မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ရှိလာတော့မှာဖြစ်တဲ့အတွက် အမေရိကန် အစိုးရ၊ လွှတ်တော် နဲ့ တာဝန်ရှိသူတွေကို မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ရှင်းပြနေတဲ့အကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ပြောပါတယ်။
အမေရိကန် မှာ ခရီးဝေးသွားတဲ့ ကုန်ကားမောင်းသူတွေ လိုအပ်မှု များလာတာကြောင့် အာဖရိက က ရွှေပြောင်းနေထိုင်သူတွေ ကုန်ကားမောင်းဖို့ ပိုပြီး ဆွဲဆောင်လာပါတယ်။ အာဖရိကန်နွယ်ဖွား ကုန်ကားမောင်းသူတွေ နဲ့ အတူ ကားလိုက်စီးပြီး ဗီအီုအေ သတင်းထောက် Arzoum Komparoe သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။
စိတ်ဖိစီးမှုလျှော့ပါးအောင်ဆိုပြီး ပုဆိန်ပစ်ပေါက် စိတ်ဖြေလျော့တဲ့ နေရာတခု ဝါရှင်တန်ဒီစီမြို့တော်မှာ ဖွင့်လှစ်ထားပါတယ်။ အိန္ဒိယ ကျေးလက်အိုလံပစ်ပြိုင်ပွဲမှာတော့ အပြေးပြိုင်တဲ့ဆင်တွေ ပန်ကာနဲ့လေပေါ်ပျံဝဲတဲ့သူ၊ ဆိုင်ကယ်ကို မတ်တပ်ရပ်စီးတဲ့သူ တွေ့ရမှာပါ။ ကိုငြိမ်းချမ်းနဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
အနာဂတ်မှာ စက်ရုပ်လုပ်သားတွေ ဈေးကွက်ထဲကို ဝင်လာတဲ့အခါ ဘယ်လို မျိုး ဖြစ်လာနိုင်ပါသလဲ။ သူတို့ တွေ ဘယ်လို အလုပ်မျိုးလုပ်ပြီး လူ လုပ်သားတွေကရော အစားထိုးခံရမှာပါလား။ ဒီနှစ် အစောပိုင်း လူသုံးကုန် လျှပ်စစ်ပစ္စည်းပြပွဲက စက်ရုပ် တွေ ကြောင်း Elizabeth Lee သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ပြင်သစ်ရိန်းနောကားကုမ္ပဏီကထုတ်တဲ့ အလိုအလျောက်မောင်းလျှပ်စစ်ကား မှာ Virtual reality ဆိုတဲ့ ပုံရိပ်စစ်နည်းပညာကိုလည်း ထည်သွင်းထားပါတယ်။ အီဂျစ်က ပိရမစ်တွေဆီကိုတော့ ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသားနဲ့ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးတို့ ၂ ဦး အတူတူသွားလည်ကြပါတယ်။ ကိုငြိမ်းချမ်း နဲ့ မရှားဖောင်တို့က ပြောပြပေးမှာပါ။
Vitual Reality ပုံရိပ်စစ်လို့ ထင်ရတဲ့ နည်းပညာ ဂိမ်းတွေဟာ အနာဂတ်မှာ နေရာယူလာမယ်ဆိုတာ သံသယဖြစ်ရာမရှိပါဘူး။ VR ဂိမ်းနည်းပညာအတွေ့အကြုံ တွေကို ပြောင်းလဲစေမယ့် ဂိမ်းတခုကို ရုရှားကုမ္ပဏီ တစ်ခုက ဖန်တီးလိုက်ပါတယ်။ Kevin Enochs သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု Las Vegas မြို့က အီလက်ထရောနစ်ပစ္စည်းပြပွဲမှာ တိုင်ပတ်ကပြတဲ့ စက်ရုပ်အလှမယ်တွေကို ပြထားပါတယ်။ ရုရှားနိုင်ငံက Miass မြို့မှာတော့ တရုတ်ရိုးရာအစားအစာ ဖက်ထုပ်ပြတိုက် ဖွင့်လှစ်ထားပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ ရှားဖောင်တို့က ပြောပြပေးပါမယ်။
ဒုတိယကမ္ဘာစစ်အတွင်း အီတလီနိုင်ငံ တောင်ပိုင်း Sicily ကျွန်း ကမ်းတက်တိုက်ပွဲမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရဲ့ အသက်ကို ကယ်ခဲ့တဲ့ အမေရိကန် ခွေးတစ်ကောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ PDSA Dickin ဆုတံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။ Henry Ridgewell လန်ဒန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
Las Vegas မြို့မှာကျင်းပနေတဲ့ အကြီးဆုံး လူသုံးကုန် အီလက်ထရောနစ်ပစ္စည်းပြပွဲ CES မှာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေ၊ဝန်ဆောင်မှုတွေကို ခင်ကျင်းပြသနေပါတယ်။ Michelle Quinn သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းကပြောပြမှာပါ။
ထိုင်းဝန်ကြီးချုပ်ကိုယ်စား သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဖြေပေးမယ့်အရုပ်၊ လက်သည်းနီကို စက္ကန့်ပိုင်းအတွင်း အပြီးဆိုးပေးနိုင်တဲ့စက်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ ရှားဖောင်တို့က ပြောပြပေးပါမယ်။
တောင်ကိုးရီးယား နိုင်ငံမှာ Suneung လို့ခေါ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ကျောင်းသူကျောင်းသား ပေါင်း ၆ သိန်းကျော် ဝင်ရောက်ဖြေဆိုလေ့ရှိပါတယ်။ အဲဒီစာမေးပွဲအတွက် တစ်နိုင်ငံလုံး စာမေးပွဲဖြေဖို့ ဘယ်လို အားပေးကြသလဲ ဆိုတာ Euna Lee က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
မသန်စွမ်းသူတွေအထောက်အကူပြု လမ်းပြခွေးတွေကို အမေရိကန်ပြည်ထောင်စုက ကြောင်လေးတကောင်က သင်တန်းပေးနေပါတယ်။ ဘော့စနီးယားနိုင်ငံမှာတော့ ကလေးတစု စန္ဒယားတလုံးထဲကို တပြိုင်နက်ဝိုင်းတီးပြပြီး ကမ္ဘာ့စံချိန်တင်သွားပါတယ်။ ဒီလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
စားသောက်ဆိုင်နဲ့အိမ်တွေက သုံးပြီးသား ဆီကျန်တွေနဲ့ အလှမီးထွန်း Christmas ကိုကြိုဆိုတဲ့ ဂျပန်၊ ရေခဲပေါင် ၂ သန်းနဲ့ ဆောင်းရာသီ ရေခဲနန်းတော်ကြီးတခု ဖန်တီးပေးထားတဲ့ ဝါရှင်တန် ဒီစီ၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
၁၉၄၀ နှစ်ဦးပိုင်းတွေမှာ ဗြိတန်ဝန်ကြီးချုပ် Winston Churchill နာဇီဂျာမနီတွေကို ခံတိုက်ဖို့ ဗြိတိသျှတွေကို ဘယ်လို လှုံ့ဆော်ခဲ့သလဲဆိုတဲ့အကြောင်း ရိုက်ကူးထားတဲ့ Darkest Hour ရုပ်ရှင်ဒါရိုက်တာ Joe Wright နဲ့ သရုပ်ဆောင်Gary Oldman တို့ကို Penelope Poulou တွေ့ဆုံမေးမြန်းပြီးကိုငြိမ်းချမ်းကတင်ပြထားပါတယ်။
ကမ္ဘာ့အမြန်ဆုံးကျားသစ်တွေမျိုးတုန်းအန္တရာယ်ကို အများသိအောင်လုပ်တဲ့အနေနဲ့ လျှပ်စစ်ကားကို ကျားသစ်နဲ့ ပြိုင်မောင်းပြခဲ့ပါတယ်။ တောင်ပံတပ်လေပျံဝဲ၀တ်စုံဝတ်သူ နှစ်ဦး ပျံသန်းနေတဲ့ လေယာဉ်ပေါ် လေဟုန်စီးဝင်ပြခဲ့ပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
ရုပ်ရှင်ထိပ်သီးထုတ်လုပ်သူ Harvey Weinstein အမျိုုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ အမေရိကန် ထိပ်သီးလောကကို ရိုက်ခတ်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဟန့်တားနိုင်ဖို့ ပညာပေးသင်တန်းအကြောင်း Carolyn Presutti သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ မြန်မာနိုင်ငံခရီးစဉ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ ကြာသပတေးနေ့ကျရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ခရီးစဉ်အတွက် ပြင်ဆင်နေကြတဲ့ အကြောင်း အေဖက်ပီ နဲ့ ရိုက်တာ သတင်းဆောင်းပါးတွေကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ကနေဒါနိုင်ငံသားတယောက်ဟာ ကမ္ဘာငြိမ်းချမ်းရေးအတွက် နော်ဝေးကနေ ဂရိနိုင်ငံအထိ ကိုးလကြာ လှေလှော်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ စစ်သား ၅၈ ယောက်ဟာ ဆိုင်ကယ်တစင်းထဲကို စုပြုံတက်စီး ပြခဲ့လို့ ကမ္ဘာစံချိန်တင်သွားပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
ကျေးဇူးတော်နေ့ Thanksgiving အားလပ်ရက်မတိုင် အိမ်ဖြူတော်မှာ အမေရိကန် သမ္မတတွေ နှစ်စဉ် ကြက်ဆင်ဘေးမဲ့လွှတ်ပွဲ ကျင်းပလေ့ရှိပါတယ်။ ပြောစမှတ်ရှိတာ ကတော့ သမ္မတ Abraham Lincoln က ကြက်ဆင်တကောင်ကို ဘေးမဲ့ပေးတာကနေ ဒီပွဲ စခဲ့တာလို့ ဆိုပါတယ်။ Nikoleta Ilic ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဒူဘိုင်းမြို့မှာ ကျင်းပတဲ့ လေယာဉ်ပြပွဲမှာတော့ လေယာဉ်တစင်းက ကိုယ်ထည်ကို စိန်မှုံလေးတွေနဲ့ ဖြန့်ကြဲစီချယ်ထားတာပါ။ အဲဒီ ဒူဘိုင်းက ကားပြပွဲမှာပဲ ကားတစင်းကတော့ တကားလုံး ရွှေအစစ်နဲ့ ကွပ်ထားပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ ရှားဖောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်