Finland နိုင်ငံမှာ နိုင်ငံခြားဘာသာစကားသင်ကြားတဲ့နေရာမှာ စက်ရုပ်ဆရာတွေနဲ့ ကလေးတွေ ပိုအတတ်မြန်တယ်လို့ ဆိုပါတယ်။ Britain နိုင်ငံမှာတော့ ကမ္ဘာ့ချန်ပီယံ ဖန်ဂေါ်လီလုံးပစ် ပြိုင်ပွဲ ကျင်းပခဲ့တာ ဂျာမနီအသင်းက အနိုင်ရသွားပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
နှစ်စဉ်ကျင်းပတဲ့ အာကာသစူးစမ်းလေ့လာရေး ညီလာခံမှာ တက္ကသိုလ် အာကာသလေ့လာရေး အသင်းအဖွဲ့တွေ၊ NASA တာဝန်ရှိသူတွေ နဲ့ သိပ္ပံပညာရှင်တွေဟာ လကမ္ဘာစူးစမ်းရေးအတွက် စိတ်အားတက်ကြွစွာ ဆွေးနွေးခဲ့ကြပေမယ့် ဒါမျိုးဘယ်တော့ ဖြစ်မလဲဆိုတာကိုတော့ မဖြေခဲ့ကြပါဘူး။ George Putic သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ခန္ဒာကိုယ်လက်အင်္ဂါ၊ အကြား အမြင် အာရုံ၊ ဒါမှမဟုတ် စဉ်းစားဉာဏ် တခုခုမှာ အကူအညီလိုအပ်တဲ့သူတွေ သီးခြား အမှီအခိုကင်းကင်း လွတ်လွတ်လပ်လပ်နေနိုင်ဖို့ နဲ့ ပတ်ဝန်းကျင် မှာ ဝင်ဆန့်နိုင်စေဖို့ အထောက်အကူပြု ပစ္စည်းတွေ နဲ့ တီထွင်မှုတွေ ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ပြတိုက်တစ်ခုမှာ ပြသနေပါတယ်။
Think Tanks ပညာရှင်များ အဖွဲ့ဆိုတာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တွေ နဲ့ ပတ်သက်လို့ မူဝါဒအကြံဉာဏ်တွေပေးပြီး၊ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို အတွင်းကျကျ နားလည်စေဖို့အတွက် သုတေသန လုပ်ငန်းတွေကို ပညာရှင်တွေစုပေါင်း လုပ်ဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။
ဆွီဇာလန်က လက်ဝတ်ရတနာပြပွဲမှာ စိန်အလုံးပေါင်းတသောင်းနီးပါးနဲ့ ကိုကာကိုလာပုလင်းပုံပိုက်ဆံအိတ်ကို ပြထားပါတယ်။ ဒီနှစ်အီစတာပွဲတော်မှာတော့ ရွှေ ၁၈ ကာရက်နဲ့ ရွှေယုန်ကလေးတွေ အရောင်တလက်လက်ချောကလက်ဥကြီးတွေ ရောင်းနေပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ဝါရင့်ဥပဒေပြုအမတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု နဲ့ သတင်းထောက် အမျိုးသမီး ၄ ယောက်က စွပ်စွဲထားတဲ့ ကိစ္စကို လွှတ်တော်စုံစမ်းရေးအဖွဲ့က ပ လပ်လိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရုရှား သတင်းမီဒီယာဌာနတွေက လွှတ်တော်သတင်းထောက်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ Jamie Dettmer သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရုရှားသံတမန်အယောက် ၆၀ ကိုသူလျှိုလုပ်မှုနဲ့စွပ်စွဲပြီးတိုင်းပြည်ကနေတစ်ပတ်အတွင်းထွက်ခွာဖို့အမေရိကန် ပြည်ထောင်စုကအမိန့်ပေးလိုက်ပါတယ်။ ဗြိတိန်မှာနေထိုင်တဲ့ ရုရှားသူလျှိုဟောင်းနဲ့သမီးဖြစ်သူဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ခုလိုလုပ်ဆောင်လိုက်တာပါ။Cindy Saine ရဲ့သတင်းလွှာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ပေါ်တူဂီနိုင်ငံမှာကျင်းပတဲ့ ချောကလက်ပွဲတော်မှာ ဒေါ်လာတထောင်ကျော်တန်ချောကလက်ကို တွေ့ရမှာပါ။ ယူကရိန်းနိုင်ငံက အစားအလှဖန်တီးသူူတဦးကတော့ အစားအသောက်တွေကို အနုပညာလက်ရာမြောက်ဖန်တီးပြထားပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
သမ္မတနေရာမှာ အစားထိုးဖို့ သမ္မတရွေးကောက်ရာမှာ လိုအပ်တဲ့ အဆင့်တစ်ခုဖြစ်တဲ့ ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဦးဝင်းမြင့်အကြောင်းကို ကာလရှည်ကြာလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဧရာဝတီတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းကို မေးမြန်းထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် နုတ်ထွက်သွားပြီးနောက် ဒီနေ့မှာတော့ လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုက္ကဋ္ဌ နေရာတွေ အတွက် ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ို ပြည်သူအများဟာလည်း လက်ရှိ အပြောင်းအလဲအပေါ်မှာ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
Estonia နိုင်ငံမှာ အပူချိန်ရေခဲမှတ်အောက်ရောက်နေပေမယ့် ရေကူးပြိုင်ကြသူတွေကတော့ အဲဒီ ရေထဲမှာပဲ သူတို့ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ နော်ဝေးနိုင်ငံမှာတော့ နာမည်ကျော်ဥတ္တရအလင်းတန်းအောက်မှာ ဂေါက်ရိုက်ကြသူတွေလည်း ရှိပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ကလေးငယ်တွေ သင်ကြားရေး အထောက်အကူပြု နည်းပညာ သုံးပြီး ပညာ သင်ယူရာမှာ အဆင်ပြေစေဖို့ နောက်ဆုံးပေါ် ပညာသင်ကြားရေး ဆိုင်ရာ အထောက်အကူပြု ကိရိယာ တချို့ကို အပြင်လက်တွေ့ကမ္ဘာမှာရော၊ ပုံရိပ်ကမ္ဘာမှာပါ သုံးလို့ရအောင် ဖန်တီးထားပါတယ်။ Kevin Enochs သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အောက်ဆီဂျင် လေသန့်ထုတ်ပေးနိုင်တဲ့ ကားတာယာတမျိုးကို ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့ မော်တော်ကားပြပွဲမှာ ပြသပါတယ်။ ပီးရူးနိုင်ငံ လီမားမြို့က ဘောလုံးနည်းပြကတော့ အသက် ၉၂နှစ်အရွယ်အဖွားအိုတဦးဖြစ်ပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
လူတွေနေ့စဉ် အင်တာနက်ပေါ် တင်လိုက်တဲ့ ဘီလျံနဲ့ချီတဲ့ ဓာတ်ပုံတွေကို ကွန်ပြူတာနည်းတွေသုံးပြီး အချက်အလက်တွေရှာနိုင်သလို ကွန်ပြူတာ hacker တွေကလည်း ခိုးယူသုံးနိုင်ပါတယ်။ အစ္စရေးနည်းပညာကုမ္ပဏီကတော့ ဒီရန်ကို ကာကွယ်နိုင်တယ်လို့ ဆိုထားကြောင်း George Putic ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
၀ သူတွေအတွက် အလှမယ်ပြိုင်ပွဲကျင်းပတဲ့ ထိုငးနိုင်ငံမှာ လိင်ပြောင်းထားသူအလှမယ်တဦးပါ ဆုရရှိသွားပါတယ်။ အီတလီနိုင်ငံ မီလန်မြို့က Dolce & Gabbana ဖက်ရှင်ရှိုးကတော့ မော်ဒယ်တွေအစား Drone ယာဉ်တွေသုံးသွားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးရှိပြီးသား ဒူဘိုင်းမှာ အခုထပ်ပြီး ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ဆောက်လိုက်ပြန်ပါပြီ။ ဂရိမြို့လေးတမြို့မှာတော့ နှစ်စဉ်ကျင်းပနေကြ carnival ပွဲတော်နောက်ဆုံးနေ့အဖြစ် ဂံျုမှုန်တွေနဲ့ ဖြန်းပက် ကစားခဲ့ကြပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ကျည်ကာအင်္ကျ ီ ကိုဖောက်နိုင်တဲ့ ကျည်ဆန်တွေကို ကာကွယ်နိုင်တဲ့ အဆင့်မြင့်ကျည်ကာအင်္ကျ ီတွေ ပေါ်လာပေမယ့် ဒီအင်္ကျ ီတွေဟာသံမဏိ/ကြွေပြားတွေကို သုံးရတဲ့အတွက် လေးပါတယ်။ Czech Republic တက္ကသိုလ်က ကြွေထည်မြေအမျိုးအစားသစ်နဲ့အလေးချိန်လျော့ကျအောင် စမ်းသပ်နေပါတယ်။ Kevin Enochs ပေးပို့ထားတာကို ကိုငြိမ်းချမ်းကပြောပြမှာပါ။
ရခိုင်အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်လွှတ်တော်အတွင်း အရေးယူဒဏ်ခတ်ဖို့ အဆိုပြုတာတွေနဲ့ ပြင်ဆင်လာတာတွေ ရှိလာတာကြောင့် အမေရိကန် အစိုးရ၊ လွှတ်တော် နဲ့ တာဝန်ရှိသူတွေကို မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ အခြေအနေမှန်တွေ ရှင်းပြနေတဲ့အကြောင်း သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမြို့တော်မှာ အချိုကြိုက်တဲ့သူတွေစိတ်ကြိုက် အချိုပြတိုက်တခု ဖွင့်လှစ်လိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာတော့ တရုတ်နှစ်ကူးအထိမ်းအမှတ် မီးရောင်စုံအလှအပတွေ ထွန်းညှိထားပါတယ်။ ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူဒဏ်ခတ်မှု တွေ ရှိလာတော့မှာ ဖြစ်တဲ့အတွက် အမေရိကန် အစိုးရ၊ လွှတ်တော် နဲ့ တာဝန်ရှိသူတွေ ကို မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ရှင်းပြနေတဲ့ အကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးအောင်လင်း က ပြောပါတယ်။ကိုငြိမ်းချမ်းက မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်