ဟောင်ကောင်မှာ ပေါက်စီတွေ ချိတ်ဆွဲထားတဲ့ သုံးထပ်တိုက်အမြင့်တိုင်လုံးကြီးပေါ် တက်တဲ့ပြိုင်ပွဲ လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ တယောက်တည်းနေရတဲ့အမျိုးသမီးတွေကို စောင့်ရှောက်ဖို့ နည်းလမ်းကောင်းတခုရပါပြီ။ ဒီလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
မက္ကဆီကိုမှာနေတဲ့ ကမ္ဘာ့အသက်အကြီးဆုံးအဖိုးအိုက ၁၈၉၆ ခုနှစ်မှာမွေးတာမို့လို့ ဒီနှစ်ဆိုရင် ၁၂၂ နှစ် ပြည့်တော့မှာပါ။ ခြေနှစ်ဖက်ပြတ် တရုတ်အဖိုးယောက်ကတော့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ရောက်အောင် တတ်ပြနိုင်ခဲ့ပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
အမေရိကန်မှာ မီးရထားတွေကို ၁၈၂၈ ခုနှစ်က စတင်အသုံးပြုခဲ့တာပါ။ အမေရိကန်ရထားတွေဟာ အခုတော့ ခေတ်မီ၊ မြန်ဆန်လာပါတယ်။ အမေရိကန်ရထားသမိုင်းအကြောင်း Maxim Moskalkov သတင်းပေးပို့ထားပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန် နိုင်ငံသူ ရုပ်ရှင်သရုပ်ဆောင် Meghan Markle ကိုစင်ပေါ်က မင်းသမီးလေး တစ်ယောက်အဖြစ် သူ့ရဲ မွေးဇာတိ ဖြစ်တဲ့ အမေရိကန် နိုင်ငံ လောအိမ့်ဂျလိစ်မြို့ကလူတွေ မှတ်မိကြပါတယ်။ မေလ ၁၉ ရက်နေ့မှာ ကျင်းပမယ့်ဗြိတိသျှတော်ဝင်မင်းသား Harry နဲ့ Markle တို့ရဲ့ လက်ထပ်ပွဲကို ကမ္ဘာတဝန်းက စောင့်ကြည့်နေကြမှာပါ။
မေ ၁၃၊ ၂၀၁၈ - မြန်မာနိုင်ငံမှာ လာရောက်ထောက်ပံ့တဲ့ နိုင်ငံတကာဖွံဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ မှန်ကန်မှုရှိမရှိ စောင့်ကြည့်ဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ စောင့်ကြည့်အရပ်ဖက်အဖွဲ့အစည်း တခုဖြစ်တဲ့ BIC မြန်မာတာဝန် ကိုဝဏ္ဏထွန်း ကို ကိုငြိမ်းချမ်း တွေ့ဆုံမေးမြန်းထားပါတယ်။
အင်္ဂလန်က Legoland ကစားကွင်းမှာ Lego နဲ့ ဖန်တီးထားတဲ့ ဝင်ဆာရဲတိုက်ပုံစံငယ် နဲ့ မင်းသားဟယ်ရီရဲ့ မင်္ဂလာပွဲကို တွေ့နိုင်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံမှာ ၂၀၁၈ နွားဘုရင်မရွေးတဲ့ နွားဝှေ့ပွဲကို လူသောင်းချီ လာကြည့်တာပါ။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာလာရောက်ထောက်ပံ့တဲ့ နိုင်ငံတကာဖွံဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး နိုင်ငံတကာစံနှုန်းတွေနဲ့အညီ မှန်ကန်မှုရှိမရှိ စောင့်ကြည့်ဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ စောင့်ကြည့်အရပ်ဖက်အဖွဲ့အစည်း တခုဖြစ်တဲ့ BIC မြန်မာတာဝန် ကိုဝဏ္ဏထွန်းကို ကိုငြိမ်းချမ်း တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုင်းဆေးကျောင်းသားတွေက ကျေးဇူးသိတတ်တဲ့အနေနဲ့ လက်တွေ့သင်ခန်းစာမှာ သုံးရတဲ့ လူသေအလောင်းတွေကို ကန်တော့ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ Drone ယာဉ်ပေါင်း ၁၃၀၀ ကျော် စုပေါင်းပျံသန်းပြပြီး Guinness စံချိန်ချိုးသွားပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်ရာ နယ်စပ်နားက ဒုက္ခသည်စခန်းတွေဟာ မေလ နဲ့ ဇွန်လ မိုးရာသီရောက်ရင်တော့ မုန်တိုင်းမိုးတွေကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေနဲ့ ကူးစက်ရောဂါပိုး ပြန့်ပွားမှုတွေပါ ဖြစ်လာနိုင်တဲ့အတွက် အသည်းအသန် ပြင်ဆင်နေကြရပါပြီ။ Jason Patinkin သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဘင်္ဂလားဒေ့ရ်ှဖက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံထဲ ဂုဏ်သိက္ခာရှိရှိပြန်လာပြီး ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် မြန်မြန်ဆောင်ရွက်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကုလလုံခြုံရေးကောင်စီ သံတမန်အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။ ကိုငြိမ်းချမ်းက ပြောပြပါမယ်။
ကချင်ပြည်နယ်မှာ ပြင်းထန်လာတဲ့ ပဋိပက္ခရပ်တန့်ရေး ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ တောင်းဆိုဆန္ဒပြတဲ့ တာနဲ့ပတ်သက်လို့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ကချင်ခေါင်းဆောင်တွေကို သံရုံးတွင်း ဖိတ်ခေါ်ဆွေးနွေးရာမှာ ဗွီအိုအေ မြန်မာပိုင်းက သက်သေ အဖြစ် သတင်းယူခွင့်ရခဲ့ပါတယ်။ ဆွေးနွေးပွဲကို မဖြတ်မတောက်ပဲတင်ဆက်လိုက်ပါတယ်
ဂျာမဏီမှာ အသားညှပ်ပေါင်မုန်လုံးကို အသားရိုးရိုးနေရာမှာ အင်းဆက်ပိုးမွှားအသားပြားတွေထည့် စားကြတာပါ။ ပလပ်စတစ်သုံးစွဲမှုက ကမ္ဘာကို ဘယ်လို ဒုက္ခပေးသလဲ သတိထားမိကြစေဖို့ မက္ကဆီကိုမြို့တော်မှာ ပလစ်စတစ်ပန်းခြံတခု ဖန်တီးပြထားပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
မျက်လုံး ကြည်ကြည်လင်လင်မြင်ရဖို့အတွက် မျက်မှန်၊ မျက်ကပ်မှန်စတာတွေ တပ်ဆင်နိုင်သလို လေဆာ နဲ့ ပြုပြင်တာတွေ လုပ်ဆောင်နိုင်ပြီး အခုအချိန်မှာတော့ မျက်စဉ်း နဲ့ အမြင်အာရုံကြည်လင်အောင် လုပ်ဆောင်နိုင်တော့မှာပါ။ Faith Lapidus က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မကြာသေးခင်က ဂျာမနီ၊ ပြင်သစ် နဲ့ စပိန် နိုင်ငံ သုံးနိုင်ငံပေါင်း အရွယ်အစားရှိတဲ့ ပလတ်စတစ် အမှိုက် အစုအဝေးကြီးတစ်ခု ပစိတ်ဖိတ် သမုဒ္ဒရာ ထဲမှာ မျောနေတယ်ဆိုတာ ကမ္ဘာကြီးအနေနဲ့ တအံတသြ သိလိုက်ရပါတယ်။
မြောက်ဝင်ရိုးစွန်းရေခဲပြင်မှာ အအေးဒဏ်ကိုအန်တုပြီး လူတစုမာရသွန်အပြေးပြိုင်ပွဲကျင်းပခဲ့ကြပါတယ်။ ရုရှားနိုင်ငံက ဘောလုံးပွဲတပွဲမှာ အထူးဧည့်သည်အဖြစ်နဲ့ ဝက်ဝံညိုကြီးတကောင် ရောက်လာခဲ့ပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ခွဲစိတ်ကုဆရာဝန်တွေ ရဲ့ အရည်အချင်းကို အကဲဖြတ်တဲ့ နေရာမှာ ဓမ္မဓိဌာန်ကျတဲ့ စနစ်တခု ဖြစ်ပေါ်လာစေဖို့ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်က ဆရာဝန်သုတေသီတွေ နဲ့ Da Vinci စက်ရုပ်ကို ထုတ်လုပ်တဲ့ Intuitive သုတေသန ဌာနတို့ က ပူးပေါင်းဆောင်ရွက်နေပါတယ်။ George Putic သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက လယ်သမားတွေဟာ AI လို့ ခေါ်တဲ့ သင်ယူနိုင်စွမ်းရှိတဲ့ ဉာဏ်စွမ်းရည်ပါတဲ့ စက်ပစ္စည်းတွေ၊ နဲ့ wi-fi နည်းပညာတွေကို သုံးပြီးတော့ သူတို့ရဲ့ နွားအုပ်တွေကို အမြဲတစေ စောင့်ကြည့်နိုင်ကြပါပြီ။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဧပြီ ၁၅၊ ၂၀၁၈ - အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးဘာသာ မဟာဘွဲ့အတွက် သင်ယူနေတဲ့ Fulbright ပညာတော်သင်ကျောင်းသူ မအိမ့်သီရိသူ ကို ကိုငြိမ်းချမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန် Los Angeles မြို့မှာ Museum of Selfies ကိုယ့်ကိုကိုယ်ရိုက် ဓါတ်ပုံပြတိုက် ဖွင့်လှစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အငြိမ်းစားသက်ကြီးပိုင်းတွေအတွက် အင်္ဂလိပ်စာနဲ့ ကိုယ်လက်လှုပ်ရှားအားကစားသင်တန်းကျောင်းရှိပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် ဘယ်လိုအကျိုးဆက်တွေ မြန်မာအစိုးရအပေါ် သက်ရောက်နိုင်ပါလဲ။ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးဘာသာမဟာဘွဲ့အတွက်ပညာသင်ယူနေတဲ့ Fulbright ပညာတော်သင်ကျောင်းသူ မအိမ့်သီရီသူကို ကိုငြိမ်းချမ်းက မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်