လွန်ခဲ့တဲ့ ၂၅ နှစ် လူမျိုးတုန်းသတ်ဖြတ်မှုကြီးဖြစ်ပြီးနောက်ပိုင်း ရဝမ်ဒါနိုင်ငံက အပျက်အစီးတွေကြားက တဖြည်းဖြည်းပြန်ကောင်းလာနေပြီး ကမ္ဘာ့ဘဏ်ရဲ့စာရင်းအရ ၂၀၀၃ ကတည်းက စီးပွားရေး GDP ပြန်ကောင်းလာနေတာမှာ တနှစ်ကို ၆ ကနေ ၈ ရာခိုင်နှုန်းအထိ တိုးတက်နေပါတယ်။ Mariama Diallo ရဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြပါမယ်။
မော်တော်ဆိုက်ကယ်နဲ့ တောင်အမေရိကတိုက်ပတ်နေသူတဦးက ခွေးလေးတကောင်ကို ဆိုက်ကယ်ပေါ်တင်ပြီး ခရီးဆန့်နေတာပါ။ ဟောင်ကောင် ဝိတိုရိယဆိပ်ကမ်းမှာတော့ ရေထဲကြွက်သေမြောနေတဲ့ပုံမျိုးသရုပ်ဖော် ပေ ၁၂၀ကျော် လေထိုးကြွက်ရုပ်ကြီး တွေ့ရပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
Austria နိုင်ငံမှာတော့ ကမ္ဘာ့အကြီးဆုံးမီးပုံပွဲအဖြစ် ပေ ၂၀၀ ကျော် မြင့်တဲ့ မီးပုံပွဲလုပ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာတော့ အရပ် ၅ပေ ၄လက်မပဲ ရှိတဲ့ မိန်းကလေးတဦး သူ့ရဲ့ဆံပင်က ၇ ပေခွဲကျော်တောင် ရှည်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
နယူးဇီလန်နိုင်ငံ ဗလီ ၂ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အမေရိကန်အပါအဝင် တကမ္ဘာလုံးမှာရှိတဲ့ လူ့အသိုင်းအဝိုင်းတွေအတွင်း အမုန်းတရားနဲ့ နိုင်ငံခြားသားကြောက်ရောဂါ ကို ရင်ဆိုင်ဆန့်ကျင်ဖို့၊ ဆွေးနွေးမှုတွေလုပ်ရေး အပူတပြင်းတောင်းဆိုလာကြပါတယ်။ Michael Bowman ရဲ့သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
နိုင်ငံတကာနောက်ခံပြု ဆီးရီးယားအင်အားစုတွေ IS ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နောက်ဆုံး တိုက်ပွဲ ဆင်နွှဲနေတဲ့အချိန်မှာ အမျိုးသမီး နဲ့ ကလေးအများစုပါဝင်တဲ့ ဒုက္ခသည် ၆ သောင်း ၅ ထောင် ကျော် ဆီးရီးယား မြောက်ပိုင်း ဒုက္ခသည်စခန်းတွေကို ရောက်လာကြပါတယ်။ Heather Murdock ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
ဂျပန်နိုင်ငံက ရွာတရွာမှာ ဆိုးတဲ့ကလေးရှိလားဟေ့ဆိုပြီး သရဲလိုလိုက်ခြောက်တာက ရှေးဓလေ့တခု ဖြစ်ပါတယ်။ London မှာတော့ လူစင်စစ်က အမြီးပေါက်နေသူတွေကို တွေ့ရမှာပါ။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ဗြိတိန်အနေနဲ့ အီးယူက နှုတ်ထွက်ပြီးရင် အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ကနဦး ဆွေးနွေးပွဲတွေကို စတင်နေပါတယ်။ ဒီသဘောတူညီချက်ကနေစီးပွားရေး အကျိုးအမြတ်အများကြီးရစေမယ်လို့ ၂ ဖက်စလုံးက ပြောဆိုနေပေမဲ့ကွဲပြားမှုတွေလည်းရှိနေပါတယ်။ Henry Ridgewell လန်ဒန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဘယ်ဂျီယံနိုင်ငံမှာ ချောကလက်ဇာဂါဝန်တွေ ချောကလက်တန်ဆာဆင်အဝတ်အစားတွေနဲ့ ဖက်ရှင်ရှိုးလျှောက်ခဲ့ပါတယ်။ ဘာစီလိုနားမှာ ပြုလုပ်သွားတဲ့ နည်းပညာပြပွဲမှာတော့ ဟောင်ကောင်က လူစက်ရုပ်မ Sophia ကို ပွဲထုတ်ခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
5G ကွန်ယက် ချိတ်ဆက်ထားတဲ့ စက်ရုပ်၊ မော်တော်ကား၊ အဝေးထိန်းဒရုန်းယာဉ်နဲ့ ပုံရိပ်စစ်ဂိမ်းကစားစရာ ပစ္စည်းမျိုးစုံကို စပိန်နိုင်ငံ၊ဘာဆီလိုနာမြို့မှာကျင်းပတဲ့ ကမ္ဘာ့ မိုဘိုင်းညီလာခံ မှာ ပြသထားပါတယ်။
ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှု စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ အစီရင်ခံ စာ မကြာခင် ရက်ပိုင်းတွေ အတွင်းမှာ ထွက်လာတော့မယ့် အတွက် ဝါရှင်တန်မြို့တော်က အမေရိကန် အရာရှိတွေ စိတ်ဝင်တစားစောင့်နေကြပါတယ်။ Jim Malone သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အိန္ဒိယဘာသာရေးပွဲတော်တခုမှာ ဆာဒူးကြီးတယောက် မိုးလင်းကမိုးချုပ် ဆူးခြုံပေါ်မှာသမထအားကောင်းဖို့ ကျင့်နေလို့ ဆူးဘာဘာကြီးလို့ နာမည်ပေးထားပါတယ်။ ဂျာမဏီမှာ Smurf မှင်စာပြာလေးတွေ အများဆုံးစုဝေးတဲ့ပွဲက ကမ္ဘာ့ Guinness စံချိန်တင်သွားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
လူသားတွေမှာ ရှိတဲ့ နှလုံးတွေဟာ တူညီမှု မရှိတာကြောင့် ခွဲစိတ်ကုသရာမှာ အခက်အခဲလေးတွေရှိတတ်ပါတယ်။ ခေတ်သစ်နည်းပညာတွေ ကြောင့် 3D ရုပ်လုံးကြွ နှလုံးတွေကို အလွယ်တကူဖန်တီး လာနိုင်ပြီး ခွဲစိတ်မှု မလုပ်ခင် အပြင်မှာ လေ့ကျင့် နိုင်တဲ့အကြောင်း Kevin Enochs သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက က ပြောပြမှာပါ။
မက္ကဆီကိုနိုင်ငံမှာတော့ မင်္ဂလာဆောင်လို့ လမ်းပေါ် စီတန်းလှည့်လည်တဲ့အခါမှာ လမ်းဘေးခွေးလေးတကောင် လိုက်ပြီး ကခဲ့တာပါ။ ရုရှားနိုင်ငံဆီးနှင်းတွေဖုံးလမ်းမပေါက်တဲ့အရပ်မှာနေသူတယောက် မြင်းဆွဲတဲ့ကားနဲ့ အလုပ်သွားရပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
စာပို့သမားတယောက်ဟာ ဂျာမဏီအမြင်ဆုံးတောင်ထိပ်ကို ရာသီမရွေးနေ့စဉ်လို စာသွားပို့ရပါတယ်။ ရုရှားသမ္မတပူတင်ကို ထောက်ခံတဲ့ စုန်းမတွေကတော့ အစွမ်းအထက်ဆုံးမန်းမှုတ်မှုတွေနဲ့ သမ္မတတန်ခိုးအာဏာမြှင့်တင်ဖို့လုပ်ခဲ့ကြပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ အကြီးအကဲအဖြစ် ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan က ပြီးခဲ့တဲ့လက စတင်တာဝန်ယူခဲ့ပါတယ်။ သူဟာ ဘယ်လို လူမျိုးလဲ၊ လက်ရှိသမ္မတ ထရမ့် နဲ့ ဘယ်လို ဆက်ဆံရေး ရှိမလဲ ဆိုတာကိုလည်း အမျိုးမျိုးဝေဖန်ပြောဆိုနေကြပါတယ်။ Carla Babb သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းကျင်ပြပါမယ်။
အစ္စရေးလျှပ်စစ်ဓါတ်အားပေးစက်ရုံနံဘေး ပင်လယ်မှာ ငါးမန်းတွေ ရောက်နေပါတယ်။ ရုရှားနိုင်ငံမှာတော့ နှင်းလျှောစီးပြိုင်ပွဲတခုက ကြံကြံဖန်ဖန် ပုံစံမျိုးစုံဆောက်ထားတဲ့ နှင်းလျှောစီးလှည်းတွေနဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
အနာဂတ်မှာတော့ ဆေးမင်ကြောင် တက်တူးတွေဟာ ကိုယ်ဘယ်သူလဲ ဆိုတာကို ဖော်ပြရုံတင်မက မျိုးရိုးဗီဇ အခြေအနေနဲ့ လက်တုခြေတုတွေကို ပါ ထိန်းချုပ် လာနိုင်တော့မှာပါ။ Kevin Enoch သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အာဖဂန် ပဋိပက္ခတွေမှာ ၁၇ နှစ်တာ အမေရိကန်ပါဝင်ပတ်သက်ခဲ့မှုကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် မူဘောင်ကြမ်းကို ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွင်း တာလီဘန် နဲ့ အမေရိကန် ညှိနှိုင်းသူတွေကြားသဘောတူညီခဲ့ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
နှလုံးခုန်နှုန်းကို အရောင်တွေ၊ အလင်းတွေ နဲ့ စည်းချက်ကျကျ မြင်နိုင်ဖို့ အတွက် Pulse လို့ နာမည်ပေးထားတဲ့ အနုပညာ ပြခန်း ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော် မှာ ရှိတဲ့ Hirshhron ပြတိုက်မှာ ပြသထားပါတယ်။ Carolyn Presutti သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
၀က်နှစ်မရောက်ခင်လေးမှာပဲ တောင်ကိုးရီးယား နိုင်ငံမှာရှိတဲ့ ဝက်ပြတိုက်ကို လူတွေအလာများ စည်ကားနေပါတယ်။ တရုတ်နိုင်ငံမှာတော့ ဝက်နှစ် အထိမ်းအမှတ် အဖြစ် တရုတ်စာတိုက်ဌာနက ဝက်ပုံ တံဆိပ်ခေါင်းလေးတွေ အမှတ်တရ ထုတ်လုပ်လိုက်ပါတယ်။ မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်