အမေရိကန် သမ္မတ Trump အစိုးရက တရုတ် သွင်းကုန်တွေ အပေါ် နောက်ထပ် အကောက်ခွန် ၂၀၀ ဘီလီယံ ကောက်မယ် လို့ ကြေညာလိုက်အပြီးမှာတော့ အမေရိကန်မှာ ရှိတဲ့ အကြီးဆုံး ဆိပ်ကမ်းကြီးဟာ အဲ့ဒီက အကျိုးသက်ရောက်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ Elizabeth Lee သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နယူးယောက်မှာ အမျိုးသားတယောက်က တမိနစ်အတွင်း ဖရဲသီးအလုံး၂၀ကျော်ကို ဗိုက်ပေါ်တင်ခွဲပြပြီး ဂင်းနစ်စံချိန် တင်သွားပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ မိုးပေါ်ပျံဂျက်အင်္ကျီကို တထည် ဒေါ်လာ လေးသိန်းခွဲလောက်နဲ့ ရောင်းပေးပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
နယူးယောက်က ယုံချင်ယုံ၊မယုံချင်နေပြတိုက်မှာ စုစုပေါင်းအရှည် ပေ ၃၀ ကျော်တဲ့ လက်သည်းရှည်ကြီးတွေ ပြထားပါတယ်။ တရုတ်နိုင်ငံမှာ ငရုတ်သီးအစား ပြိုင်ပွဲကျင်းပကြတော့ လူတယောက်ကို ငရုတ်သီးအတောင့် ၅၀ ကုန်အောင်စားပြခဲ့ရပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ဆီလီကွန်တောင်ကြားမှာတော့ အမေရိကန် စွန့်ဦးတီထွင်ကုမ္ပဏီလုပ်ငန်းတွေဖြစ်တဲ့ AI နဲ့ စက်ရုပ် လုပ်ငန်းတွေမှာ တရုတ် နဲ့ ပူးပေါင်း လုပ်ကိုင်တာဟာ ၂ ဦး ၂ ဖက် အကျိုးရှိစေတယ်လို့ မြင်ကြပါတယ်။ Michelle Quinn သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဝါရှင်တန်မြို့တော်မှာကျင်းပတဲ့ ဘာဂါအများဆုံးစားနိုင်သူပြိုင်ပွဲမှာ မနှစ်ကအနိုင်ရသူ အမျိုးသမီးကပဲ သရဖူကို ထပ်ထိန်းခဲ့ပါတယ်။ ကမ္ဘာ့အရှည်ဆုံး ယက်ထည်ပုဝါပြိုင်ပွဲမှာ ကမ္ဘောဒီယားနိုင်ငံက Guinness စံချိန်တင်သွားပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
အမေရိကန်နိုဝင်ဘာလွှတ်တော်ကြားကာလ ရွေးကောက်ပွဲအတွက် ပါတီတွင်း ကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်ပွဲတွေ တော်တော်များများ ကျင်းပပြီးစီးသွားပါပြီ။ ကိုယ်စားလှယ်လောင်းတချို့ မဲဆန္ဒရှင်တွေ ထောက်ခံမှုရအောင် မဲဆွယ်စည်းရုံးနေတဲ့အခြေအနေကို Maria Prus သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါလိမ့်မယ်။
Vietnam ဘောလုံးဝါသနာရှင်တယောက်က ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲရဲ့ အထိမ်းအမှတ်အရုပ်လေးတွေလိုမျိုး ကြက်ဥခွံနဲ့ ပုံဖော်ဖန်တီးနေပါတယ်။ California စားသောက်ဆိုင်တခုကရောင်းတဲ့ Pizza ဘာကြောင့် နာမည်ကြီးနေပါသလဲ။ ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့က ထူးခြားဆန်းပြားသတင်းများမှာ ပြောပြပါလိမ့်မယ်။
ရုရှားမှာ ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ မှာ အနိုင်ရမယ့် သူတွေကို တိရစ္ဆာန်တွေ နဲ့ ခန့်မှန်းနေကြပါတယ်။ သူတို့ ခန့်မှန်းတာ ဘယ်လောက် မှန်သလဲ ဆိုတာ Sadi Witkowski က တင်ဆက်ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဥရောပသမဂ္ဂခေါင်းဆောင် ၁၆ ဦး ဘယ်ဂျီယံနိုင်ငံမှာတွေ့ဆုံပြီး ရွှေ့ပြောင်းနေထိုင်သူတွေကိစ္စဆွးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အဓိကအကြောင်းအရင်း က Dublin စည်းမျဉ်းဖြစ်ပြီး အဲ့ဒီစည်းကမ်းအရ ေ မြေထဲပင်လယ်ကမ်းစပ် နိုင်ငံတွေကိုအကျိုးသက်ရောက်မှု ဖြစ်စေတာပါ။ Zlatica Hoke သတင်းပေးပို့ထားတာကို ငြိမ်းချမ်း ပြောပြမှာပါ။
ဝါတာလူးစစ်ပွဲမှာ နပိုလီယံဆောင်းခဲ့တဲ့ ဦးထုပ်ကို ပြင်သစ်မှာ လေလံတင်ခဲ့တော့ ဒေါ်လာသိန်းချီနဲ့ ရောင်းလိုက်ရပါတယ်။ လန်ဒန်မြို့က နာမည်ကျော် Hyde Park ပန်းခြံကြီးက ရေကန်ကြီးမှာ အီဂျစ်ဂူသင်္ချိုင်းတခု ရေပေါ်မှာ ပေါ်နေပါတယ်။ ဒီလိုကမ္ဘာတလွှားကထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၁ ကြိမ်မြောက် ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ ရောဂါအမျိုးအစားများ စာရင်း မှာ ဂိမ်းစွဲလမ်းမှုကို စိတ်ကျန်းမာရေး ရောဂါ အဖြစ်ဖော်ပြလိုက်ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။
Luzia လို့ နာမည်ပေးထားပြီး ရင်သပ်ရူမောဖွယ်ကောင်းတဲ့ ဂျွမ်းဘားအကတွေ၊ အလင်းရောင်တွေ နဲ့ မိုးရေတွေကိုသုံးပြီး မက္ကဆီကို ယဉ်ကျေးမှု အဖြစ်ကပြဖျော်ဖြေတဲ့ Cirque Du Soleil ရဲ့ စင်နောက်ဖက်မှာ ဘာတွေ လုပ်ရသလဲ ဆိုတာ ဗွီအိုအေ သတင်းထောက် Lacopo Luzi က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
Australia တိုက် အရှေ့ခြမ်းကနေ အနောက်ခြမ်းကို အိမ်မှာဆောက်တဲ့ လေယာဉ်နဲ့ သွားဖို့ပြင်ဆင်နေသူ ၂ ယောက်။ ဖယောင်းပြတိုက်မပို့ခင် ကြောင်တွေအရင်ကြည့်ခွင့်ရခဲ့တဲ့ အဆိုကျော် Ed Sheeran ပုံတူဖယောင်းရုပ်တု။ ဒီလို ကမ္ဘာတလွှားကထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
စကာၤပူမှာ ကျင်းပမယ့် အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဆွေးနွေးပွဲဟာ စစ်အေးခေတ်နောက်ပိုင်း သမိုင်းမှာ အထူးခြားဆုံး နျုကလီးယား အရေး ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက ပြောပြပါလိမ့်မယ်။
ပြင်သစ်နိုင်ငံမှာ ကြက်ဥအကောင်ပေါက်အောင် ဝပ်ပေးတဲ့ဖူးတဲ့သူက အခု ခြင်္သေပုံသစ်သားရုပ်တုကြီးထဲဝင်ထိုင်နေပြန်ပါပြီ။ ဗာဂျီးနီယားပြည်နယ်မှာ သံချပ်ကာကား ခိုးပြေးတဲ့စစ်သားကို ရဲက မိုင် ၆၀ ကျော်တောင် နောက်ကလိုက်ဖမ်းခဲ့ရပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ က အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် Robert F. Kennedy ဟာ ကယ်လီဖိုးနီးယားပြည်နယ် က ပဏာမရွေးကောက်ပွဲ အနိုင်ရပြီး ပါတီကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာသလောက် ရှိနေချိန်လောက်မှာပဲ သေနတ်နဲ့ လုပ်ကြံ ပစ်သတ်ခံခဲ့ရပါတယ်။ Jessuesmen Oni သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းတင်ပြမှာပါ။
ပြင်သစ်နိုင်ငံဖွား အမေရိကန် နိုင်ငံသား Ben Lecomte ဟာ ဂျပန်နိုင်ငံကနေ ကယ်လီဖိုးနီးယားပြည်နယ် ပစိဖိတ် သမုဒ္ဒရာ တစ်ဖက်ကမ်းကို လက်ပစ်ကူး စတင်ခဲ့ပါပြီ။ လူသားတွေ ရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်လေ့လာတဲ့ ဒီခရီးကို ဇွန်လ ၅ ရက်နေ့ က စတင်ခဲ့တာပါလို့ Steve Baragona သတင်းပေးပို့ထားပြီး ကိုငြိမ်းချမ်း ပြောပြမှာပါ။
ရေချိုထဲကနေရတဲ့ ပုလဲကြီးတလုံးကို နှစ် ၂၄၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ လေလံတင်ရောင်းချလိုက်ပါတယ်။ မြောက်ကိုရီယားခေါင်းဆောင် အပြင်ဖက်မှာ လမ်းလျှောက်ပြီး လူတွေနဲ့ ဓါတ်ပုံရိုက်ခံခဲ့တာ တကယ်ပါပဲလား။ ဒီလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
လက်ရှိအသုံးပြုနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့သမုဒ္ဒရာကြီးတွေမှာ ရှိနေတဲ့ ပလပ်စတစ် အမှိုက်အလေးချိန်ဟာ ငါးတွေ အားလုံးစုစုပေါင်း အလေးချိန် နဲ့ ညီမျှမယ်လို့ ခန့်မှန်းထားပါတယ်။ နယ်သာလန်နိုင်ငံ နည်းလမ်းတစ်ခုကို တီထွင်ထားပါတယ်။ George Putic သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကျဆုံးစစ်သည်တွေ အောက်မေ့ဖွယ်နေ့ Memorial Day အခမ်းအနားကျင်းပဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ဂုဏ်ပြုတပ်ဖွဲ့ Old Guard အစောင့်စစ်သည်ဟောင်းကြီးများတပ်ဖွဲ့က Arlington စစ်သင်္ချိုင်းက အုတ်ဂူတစ်ခုချင်းစီရှေ့မှာ အလံတွေ စိုက်ပေးတဲ့ ဓလေ့နဲ့ ပတ်သက်ပြီး Deborah Block ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်