ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန်နှံ့နေတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားမဟုတ်သူတွေကို လာရောက်ခွင့် အမေရိကန်နိုင်ငံက ပိတ်ပင်လိုက်ပါတယ်။ Elizabeth Lee သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန်နှံ့နေတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားမဟုတ်သူတွေကို လာရောက်ခွင့် အမေရိကန်က ပိတ်ပင်လိုက်ပါတယ်။လူစုလူဝေးရှိတဲ့ နေရာတွေမှာလူတချို့ နှာခေါင်းစည်းဝတ်ဆင်ထားတာအကြောက်တရားရဲ့ လက္ခဏာတစ်ခု အဖြစ် တွေ့ကြရမှာပါ။
EU ကနေ ဗြိတိန်နိုင်ငံ သောကြာနေ့က တရားဝင် နှုတ်ထွက်ပြီးတဲ့နောက် အနာဂတ်မှာ ဘယ်လို ဆက်သွယ်မှုမျိုး ရှိမယ်ဆိုတာ တရားဝင် ညှိနှိုင်းမှုတွေ မလုပ်ခင်မှာပဲ တင်းမာမှုတွေ ဖြစ်နေပါပြီ။ သဘောတူညီမှု အသစ်ရဖို့ ညှိနှိုင်းဖို့အချိန် နည်းနေပြီဖြစ်တဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
တောင်အာဖရိက နိုင်ငံက လူတစ်ယောက်ဟာ တိုင်ထိပ်ပေါ်က စည်ပိုင်း တစ်လုံးထဲဝင်ထိုင်တဲ့ စံချိန်ကို ချိုးဖို့ ကြိုးပမ်းနေပါတယ်။ ယူကေနိုင်ငံ Bristol မြို့မှာ မောင်းသူမဲ့ ကားတွေကို စတင်စမ်းသပ်နေပါပြီ။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေအကြား မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံ အသုံးပြုမှုတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့အကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီးတဲ့ နောက် တခြား တိုင်းရင်းသားဒေသတွေမှာလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဖေါ်ထုတ်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
အမေရိကန်သမ္မတ Trump ဟာ တရားစွဲဆိုခံနေရပေမဲ့ ရွေးကောက်ပွဲ ထပ်နိုင်သူ ဖြစ်ဖို့ ကြိုးစားနေပါတယ်။ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေ အရေးကြီးတဲ့အဆင့်ကို ရောက်လာတာနဲ့အမျှ သမ္မတကို ရာထူးကဖယ်ရှားဖို့ ကြိုးစားမှုတွေ အရှိန်မြင့်လာနေတဲ့အကြောင်း Jim Malone သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့ တောရိုင်း တိရစ္ဆာန်များရောင်းချတဲ့ဈေးကနေ ဗိုင်းရပ်စ် အသစ်တမျိုး ပြန့်နှံ့ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အာဏာပိုင်တွေက တရုတ်နိုင်ငံအတွင်း သားရိုင်း တိရစ္ဆာန်များရောင်းချတာကို ယာယီတားဆီးလိုက်ပါတယ်။ Steve Baragona သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
သေဆုံးသွားတဲ့ ကိုယ့်ချစ်ခင်ရသူတွေကို အသက်ပြန်သွင်းချင်ရင် ရုပ်အလောင်းနဲ့ ဦးနှောက်ကို အခကြေးငွေနဲ့ ခဲထားပေးပါတယ်။ သြစတေးလျတောမီးထဲ ထိခိုက်ဒဏ်ရာရထားတဲ့ Koala ကောင်လေးတွေလိုက်ရှာဖို့ ခွေးလေးတကောင်ကို အထူးလေ့ကျင့်ပေးထားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး ပြောပြထားပါတယ်။
ဂျပန်နိုင်ငံက သန်းထောင်ကြွယ်သူဌေးကြီး လကမ္ဘာကို အတူသွားလည်ဖို့ ချစ်သူမိန်းကလေး ရှာနေပါတယ်။ နောက်ပြီး လူမိတ်ဆွေက လုပ်ပေးနိုင်မယ့်အလုပ်တွေ စက်ရုပ်က လုပ်နိုင်ပါပြီ။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
သစ်ပင်လေးတွေ ရေလောင်းဖို့ မေ့နေတဲ့ သူတွေအတွက် ရေလောင်းဖို့ သတိပေးတဲ့ ပန်းအိုးလေးတွေ ဝယ်နိုင်ပါပြီ။ ပစ္စည်းလေးတခုတည်းကနေ တူရိယာမျိုးစုံတီးနိုင်အောင် လုပ်ပေးထားတဲ့ Joue ဆိုတဲ့ ကရိယာလေးကို ပြင်သစ်ဂီတပညာရှင်တဦး တီထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး ပြောပြထားပါတယ်။
အီရန်နဲ့ အမေရိကန်အကြား အပြန်အလှန် လက်တုံ့ပြန်မယ့် ခြိမ်းခြောက်မှုတွေ တိုးလာနေချိန်မှာပဲ နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်ရဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။ Henry Ridgwell လန်ဒန်က ပေးပို့တဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက ပြောပြပါ့မယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတော့ အတိတ်ဆိုးစွန့်ပစ်အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသမှာ ရှိတဲ့ ကမ္ဘာအနက်ဆုံး Baikal ရေကန် အောက်ခြေကိုတော့ ခဲနေတဲ့ ရေမျက်နှာပြင်ကို ခွဲပြီး လူသုံးယောက် ဘာသွားလုပ်ပါသလဲ။ မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း ပြောပြထားပါတယ်။
ဘရွန်ဒီနိုင်ငံမှာ စွန့်ဦးလုပ်ငန်းရှင်တဦးက ငှက်ဖျားရောဂါကာကွယ်နိုင်တဲ့ အလှကုန်ပစ္စည်းတွေ စမ်းသပ်ထုတ်လုပ်လိုက်ပါတယ်။ ဂျပန်နိုင်ငံ ပေါင်မုန့်ဆိုင်တခုက ပုံရိပ်ဖတ်နည်းပညာကို ငွေရှင်းကောင်တာမှာသုံးနေပါတယ်။ ဒီလို ၂၀၁၉ ခုနှစ်အတွင်း ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဟန်ဂေရီက Santa တချို့က အဝတ်အစားပါတယ် ဆိုရုံနဲ့ အပြေးပြိုင်ပွဲကျင်းပနေပါတယ်။ လစ်သူရေးနီးယန်း နိုင်ငံမှာတော့ လေယာဉ်ပေါ်မသယ်ရ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ ခရစ်စမတ်သစ်ပင်ကို အလှဆင်ထားတာပါ။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း ပြောပြထားပါတယ်။
ပါကစ္စတန်သမ္မတဟောင်း Pervez Musharraf ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပါကစ္စတန် အထူးတရားရုံးတခုက သေဒဏ်ချမှတ်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယာယီ ရပ်ဆိုင်းခဲ့တာတွေနဲ့ဆက်နွယ်ပြီး ချမှတ်တာပါ။ Jeff Custer သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က ရပ်တည် ခုခံ လျှောက်လဲခဲ့တဲ့ ကနေဒါနိုင်ငံက အကျိုးဆောင် ရှေ့နေ William Schabas ဟာ အရင်က Al Jazeera ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မူဆလင် တွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ဝေဖန်ခဲ့ဖူး သူ ဖြစ်တယ်ဆိုပြီး ဂမ်ဘီယာရှေ့နေတွေက နယ်သာလန်နိုင်ငံ
ပိုလန်နိုင်ငံမှာတော့ အမျိုးသမီးတဦး ပိုလန်ရိုးရာဖက်ထုပ်ကို တနာရီအတွင်း ထောင်ကျော်လုပ်ပြီး ဂီးနစ်စံချိန် တင်သွားပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ပြင်သစ်ဂျက်မိုးပျံသမား ၂ ယောက်ဟာ စူပါလူစွမ်းကောင်းတွေလို မိုးပျံပြခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း ပြောပြထားပါတယ်။
၂၀ ရာစုအစမှာ မီးရထားသယ်ယူပို့ဆောင်ရေးစနစ် စတင်မွေးဖွားခဲ့ပါတယ်။ ဆလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်းက သမိုင်းဝင် မီးရထားလမ်း တခုကတော့ ဩစတြီးယား နဲ့ ဂျာမနီ ဆက်သွယ်ထားပြီး Adriatic ပင်လယ်ထွက်ပေါက် ဆိပ်ကမ်းမြို့ကို ရောက်ပါတယ်။
ဘယ်ဂျီယံမှာ အသက် ၉ နှစ်ပဲ ရှိသေးတဲ့ ကလေး တက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့ရတော့မှာ ဖြစ်ပါတယ်။ ဂရိနိုင်ငံမှာတော့ သတင်းထောက်တယောက် TV တိုက်ရိုက်သတင်းပေးပို့နေတုန်း ဝက်တစ်ကောင် လိုက်ကိုက်ခဲ့တာပါ။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်