ဂျော်ဂျီယာက အမျိုးသားတယောက် လက်မနဲ့ ဒိုက်ထိုးတာ တမိနစ် အကြိမ် ၅၉ ခေါက် ထိုးပြနိုင်ခဲ့ပြီး ကမ္ဘာစံချိန်ချိုးသွားပါတယ်။ ဂျပန်က ကမ္ဘာ့ Rugby ပြိုင်ပွဲအတွက် ဝီစီက နိုင်ငံပေါင်း ၂၇ နိုင်ငံကျော်ဖြတ်ပြီး ပွဲကျင်းပရာကို ရောက်သွားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
မက္ကဆီကို နဲ့ အမေရိကန် နယ်စပ်မှာ တံတိုင်းကြီးတစ်ခု အလျင်အမြန် တည်ဆောက်နေပြီး နယ်စပ် ပြဿနာဟာလည်း လျှော့ကျနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကပြောပါတယ်။
ဟောင်ကောင်က ဆန္ဒပြပွဲတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်နေကြချိန်မှာ အနီးနား ထိုင်ဝမ်ကျွန်းက ပြည်သူတွေအတွက်လည်း ဒီဆန္ဒပြပွဲတွေက သူတို့အပေါ် ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲဆိုတာ စိတ်လှုပ်ရှား စောင့်ကြည့်နေကြပါတယ်။ VOA သတင်းထောက် Bill Gallo က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဒီနှစ် အမေရိကန်ပြည်ထောင်စုမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ ရင်ဆိုင်နေရပြီး လယ်သမားအတော်များများ စိုက်ပျိုးရေးလုပ်ငန်းတွေ မစနိုင်သေးပါဘူး။ ဒီကြားထဲ အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးပဋိပက္ခကြောင့်လည်း မရေမရာ အနေအထားတွေ ထပ်တိုးလာနေပါတယ်။ Kane Farabaugh ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ကက်ရှ်မီးယားဒေသက အကြီးဆုံးမြို့ Srinagar မှာ မူလတန်းကျောင်း ၂၀၀ လောက်ပြန်ဖွင့်ပြီလို့ အာဏာပိုင်တွေကပြောပေမဲ့ လူအသွားအလာကတော့ ရှင်းနေပါတယ်။ မကြာသေးခင်က ဆန္ဒပြပွဲတွေကို အစိုးရကနှိမ်နှင်းခဲ့တာကြောင့် ဒေသခံတွေက လုံခြုံရေးစိုးရိမ်နေကြပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
မြောက်မက်စီဒိုးနီးယားနိုင်ငံမှာ ဆံသဆရာတဦး ဆံပင်ညှပ်လို့ရတဲ့ ဆံညှပ်စတွေနဲ့ ပန်းချီအရုပ်ဆွဲတာ နာမည်ကြီးသွားပါတယ်။ သူ့ဘေးကဘူဂေးရီးယားနိုင်ငံမှာတော့ အရုပ်ရေးဖို့ခက်ခဲတဲ့ ငှက်မွှေးတောင်ပေါ်မှာ ပန်းချီရေးချယ်တာ လူကြိုက်များပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း နှစ်နိုင်ငံခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်အတွင်းကာလ ကိုရီးယားအမျိုးသမီးတွေကို လိင်ကျွန်အဖြစ်ခိုင်းစေမှုကိစ္စ မကျေနပ်မှုတွေက ကုန်သွယ်ရေးအပေါ် အရိပ်ထိုးနေတဲ့အကြောင်း ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ရုရှားနိုင်ငံက နိုင်ငံရေးအင်အားပြပွဲတွေမှာ အရင်က နိုင်ငံရေးကိုစိတ်မဝင်စားခဲ့တဲ့ လူငယ်တွေ အများကြီး ပါလာပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်တာ၊ စီးပွားရေး အခွင့်အလမ်းမရှိတာတွေက အခုလိုပါဝင်လာစေဖို့ အကြောင်းရင်းတွေ ဖြစ်တဲ့အကြောင်း Yulia Savcheko ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန် နိုင်ငံမှာ အပြောင်းအရွှေ့လုပ်ပေးတဲ့ JK moving ကုမ္ပဏီက ဗာဂျီးနီးယား ပြည်နယ်မှာ ရပ်ရွာအကျိုးပြု တနိုင်တပိုင် စိုက်ပျိုးရေးခြံလေး တစ်ခုကို တည်ထောင်ထားပြီး ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို ပါ လုပ်ဆောင်နေပါတယ်။ Faith Lapidus ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
နယူးယောက်ဖက်ရှင်လျှောက်လမ်း Catwalk မှာ ဒီတခေါက်တော့ တကယ့်ကိုအင်္ဂလိပ်လို Cat ဆိုတဲ့ ကြောင်တွေတွေ့ရပါမယ်။ လူနှစ်ယောက်ကတော့ ကမ္ဘာ့စစ်တိုက်လေယာဉ် Spitfire နဲ့ နိုင်ငံပေါင်း ၃၀ မိုင်ပေါင်း သုံးသောင်းလောက် ပျံသန်းဖို့လုပ်နေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အိန္ဒိယမှာ အရက်မူးသူတဦး သူ့ကိုပေါက်တဲ့မြွေကို ပြန်ကိုက်တာ မြွေလည်း အပိုင်းပိုင်းပြတ်၊ သူလည်းဆေးရုံရောက် ဖြစ်သွားခဲ့ပါတယ်။ ပြင်သစ်မှာတော့ မီးပုံးပျံအလုံးပေါင်း ငါးရာနဲ့ ကောင်းကင်ပြာတခုလုံး အရောင်စုံလွှမ်းပြီး လှနေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ဆိုးရွားပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် တရားရေးဌာနက ပြီးခဲ့တဲ့ အပတ် မှာ သေဒဏ်ပေးတာကို ပိတ်ပင်ထားတဲ့ ဗဟိုအစိုးရရဲ့ ယာယီအမိန့်ကို ရုတ်သိမ်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုပိုင် နယ်နမိတ် Puerto Rico ကျွန်း အုပ်ချုပ်ရေးမှူး Ricardo Rossello နဲ့ သူ့ရဲ့ အကြံပေးအဖွဲ့တွေ အပြန်အလှန်ရေးသားကြတဲ့ စာတွေ ပေါက်ကြားပြီးတဲ့နောက် သူ့ကို နုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
ပိုလန်နိုင်ငံမှာ စက်ဘီးကို ကားဘောင်ထဲထည့်စွပ်၊ စက်ဘီးနင်းပြီး ကားမောင်းနိုင်အောင် တီထွင်လိုက်ပါတယ်။ ကမ္ဘောဒီယားမှာတော့ ကမ္ဘာ့စွန့်ပစ်အမှိုက်တွေများလာကို အများသတိပြုမိအောင် စွန့်ပစ်အမှိုက်တွေနဲ့ ကော်ဖီဆိုင်တခု ဆောက်ထားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကျုးလွန်ချိုးဖောက်ခဲ့တဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကို ဖိအားပေး အရေးယူဖို့ အမေရိကန်ရောက် ကရင်တိုင်းရင်းသားတွေ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် လွှတ်တော် အဆောက်အဦးရှေ့မှာ အင်အားပြစုဝေးခဲ့ကြပါတယ်။ ကိုယ်တိုင်သတင်းသွားယူထားတဲ့ ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
လူ့အခွင့်အရေးတွေကျုးလွန်ချိုးဖောက်ခဲ့တဲ့ မြန်မာအစိုးရ နဲ့ စစ်တပ်ကို ဖိအားပေး အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကို တွေ့ဆုံပြီး ကရင်တိုင်းရင်းသားတွေ ခံစားနေရတဲ့အခြေအနေတွေကို တင်ပြခဲ့တဲ့အကြောင်း ကရင်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်နဒါးဘိုမြက ပြောပါတယ်။
နယူးဇီလန်နိုင်ငံမှာ ဆူရှီကြိုက်သူတွေထဲမှာ လူတွေတင်မက အခုဆို ဆူရှီဆိုင်ထဲ ပင်ဂွင်းမောင်နှံရောက်နေတာပါ။ ဗြိတိန်နိုင်ငံမှာတော့ ဦးနှောက်ဆက်နေတဲ့အမွှာညီအမကို အောင်အောင်မြင်မြင်ခွဲစိတ်ပေးလိုက်နိုင်ပါပြီ။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကင်မရာနဲ့ဆလိုက်မီးရောင်ရှေ့မှာ မိတ်ကပ်အပြည့်နဲ့ ဓါတ်ပုံအလှရိုက်ခံနေသူကတော့ ၈၄နှစ်အရွယ် ပိုလန်က ဖွားဖွား Helena ဖြစ်ပါတယ်။ လူထူထပ်တဲ့ပွဲမျိုးတွေမှာ အမျိုးသားတွေလို အမျိုးသမီးတွေလည်း မြန်မြန်ဆန်ဆန် အပေ့ါသွားလို့ ရနိုင်တော့မှာပါ။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အီဂျစ်က နှစ်ပေါင်း ၄ ထောင် သက်တမ်းရှိတဲ့ Lahun ပစ်ရမစ်ကြီးတွေထဲကို ပထမဦးဆုံးအကြိမ်အဖြစ် စိတ်ဝင်စားသူတွေ ဝင်ကြည့်နိုင်ပါတယ်။ ဗြိတိန်နိုင်ငံ Hamshire ဒေသက တိရစ္ဆာန်ကုသတဲ့ ဆရာဝန်တစ်ယောက်ဟာ နွားတွေကို သီချင်းဆိုပြပါတယ်။ ထူးခြားဆန်းပြား သတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
New York မြို့က လူအစည်ဆုံး Time Square မှာ ကြိုးတန်းလေ ျှာက်စွန့်စားသူမောင်နှမ ၂ ယောက် ၂၅ ထပ် အမြင့်ကနေ ကြိုးတတန်းတည်းပေါ်လေ ျှာက်ရင်း လမ်းခုလတ်မှာဘယ်လိုရှောင်ခဲ့ကြပါလဲ၊ စင်္ကာပူမှာတော့ ငှက်တွေရဲ့ တေးအဆိုပြိုင်ပွဲ ကျင်းပခဲ့တာပါ။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်