ယူကရိန်းမှာ လက်မှုပညာရှင်တယောက်ဟာ မီးခြစ်ဆံတွေကို သုံးပြီး တကယ်တီးလို့ မှုတ်လို့ရတဲ့ ဂီတတူရိယာတွေ ဖန်တီးခဲ့ပါတယ်။ ဆီးရီယားနိုင်ငံမှာ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတယောက်ဟာ ကျားတွေ ခြင်္သေ့တွေကိုပါ ကြောင်လေးတွေလို မွေးထားတာပါ။ ထူးခြားဆန်းပြားသတင်းများကို မညိုညိုလွင်နဲ့ ကိုငြိမ်းချမ်း ပြောပြထားပါတယ်။
အမေရိကန်နိုင်ငံ မဟာဗျုဟာနဲ့နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS မှာ ဒေါက်တာသန့်မြင့်ဦးက သူအသစ်ရေးသားခဲ့တဲ့ The Hidden History of Burma စာအုပ်အကြောင်းလာရောက်ပြောကြားခဲ့တာပါ။ for full video at CSIS https://www.csis.org/events/hidden-history-burma-race-capitalism-and-crisis-democracy-21st-century
လန်ဒန်မြို့မှာကျင်းပခဲ့တဲ့ Magnitsky လူ့အခွင့်အရေး ဆုပေးပွဲမှာတော့ ဆော်ဒီသတင်းထောက် Jamal Khashoggi နဲ့ ယူကရိန်းသတင်းထောက် Oleg Sentsov တို့ ပါဝင်ပါတယ်။ လူ့အခွင့်အရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့သူတွေကိုပေးတဲ့ ဒီဆုအကြောင်း Henry Ridgewell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံတွင်း တူရကီစစ်ဆင်ရေးကိစ္စ မေးခွန်းထုတ်ဝေဖန်သူ ရာနဲ့ချီကို တူရကီအာဏာပိုင်တွေက ဖမ်းထားကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ AI က ပြောပါတယ်။ တူရကီရဲ့လုပ်ရပ်က လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်တဲ့လုပ်ရပ်လို့လည်း ဝေဖန်ပါတယ်။ Henry Ridgewell ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ရုရှားကရထားဝါသနာရှင်တဦး သူ့နောက်ဖေးခြံကျယ်ထဲမှာ ရေနွေးငွေ့စက်ခေါင်းတခု ခုတ်မောင်းလို့ရအောင် လုပ်ထားပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထပ်မြင့်အဆောက်အဦးတခုကို အမြင့်တက်ဝါသနာရှင်တဦး ကြိုးမပါ ကိရိယာမပါပဲ တွယ်တက်ခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး ပြောပြထားပါတယ်။
တူရကီ သမ္မတ Recep Tayyip Erdogan ဟာ ဒီသတင်းပတ်ထဲမှာပဲ ဝါရှင်တန်မြို့တော်ကို လာရောက်ပြီး အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သတင်းထောက် Dorian Jones အစ္စတန်ဘူလ် မြို့က ပေးပို့တဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းပြောပါပေးပါမယ်။
လူအားလုံးတနေ့ကြုံရမယ့် သေချင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ဖို့ အစမ်းသေကြည့်တဲ့ပွဲတခု တောင်ကိုရီယားမှာ ကျင်းပခဲ့ပါတယ်။ ရုရှားမှာတော့ သွားလေသူတွေစတိုင်နဲ့ လှလှပပဖြစ်အောင် ခေါင်းတလားကို အဖိုးတန်ခရစ္စတယ်တွေနဲ့ စီချယ်ပေးထားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို အလိမ္မာနဲ့ ကိုငြိမ်းချမ်း ပြောပြထားပါတယ်။
ဒီမိုကရက်အောက်လွှတ်တော်အမတ်တွေက သမ္မတထရမ့်ကို အရေးယူဖို့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတဲ့တချိန်တည်းမှာပဲ အမေရိကန်မဲဆန္ဒရှင်တွေအကြား သမ္မတနဲ့ပတ်သက်ပြီး သဘောထားအမြင်အမျိုးမျိုး ရှိနေပါတယ်။ Wisconsin ပြည်နယ်က မဲဆန္ဒရှင်တွေရဲ့ အမြင်တွေကို Kane Farabaugh ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
Bush Institute အဖွဲ့ကစီစဉ်ပေးတဲ့ Liberty and Leadership ခေါ် လွတ်လပ်မှု နဲ့ ခေါင်းဆောင်မှု အစီအစဉ်နဲ့ အမေရိကန် ပြည်ထောင်စုကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ နယ်ပယ်စုံ က လူငယ်ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ သတင်းပတ်က ဗီအိုအေ အမေရိကန်အသံ ရုံးချုပ်ကို လာရောက်လေ့လာကြပါတယ်။ ကိုငြိမ်းချမ်းက ပြောပြပေးပါမယ်။
နယူးယောက်မြို့ကအိမ်ကြီးတခုမှာ ရုပ်ပုံတွေအမျိုးမျိုးကို ရွှေဖရုံသီးတွေနဲ့ ရုပ်လုံးဖော်ထားပါတယ်။ ဗာဂျီးနီးယားပြည်နယ် Richmond တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ ကြွက်ကလေးတွေကို ကားမောင်းပြီးတော့ အစာယူတတ်အောင်လေ့ကျင့်ပေးခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး ပြောပြထားပါတယ်။
Halloween တစ္ဆေကြီးများနေ့မှာ အမေရိကန်ပြည်ထောင်စုက ကလေးတွေဟာ trick or treat ဆိုပြီး အိမ်တွေမှာ သကြားလုံးလိုက်တောင်းလေ့ရှိသလို၊ Halloween စီတန်းလှည့်လည်ပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ Alexandria မြို့က စီတန်းလှည့်လည်ပွဲအကြောင်း Deborah Block သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၆ ကနေ ၂၀၁၈ အတွင်း ၈၀% ကျဆင်းသွားတယ်လို့ နယူးယောက်အခြေစိုက် Rhodium သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီလိုကျဆင်းသွားတဲ့အတွက် ဘယ်လိုလုပ်ငန်းတွေ အဓိက ထိခိုက်သွားပါလဲ။ Elizabeth Lee ပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး လူထောင်ပေါင်းများစွာ နေအိမ်တွေ က စွန့်ခွာပြေးနေကြရပါတယ်။ လေပြင်းတွေလည်း တိုက်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားတွေ ဖြတ်တောက်ထားရပါတယ်။ Michelle Quinn ရဲ့သတင်းလွှာကို ကိုငြိမ်းချမ်း တင်ပြပါမယ်။
တောင်အာဖရိကနိုင်ငံမှာ အသုံးပြုပြီးပစ္စည်းတွေကို ပြန်လည်သန့်စင် အသုံးပြုတဲ့ နှုန်းဟာ ၆၀ % လောက်ရှိတယ်လို့ လေ့လာမှု စစ်တမ်းတွေက ဖော်ပြပြီး တချို့ဥရောပနိုင်ငံတွေနဲ့ တန်းတူနီးပါး ရှိပါတယ်။
ကင်ညာလယ်သမားတွေဟာ အာမခံချေးငွေကတဆင့် လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးစေ့တွေ ဝယ်ယူနိုင်တော့မှာပါ။ ရာသီဥတုပြောင်းလဲမှု ကြောင့် သီးနှံပျက်ဆီးတာတွေကနေ အဆုံးအရှုံးသက်သာအောင် ကာကွယ်ထားတဲ့ ကင်ညာနိုင်ငံက အာမခံချေးငွေ စနစ်အကြောင်း Sarah Kimani သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
ဗြိတိန်နိုင်ငံက စားသောက်ဆိုင်တခုက ထူးထူးခြားခြားကိုယ်တိုင်အမဲလိုက်ပြီး ဟင်းစားရအောင် အမဲလိုက်တီဗီဂိမ်း နဲ့ သားကောင်ဖမ်းနိုင်ဖို့ လုပ်ပေးထားပါတယ်။ အမေရိကားက ဖလော်ရီဒါမှာတော့ ရေအောက်ရွှေဖရုံသီးထွင်းထုပွဲတခု ကျင်းပခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း ပြောပြထားပါတယ်။
နျုကလီးယားအရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်ကို မြောက်ကိုရီးယားဘက်က အပြစ်ဖို့ပြီး နုတ်ထွက်သွားတာကြောင့် ဆွေးနွေးပွဲ ထပ်ပျက်သွားပြန်ပါတယ်။ ဆွေးနွေးပွဲတွေ တိုးတက်မှုမရှိပေမဲ့လည်း နှစ်ဘက်စလုံးမှာဆွေးနွေးဖို့ အကြောင်းတွေ ရှိနေတာပါ။ Bill Gallo သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပေးပါမယ်။
အခု ဆာင်းဦးပေါက်ရာသီအစမှာ ဗြိတိန်မြောက်ပိုင်းပင်လယ်ထဲကို အဝတ်ဗလာနဲ့ ရေချိုးဆင်းကြတဲ့ပွဲတော် ကျင်းပခဲ့ပါတယ်။ အမေရိကန်မှာ အိမ်သာသုံးစက္ကူတွေနဲ့ ဖန်တီးထားတဲ့ မင်္ဂလာဆောင်ဝတ်စုံပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီလိုကမာ့္ဘဒေသအနှံ့က ထူးထူးခြားခြား သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်လောက်က အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ် Reading (ရက်ဒင်း) မြို့ကို ပေါ်တိုရီကို အုပ်စု တစ်ခု ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ အဲ့ဒီအချိန်က စပြီး စပိန်စကားပြော လက်တင်အမေရိကန်နွယ်ဖွား ဦးရေဟာ တဖြည်းဖြည်း တိုးတက်လာခဲ့တာဆိုရင် အခုအချိန်မှာ မြို့လူဦးရေ ရဲ့ ၆၅% နှုန်း ရှိနေပါပြီ။
လာမယ့်စနေနေ့ကျရင် အာဖဂန်နစ္စတန်နိုင်ငံမှာ လူ ကိုးသန်းခွဲလောက်ဟာ သမ္မတရွေးကောက်ပွဲအတွက် မဲပေးကြတော့မှာပါ။ ဒီထဲက ၃၀ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ မကျေနပ်မှုတွေ အကြောင်း Ayesha Tanzeem သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်