၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက အွန်လိုင်း ဝါဒဖြန့်ချီမှုတွေကနေတဆင့် နှောက်ယှက်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ပြောပေမဲ့ အသစ်ထွက်ပေါ်လာတဲ့အစီအရင်ခံအရ အမေရိကန် တစ်နိုင်ငံပဲ ပစ်မှတ်ထားခံရတာမဟုတ်ပါဘူး။ Jesusemen Oni သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
မိုးပေါ်မှာ ပျံသန်းနိုင်မယ့် မိုးပံျအင်္ကျီအသစ်ကို အင်္ဂလန်က လူတဦး တီထွင်လိုက်ပါတယ်။ ကမ္ဘာ့အံဖွယ်တွေကို မှတ်တမ်းတင်တဲ့ Gunnies မှတ်တမ်းအဖွဲ့ကြီးက ကမ္ဘာ့စံချိန်နေ့ အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။ ဒီလိုကမ္ဘာ့နိုင်ငံစုံက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
လူတွေဒေါသထွက်တဲ့အခါမှာ စိတ်ကြိုက်ပေါက်ကွဲလို့ရအောင်လို့ ပစ္စည်းတွေ ချိုးဖျက်ပေါက်ခွဲနိုင်တဲ့ အခန်းတခန်း စင်ကာပူမှာ ပေါ်နေပါပြီ။ ဂျပန်မှာတော့ တကယ့်သက်ရှိခွေးလေးနဲ့တူတဲ့ စက်ရုပ်ခွေးလေးတွေကို ဆိုနီကုမ္ပဏီက တီထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင် တင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ဆယ်ကျော်သက် မူဆလင်ကောင်မလေး နဲ့ ရခိုင်ကောင်လေးတို့ရဲ့ဘဝ အနာဂတ် မျှော်မှန်းချက်တွေကိုအခြေခံပြီး “စစ်တွေ” လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်နိုင်ငံတဝန်းမှာ လိုက်လံပြသနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
မက်ဆီကိုနိုင်ငံ မက်ဆီကို စီးတီးမြို့တော်မှာ ကျင်းပတဲ့ La Catrina လှပသော အရိုးခြောက် ဆိုတဲ့ ပွဲတော်ကို လူထောင်ချီ လာရောက်ခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ Zombie ဆိုတဲ့ ဖုတ်ကောင်တွေက စက်ဘီးတွေနဲ့ စီတန်းလှည့်လည်ခဲ့ကြတာပါ။ ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါး လောက်မှာ တဝက်လောက်က ကလေးငယ်တွေ ဖြစ်တာကြောင့် စာသင်ကျောင်းတွေ ရှိနိုင်ဖို့နဲ့ တည်ငြိမ်ရေး အရေးကြီးတဲ့အကြောင်း ထောက်ပြပြောဆိုနေပါတယ်။ Steve Sanford ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
တိုကျိုမြို့တော်မှာ Blade library လို့ ခေါ်တဲ့ ခြေတုလက်တုဌားယူနိုင်တဲ့နေရာ ဖွင့်လှစ်လိုက်ပါတယ်။ ဒူဘိုင်းမြို့မှာတော့ ရဲတပ်ဖွဲ့က မိုးပျံမော်တော်ဆိုင်ကယ်ကို နောက်လာမယ့် ၂ နှစ်အတွင်း အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပတဲ့ ရွှေဖရုံသီးပြိုင်ပွဲမှာတော့ ပေါင်နှစ်ထောင့်သုံးရာကျော်လေးတဲ့ ရွှေဖရုံသီးကြီးက အမေရိကန်စံချိန်သစ် တင်သွားပါတယ်။ LA ဖက်ရှင်သီတင်းပတ်မှာ ခွေးတွေရဲ့ couture ဖက်ရှင်ပြပွဲလည်း ပါဝင်ခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ ရှားဖောင် တင်ပြထားပါတယ်။
ဒိန်းမတ်မှာ Lego အိမ်ဆောက်အရုပ်တုံးလေးတွေ ထုတ်တဲ့ကုမ္ပဏီဟာ Lego တုံး ၂၁ မျိုးဆင့်ပြီးဆောက်တဲ့ပုံစံနဲ့ကစားကွင်း ဆောက်ထားပါတယ်။ အမေရိကန် တောင်ဒါကိုတာပြည်နယ်မှာ ခွေးတစ်ကောင်က ကမ္ဘာ့လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်ဝင်သွားပါတယ်။ ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ ရှားဖောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသမှာရှိတဲ့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာမြန်မာနိုင်ငံကရွှေ့ပြောင်းအခြေချနေထိုင်သူ အများအပြားရှိပြီး အဲဒီထဲမှာ ရိုဟင်ဂျာ မိသားစု ၁၅၀ လောက်လည်း ပါဝင်ပါတယ်။ ကမ္ဘာတစ်ဖက်ခြမ်းကတင်းမာမှုတွေသူတို့အပေါ်မှာလည်းရိုက်ခတ်မှုတွေရှိနေတဲ့အကြောင်းကိုငြိမ်းချမ်း တင်ပြထားပါတယ်။
LED မီးလုံး တပ်ဆင်ထားပြီးတော့ ကွန်ပြူတာ နဲ့ ဆက်သွယ်နိုင်တဲ့ ဖိနပ်တစ်မျိုးကို ဂျပန် အင်ဂျင်နီယာတွေက မိတ်ဆက်လိုက်ပါပြီ။ တခြား မီးလင်းတဲ့ ရူးဖိနပ်တွေ ဈေးကွက်မှာ ရှိပေမဲ့ လည်း ဒီ ရူး ဖိနပ်ကတော့ တခြားဟာတွေ ထက်သာတဲ့အကြောင်း Deborah Block သတင်းပေးပို့ထားတာပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထွက်ပြေးလာနေတဲ့ အခြေအနေအပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့က ပြောဆိုပါတယ်။ တချိန်တည်းမှာ ဘာသာရေး လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ကြီးထွားလာမှာ စိုးရိမ်တဲ့အတွက် သူတို့ လုံခြုံရေးအတွက် စိုးရိမ်တဲ့အကြောင်း ပြောဆိုကြပါတယ်။
AK47 မောင်းပြန်သေနတ်တီထွင်သူကို ဂုဏ်ပြုတဲ့ရုပ်တု အောက်ခြေကျောက်ခုံမှာ ထည့်ပြတဲ့သေနတ် AK47 မဟုတ်ပဲ မှားသွားပါတယ်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ပေ ၁၀၀ ကျော် နတ်ဘုရားရုပ်ကြီးကို ဝါးလုံးတွေနဲ့ဆောက်ခဲ့ပါတယ်။ ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်တို့က တင်ပြပါလိမ့်မယ်။
ဂျပန်မှာ ပြေးဆွဲတဲ့ လော်ကယ်ရထားတစင်းမှာ ခရီးသွားတွေကို ချစ်စရာ ကြောင်လေးတွေက ခရီးဦးကြို ပြုခဲ့ကြပါတယ်။ Britain နိုင်ငံမှာ အင်္ဂလိပ်အစားအစာတမျိုးကို ဝက်အူကြောင်းတုံးတွေနဲ့ ပစ်ပေါက်တာ ပြိုင်ခဲ့ကြပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအေးသန္တာကျော်တို့ တင်ပြထားပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ အရိုးအကြောဝေဒနာသည်အိမ်မွေးတိရစ္ဆာန်လေးတွေကို တရုတ်ရိုးရာအပ်စိုက်နည်းနဲ့ ကုပေးနေပါတယ်။ ဗြိတိန်နိုင်ငံ ဝေလနယ်က မြို့လေးတမြို့မှာ ပရဟိတရန်ပုံငွေအတွက် မြောင်းထဲရေငုပ်ရေကူူးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ တူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအေးသန္တာကျော်တို့ တင်ပြထားပါတယ်။
မြောက်ကိုးရီးယားရဲ့ ပဲ့ထိန်း ဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်တွေ အပေါ်မှာ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ အမေရိကန် သမ္မတနဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးအကြား မတူညီတဲ့ သဘောထားအမြင်တွေ ရှိနေပါတယ်။ Bill Gallo သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဂျပန်နိုင်ငံမှာ အဖိုးခသက်သက်သာသာနဲ့ ကျင်းပတဲ့ ဈာပနအခမ်းအနားတွေမှာ သက်ရှိ ဘုန်းတော်ကြီးအစား စက်ရုပ်ဘုန်းကြီးတွေက ဘုရားစာရွတ် သရဏဂုံတင်ပေးနေပါတယ်။ Britain နိုင်ငံ ရွာလေးတရွာမှာတော့ ခြေမလှဲပြိုင်ပွဲဆိုတာကို ပြုလုပ်ခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ရှားဖောင် နဲ့ ကိုငြိမ်းချမ်းတို့ တင်ပြပေးပါမယ်။
Synthetic Polymers လို့ခေါ်တဲ့ ပလက်စတစ်တွေဟာ အိမ်သုတ်ဆေး၊ ပလတ်စတစ်ဗူး၊ မျက်မှန် နဲ့ ဒီဗီဒီတွေ လုပ်တဲ့ နေရာမှာ သုံးကြပါတယ်။ လမ်းလျှောက်နိုင်၊ လှုပ်ရှားနိုင်တဲ့ ပလတ်စတစ်တွေကို တီထွင်နိုင်ခဲ့မယ်ဆိုရင် ဘာတွေ ဖန်တီးနိုင်မလဲ။ Deborah Bloack ပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နှစ်စဉ် နွေရာသီရောက်တိုင်း ကမ္ဘာ့မြောက်ပိုင်း အာတိတ်ဒေသက ရေခဲဖုံးဒေသတွေ တဖြည်းဖြည်း နည်းလာနေပါတယ်။ အာတိတ်ဒေသ ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်း အတွက် ကောင်းနိုင်ပေမဲ့ ပိုလာဝက်ဝံတွေ အတွက်တော့ အခြေအနေဆိုးပါတယ်။ George Putic သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
Pokemon ဇာတ်ကောင်တကောင်ဖြစ်တဲ့ Pikachus အကောင်လေး ၁၀၀ ကျော်လောက် ဂျပန်နိုင်ငံ ယိုကိုဟာမားမြို့မှာ လျှောက်သွားနေတာပါ။ ပြင်သစ်ရေငုပ်သမားတယောက်ကတော့ ခြေထောက်နဲ့လက် သုံးစရာသိပ်မလိုတဲ့ အတောင်ပံပါ ရေငုပ်ဝတ်စုံကို တီထွင်ပါတယ်။ ထူးခြားဆန်းပြားသတင်းတွေကို ရှားဖောင် နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်