Comey ကို သမ္မတ ဒေါ်နယ်ထရမ့် အလုပ်ထုတ်ခဲ့ပြီးချိန်မှာ ဒီမိုကရက်အမတ်တွေ ရဲ့ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ ဖို့ ဒေါသတကြီး တောင်းဆိုမှု တွေကို ရီပါဗလစ်ကန် အမတ်တွေ ရင်ဆိုင်နေရပါတယ်။ အမတ်တွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာလည်း ဖိအားတွေ တိုးလာနေပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပထမဆုံးအကြိမ်အနေနဲ့ ခွေးတို့ရဲ့မာရသွန်ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက Key West ကျွန်းပေါ်မှာတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်တဲ့ စက်မဲ့ယာဉ်တွေကို စီတန်းလှည့်လည် ပြခဲ့ပါတယ်။ ထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြတားပါတယ်။
ထိုင်းနိုင်ငံ က ကြက်သားကင် ရောင်းသူ တစ်ဦး က နေရောင်ခြည် ကို သုံးပြီး ကြက်သား ဝက်သား တွေ ကင်နေပါတယ်။ ရောင်ပြန်ဟပ်နိုင်တဲ့ မှန် အသေးလေး ပေါင်း ၁၀၀၀ လောက်ကို သုံးပြီး ကြက်သားတွေ ကို ကင်နေတာပါ။
ဂျပန်နိုင်ငံမှာ လက်မှတ်တစ်စောင်ကို ဒေါ်လာ တစ်သောင်း အထိပေးရမယ့် ဇိမ်ခံရထားခရီးစဉ်တစ်ခု စတင်ပြေးဆွဲပါတယ်။ ဟောင်ကောင် ချန်ချောင်းပေါက်စီပွဲတော်မှာတော့ ပေါက်စီတွေကပ်ထားတဲ့မျှော်စင်ပေါ် လူတွေတွယ်တက်ပြီး ပေါက်စီလုခဲ့ကြပါတယ်။ ထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါလိမ့်မယ်။
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လျှပ်စစ်ကားတွေ ခရီးဝေးသွားနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိပေမဲ့ လျှပ်စစ်ကားတွေအပေါ် စိတ်ဝင်စားမှုကတော့ တိုးလာနေဆဲပါ။ ခရီးဝေးသွားနိုင်မယ့် ဘက်ထရီနည်းပညာ ထူးခြားပြောင်းလဲလာဖို့ မျှော်လင့်နေကြတဲ့အကြောင်း George Putic သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် စီလီကွန်တောင်ကြားတနေရာမှာတော့ လေထဲမှာ ဝဲပျံနေတဲ့ ယာဉ်ပျံတစီးကို တွေ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာပဲ ပြီးခဲ့တဲ့ ဆောင်းက မိုးများလို့ တောပန်းလေးတွေ အများကြီးပွင့်နေတာ အာကာသထဲကတောင် မြင်နေရတာပါ။ ထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါလိမ့်မယ်။
စက်မှုတော်လှန်ရေးစခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၂၀၀ ကစလို့ ပထမဦးဆုံးအကြိမ် ဗြိတိန်နိုင်ငံမှာ ကျောက်မီးသွေးစွမ်းအင် မသုံးခဲ့တဲ့နေ့ကို မှတ်တမ်းတင်လိုက်ပါတယ်။ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုတွေမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့အကြောင်း Henry Ridgwell သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိမ်ဂျယ်လိစ်မြို့တော်ထဲကနေ လော့စ်အိမ်ဂျယ်လိစ်မြစ်ဟာ နွေရာသီမှာ ရေခန်းခြောက်နေတတ်ပါတယ်။ တခြားမြို့ကြီးတွေက ရေလမ်းကြောင်းတွေလိုပဲ မြစ်ကြီး ပြန်လည် ရှင်သန်ရေး စေတနာဝန်ထမ်းတွေ က နှစ်စဉ်လုပ်ဆောင်နေကြတဲ့အကြောင်း Mike O’Sullivan ရဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ဆက်ပေးမှာပါ။
ပြင်သစ်အနုပညာရှင် Abraham Poincheval ဝပ်နေတဲ့ ကြက်ဥလေးတချို့ အကောင်ပေါက်လာပါပြီ။ ဆွစ်ဇာလန် နိုင်ငံမှာ လူတွေ ချာလီချက်ပလင်ပုံစံတူ ဝတ်ဆင်ပြီး ကမ္ဘာစံချိန် ချိုးဖို့ ကြိုးပမ်းတဲ့ ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းတို့က တင်ပြပါလိမ့်မယ်။
ပလက်စတစ်တွေရဲ့ အန္တရာယ်ကို လူတွေ သတိထားမိပြီး ပြောဆိုနေကြတာ ကြာပါပြီ။ သမုဒ္ဒရာထဲမှာ သေးငယ်လှတဲ့ ပလက်စတစ် တန် ၂၀၀ ကျော် ရှိနေတယ်လို့ လတ်တလော လေ့လာချက်တခုက ခန့်မှန်းထားပါတယ်။ ပင်လယ် ရေသတ္တဝါတွေ ပလက်စတစ်ကြောင့် ထိခိုက်မှုတွေ ဖြစ်နေတဲ့အကြောင်း Kevin Enochs သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်