အနာဂတ်မှာ လူသားတွေ ရင်ဆိုင်ရမယ် အဓိက စိန်ခေါ်မှုကြီး နှစ်ခု ဟာ ရေ နဲ့ ပတ်သက်ပါတယ်။ ဥတုရာသီပြောင်းလဲ လို့ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာဟာ ရေများလွန်းတဲ့ ပြဿနာပါ။
စပိန်က ဝိုင်ထုတ်သူတဦးဟာ သူ့ဝိုင်တွေကို ပင်လယ်ပြင်အောက်မှာ ၁၈ လကြာစိမ်ပြီး ထုတ်လုပ်ရောင်းချပါတယ်။ ကျူးဘားပန်ချီဆရာတယောက်ကတော့ ရေစိုခံတဲ့ ပတ္တူစကိုသုံးပြီးတော့ ရေအောက်ထဲမှာ ပန်ချီဆွဲပြပါတယ်။ ဒီလိုကမာ့္ဘဒေသအနှံ့က ထူးထူးခြားခြား သတင်းတွေကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေဟာ အနာဂတ်ဆေးဝါးတွေ ဖန်တီးဖို့ ဂိမ်းကစားသူတွေကို အလုပ်ပေးထားပါတယ်။ Fold it ဂိမ်းဟာ ကစားသူကြားတစ်ယောက် နဲ့ တစ်ယောက် protein ပုံစံ အသစ်တွေကို ဖန်တီးရတာဖြစ်ပြီး တချို့ပုံစံတွေက အသက်ကယ်ဆယ်ဖို့ ဖြစ်လာနိုင်ပါတယ်။ Kevin Enochs သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
ပိုလန်နိုင်ငံက အသက် ၁၀၈ နှစ် ရှိတဲ့ ဖွားဖွားတယောက် စန္ဒယားတီးတာ နားထောင်လို့ကောင်းဆဲပါပဲ။ ကိုလံဘီယာနိုင်ငံမှာတော့ ခရမ်းချဉ်သီးနဲ့ ပေါက်တဲ့ပွဲတော်ကျင်းပတာမှာ နယ်ခံတွေတင်မကပဲ နိုင်ငံခြားသားတွေနဲ့ပါ တထူးစည်ကားခဲ့တာပါ။ ထူးခြားဆန်းပြား သတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ရုရှားအစိုးရဟာ အာတိတ်ဒေသမှာ သူ့ရဲ့ တည်ရှိမှုကို တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။ စစ်အေးခေတ်ပြီးဆုံးကတည်းက မရှိခဲ့ဖူးတဲ့ ရုရှားရဲ့ စီးပွားရေး၊ စစ်ရေးလှုပ်ရှားမှု တွေ အာတိတ်ဒေသမှာ တွေ့နေရပြီ လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက သတိပေးနေပါတယ်။
အမေရိကန်တောင်ပိုင်း တက္ကဆက် တက္ကသိုလ်က သုတေသနကျောင်းသားတွေဟာ ဘက်ထရီအသစ်တမျိုးကို တီထွင်စမ်းသပ်နေကြပါတယ်။ အဲဒီဘက်ထရီရဲ့ ထူးခြားချက်က ဘယ်တော့မှ အားပြန်သွင်းစရာ မလိုလောက်အောင်ကို တာရှည်ခံမယ့်သဘော ရှိတယ်လို့ ဆိုပါတယ်။ VOA သတင်းထောက် Kevin Enochs ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ဗြိတိန်မှာ Cheese တုံးကို တောင်စောင်းပေါ်ကလှိမ့်ချ၊ နောက်ကလူတွေလိုက်လှိမ့်တဲ့ ပြိုင်ပွဲလုပ်ပါတယ်။ ကမ္ဘာမှာ အငှားယာဉ် စပ်တူငှား Uber ခေတ်စားနေချိန်မှာ သြစတေးသျှက တမူထူးပြီး ရေငုပ်ယာဉ် Scuber စပ်တူငှားတဲ့စနစ်ထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြား သတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့ဟာ ရဲတပ်ဖွဲ့ နဲ့ တခြား မြို့အဖွဲ့အစည်းတွေက မျက်နှာကို မှတ်မိနိုင်တဲ့ နည်းပညာ အသုံးပြုတာကို ပိတ်ပင်ခဲ့တဲ့ ပထမဦးဆုံး အမေရိကန် မြို့ဖြစ်လာပါတယ်။ Deana Mitchell က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း က ပြောပြမှာပါ။
ကမ္ဘောဒီယားမှာ ဆန်စပါးနဲ့ကောက်ပဲသီးနှံအထွက်နှုန်း ဘယ်လိုရှိမလဲဆိုတာ သိချင်ရင် သူတို့အလေးထားတဲ့ နွားတရှဉ်းနဲ့ ခန့်မှန်းကြပါတယ်။ ဗြိတိန်က Brighton ကမ်းခြေမြို့မှာ အိမ်တလုံး မိုးမျှော်ဇောက်ထိုးဖြစ်နေတာ အံသြစရာ တွေ့ရပါမယ်။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ဘယ်ဂျီယံ နိုင်ငံ မှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ မုတ်ဆိတ်မွှေး နဲ့ နှုတ်ခမ်းမွေး ပြိုင်ပွဲကို ကမ္ဘာတဝန်းလုံးက လူတွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာ ကို ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
အမေရိကန်မှာ အပေါင်ဆိုင်ပေါင်း ၁ သောင်း ၁ ထောင်ကျော် ရှိတဲ့အထဲ တစ်နှစ်မှာ လူသန်း ၃၀ လောက် အသုံးပြုနေကြပါတယ်။ ဒီအပေါင်ဆိုင်တွေကို ဝေဖန်သူတွေ ရှိပေမဲ့၊ ပြီးခဲ့တဲ့ အနှစ် ၃၀ အတွင်း အပေါင်ဆိုင်လုပ်ငန်းဟာ အကောင်းဘက်ကို ပြောင်းလာပါတယ်။ Deborah Bloack ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြပါမယ်။
တန်ဇန်နီးယားနိုင်ငံမှာ ခရုသင်းစွဲအမျိုးသားတဦးဟာ သူ့အရေပြားအခြေအနေကို အားမငယ်ပဲ ဖက်ရှင်အလှလျှောက် မော်ဒယ်လုပ်နေပါတယ်။ ပီရူးနိုင်ငံ လီမာမြို့တော်မှာတော့ သူများကိုကူညီချင်တဲ့ဆရာဝန်တဦးက အသက်တရာကျော်တဲ့ထိ ဆေးဆက်ကုနေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ရုရှား နှောက်ယှက်မှု စုံစမ်းရေးနဲ့ ပတ်သက်လို့ အချက်အလက်အပြည့်အစုံ လိုချင်နေတဲ့ ဒီမိုကရက်အမတ်တွေ နဲ့ ရှေ့မှာတခြား လုပ်ဆောင်စရာတွေကိုသာ အာရုံစိုက်လိုတဲ့ သမ္မတထရမ့် အစိုးရ တို့အကြား အာဏာ လွန်ဆွဲပွဲတွေ ဆက်လက်ဖြစ်ပေါ်နေမယ်လို့ မျှော်လင့်ရပါတယ်။ Michael Bowman ရဲ့သတင်းလွှာကို ကိုငြိမ်းချမ်း ပြောပြပါမယ်။
အခုခေတ်ကဝေမတွေက သူတို့ဖော်တဲ့ အချစ်ပီယဆေးကို အွန်လိုင်းကနေ ရောင်းချပေးနေပါတယ်။ Malta နိုင်ငံမှာ ရန်ပုံငွေရှာပွဲအနေနဲ့ အမျိုးသားတသိုက် ဘိုးရင်း 757 လေယာဉ်ကြီးကို ပေ ၆၀ ကျော်ရောက်အောင် ကြိုးနဲ့ဆွဲပြခဲ့ပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
လက်ကိုင်ဖုန်းတွေနဲ့ ကိုယ့်ဘာသာကိုယ်ပြန်ပြီး Selfie ဓါတ်ပုံရိုက်သူတွေထဲမှာ လူဝံတွေလည်း ပါ ပါတယ်။ အိန္ဒိယက ဟိမဝန္တာတောင်ပေါ်မှာ နှင်းလူခြေရာတွေဆိုတဲ့ ခြေရာကြီးတွေတွေ့လို့ လူတိုင်းက စိတ်ဝင်စားနေပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
တရုတ်နိုင်ငံက ဆံသဆရာတစ်ယောက်ဟာ လူသိထင်ရှားနာမည်ကြီးတွေရဲ့ ပုံတူ တွေကို ဆံပင်နဲ့ပုံဖော်ပေးနေပါတယ်။ ကမ္ဘာ့ပူနွေးမှုလျှော့ချရေးလုပ်သူတချို့ ပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ ပိုးမွှားတွေကို စားပြခဲ့ကြပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တည်းဖြတ်ထားတဲ့ ရုရှားစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာရဲ့ အစီရင်ခံစာ ကို အများပြည်သူသိအောင် ထုတ်ပြန်ပြီးတဲ့နောက် သမ္မတရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေအပါအဝင် ဒီမိုကရက်အချို့ သမ္မတ ထရမ့်ကို ရာထူးကနေ ဖြုတ်ချ အရေးယူဖို့ ကျယ်ကျယ်လောင်လောင်တောင်းဆိုလာကြပါတယ
နိုင်ဂျီးရီးယား နိုင်ငံက မြို့လေးတမြို့ဟာ ကမ္ဘာပေါ်မှာ အမွှာပူး အမွေးဆုံး မြို့ဖြစ်ပါတယ်။ အီရတ်နိုင်ငံမှာ Ronaldo နဲ့ ရုပ်တော်တော်တူတဲ့ ဘောလုံးသမားတယောက်ရှိပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်နဲ့အထူးတပ်ဖွဲ့ Quds အဖွဲ့ကို အကြမ်းဖက်အုပ်စုတွေအဖြစ်သတ်မှတ်လိုက်ကြောင်းTrumpအစိုးရကမကြာခင်ကကြေညာလိုက်ပါတယ်။အီရန်တပ်ဖွဲ့အနေနဲ့သူထောက်ပံ့ထားတဲ့အဖွဲ့တွေလိုပဲအကြမ်းဖက်အဖွဲ့ဝင်အဖြစ်သတ်မှတ်ခံရကြောင်း Pompeo ပြောပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
ဂျပန်နိုင်ငံမှာ ဘုရင်သစ်နန်းတက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ စားသောက်ဆိုင်တစ်ခုက ဒေါ်လာ ၉၀၀ တန် ဟမ်ဘာဂါကို မေလမှာ စရောင်းပါမယ်။ ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့ပြင်က သစ်တောထဲမှာ ကြိမ်ထိုင်ခုံပုံ မျှော်စင်ကြီးတစ်ခုကို တွေ့ရမှာပါ။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်