ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက်နိုင်ငံတော်တော်များများ မှာအသက်ရှုစက်လိုအပ်ချက်တွေ ရှိနေတာကြောင့် ဂျာမန်တက္ကသိုလ် တစ်ခုဟာ ရိုးရှင်းတဲ့ အသက်ရှုစက်တမျိုးကို တီထွင်လိုက် ပြီးနေ ပြန်ကောင်းလာပြီဖြစ်တဲ့ လူနာတွေ အတွက်သုံးရမှာပါ။ အသက်အန္တရာယ်ရှိသေးတဲ့ လူနာအတွက်ကတော့ အဆင့်မြင့်စက်တွေကို သုံးရမှာ ဖြစ်တယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအတည်ပြုနိုင်တဲ့ လူနာ ၁ သောင်း ၈ ထောင် ကျော် ရှိနေတဲ့ နယူးယောက် မြို့ကြီးမှာ ဆရာဝန်တွေ သူနာပြုတွေဟာ ရှေ့တန်းက နေကပ်ရောဂါကြီးကို ရင်ဆိုင်နေရတာပါ။ သူတို့အတွက်အစားအသောက်တွေ အလှူခံပြီး ပို့ပေးနေတဲ့ စားသောက်ဆိုင် တစ်ခု အကြောင်းကို Aaron Fedor သတင်းပေးပို့ထားတာကို တင်ပြပေးပါ့မယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး အဓိက ကူးစက် ရာ နေရာ ဖြစ်လာတဲ့ အမေရိကန် နိုင်ငံ နယူးယောက် မြို့က ဆေးရုံတွေကို အကူအညီပေးဖို့အတွက် အမေရိကန် ရေတပ် ဆေးရုံ သင်္ဘော USNS Comfort သင်္ဘော ဟာ နယူးယောက် ဆိပ်ကမ်းကို ဆိုက်ရောက်လာပါပြီ။ နယူးယောက်မြို့တော်ဝန်ကလည်း ဒီသင်္ဘောကို ကြိုဆိုတဲ့အကြောင်း ဗီအိုအေ ကို ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ နဲ့ ပတ်သက်ပြီး ကုသအကူအညီပေးဖို့ အမေရိကန် ရေတပ် ဆေးရုံ သင်္ဘော USNS Comfort ဟာ ဗာဂျီးနီးယား ပြည်နယ် Norfolk ဆိပ်ကမ်းကနေ နယူးယောက် ဆိပ်ကမ်းကို ထွက်ခွာသွားပါပြီ။ သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် Norfolk ကို သွားရောက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။
ကိုရိုနာကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာ အီရတ်ပန်းဆိုင်က လက်သန့်ဆေးရည်တွေ၊ ပိုးသတ်ဆေးတွေ၊ နှာခေါင်းစည်းတွေနဲ့ လက်ဆောင်ခြင်း လုပ်ရောင်းပါတယ်။ နယ်သာလန်မှာ နှစ်စဉ်ကျင်းပနေကြ ပန်းပွဲတော်ပျက်သွားပြီး ပန်းတွေကို ဖျက်ဆီးပစ်ခဲ့ရပါတယ်။ ထုူးခြားဆန်းပြားသတင်းများကို ငြိမ်းချမ်းနဲ့ ခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေ ဖြစ်နေချိန်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အမေရိကန်တွေ ဧပြီလ ၁၂ ရက်နေ့ မှာ အလုပ်တွေ ပြန်စလုပ်မယ်လို့ အင်္ဂါနေ့ က ပြောဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အဓိက ပျံ့ပွားရာ နောက်ထပ် နေရာတစ်ခု ဖြစ်လာမယ်လို့ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကသတိပေးထားပါတယ်။
ကင်ညာနိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာ နဲ့ တပြိုင်နက် ဘာသာရေး ဝတ်ပြုဆုတောင်းပွဲ ပုံစံတွေ ပါ ပြောင်းလဲလိုက်ကြပါတယ်။ ဘာသာပေါင်းစုံက ဆုတောင်းပွဲတွေကို ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ Rashid Ronald သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပေးပါမယ်။
ရုရှားနိုင်ငံက အသက် ၈၀ အရွယ် အဖွားအို တယောက်ဟာ ရေခဲပြင်ဟောကီ အားကစားသမား ဖြစ်ဖို့အတွက် လေ့ကျင့်နေပါတယ်။ အင်ဒိုနီးရှားမှာတော့ စွန့်ဦးတီထွင်လူငယ်တစ်ယောက် ဟာ ကြက်ခြေထောက်အရေပြားတွေကို ဖိနပ်သားရေ အဖြစ် ချုပ်လုပ်နေပါတယ်။ ထုူးခြားဆန်းပြားသတင်းများကို ငြိမ်းချမ်းနဲ့ ခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကမ္ဘာ ဈေးကွက် ပျက်နေချိန်မှာ တချို့လေ့လာသူတွေက ကမ္ဘာစီးပွားပျက်ကပ် ဆိုက်နိုင်တယ်လို့ သတိပေးနေပါတယ်။ ရောဂါကူးစက်မှု အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတချို့မှာ ထိခိုက်မှုတွေ ကြုံတွေ နေရတဲ့အကြောင်း Seoul မြို့ကနေ Bill Gallo သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရုရှားက ရေမွှေးအသစ်ကတော့ အာဏာရှင်ဟောင်း Stalin လက်ထက်က ကြောက်စရာခံစားမှုမျိုးရအောင် ဖန်တီးပေးထားပါတယ် ။ ဂျပန်မှာ မွေးရာပါ ကျောရိုးချို့ယွင်းရောဂါရှိသူက လမ်းမလျှောက်နိုင်ပေမယ့် အကတော့ ကျွမ်းပါတယ်။ ထုူးခြားဆန်းပြားသတင်းများကို ငြိမ်းချမ်းနဲ့ အလိမ္မာ တင်ဆက်ထားပါတယ်။
(Zawgyi / Unicode) ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကမ္ဘာ့ ဈေးကွက် ပျက်နေချိန်မှာ တချို့လေ့လာသူတွေက ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်နိုင်တယ်လို့ သတိပေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေကြောင့် စတော့ရှယ်ယာဈေးတွေနဲ့ ရေနံဈေးထိခိုက်နေတဲ့ အခြေအနေကို သိပ် အရေးမကြီးသယောင် အမေရိကန်သမ္မတ Trump က လျော့ပေါ့ ပြောဆိုပါတယ်။ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ပြေလျော့ရေး ကြိုးပမ်းမှုတွေအကြောင်း Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ရုရှားမှာ ဆောင်းရာသီကုန်ဆုံးမှုအထိမ်းအမှတ်နဲ့ရော၊ ကျန်းမာရေးကောင်းအောင်ဆိုပြီးရော ရေခဲရေချိုးပွဲကျင်းပခဲ့ပါတယ်။ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေကို စက်ရုပ်သုံးပြီး ကိုယ်အပူချိန်တိုင်းတာ၊ သလိပ်နမူနာယူတာတွေ လုပ်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ အလိမ္မာတို့ ပြောပြပါမယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မှာ တယောက်ဝါသနာရှင်တဦး ထူးထူးခြားခြား ခွဲစိတ်မှုခံယူစဉ်မှာတောင် တယောထိုးနေခဲ့ပါတယ်။ နောက်ထူးခြားတဲ့ ပြိုင်ပွဲတခုကတော့ အနောက်တိုင်းမုန့်ပြားသလက်လို့ ပြောရမယ့် ပန်ကိတ်လုပ်နေတုန်း အပြေးပြိုင်တာပါ။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မအလိမ္မာ တင်ဆက်ထားပါတယ်။
အာကာသယာဉ်မှူးတယောက်အတွက် အာသာဝတ်စုံ ဝတ်ထားရင် လှုပ်ရှားရတာ အလွန်ခက်ခဲပြီး၊ အလွယ်ကူဆုံး ကိစ္စဖြစ်တဲ့ ကျောက်ခဲလေး တစ်လုံးကောက်ဖို့ တောင်ခက်ခဲတတ်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ရက် မီဒီယာတွေက ရယူသုံးစွဲသူတွေထဲ အများစုဟာ အာဖရိကနွယ်ဖွား အမေရိကန်တွေဖြစ်တယ်လို့ Nielsen သုတေသန စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲနဲ့ လူမှုကွန်ရက်အသုံးပြုမှုအကြောင်း Chris simkims သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ရုရှားနိုင်ငံ ပင်စင်စားအမျိုးသမီးကြီးတဦး စွန့်ပစ်ပလက်စတစ်ဗူးအဖုံးလေးတွေကို သုံးပြီး ပန်းချီကားတွေဖန်တီးနေပါတယ်။ မိခင်တဦးဟာ တမလွန်ကသမီးငယ်လေးတွေ့ဖို့ VR ပုံရိပ်တု နည်းပညာကိုသုံးပြီးကြိုးစားခဲ့ပါတယ်။ ဒီလိုကမာ့္ဘဒေသအနှံ့က ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ အလိမ္မာတို့ ပြောပြထားပါတယ်။
အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဆွေးနွေးနေတဲ့တချိန်တည်းမှာ သန်းနဲ့ချီတဲ့ အာဖဂန် ဒုက္ခသည်တွေ အရေးဟာလည်း မျှော်လင့်ချက်တွေ ရှိလာနေပါပြီ။
အရှေ့အာဖရိကမှာ ကန္တာရ ကျိုင်းကောင်တွေ ကျရောက်နေပြီး ယူဂန်ဒါနိုင်ငံမှာ ဒီကျိုင်းကောင်တွေကို နှိမ်နင်းဖို့ စစ်တပ်ကို စေလွှတ်ထားပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်း ဒီအပင်ဖျက်ပိုးတွေရဲ့ အန္တရာယ် ပိုဆိုးလာမှာကို စိုးရိမ်နေရကြောင်း Halima Athumani ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ သူများဝါးပြီးသား ပစ်ထားတဲ့ပီကယ်တွေကို ပန်းချီလိုက် ဆွဲနေတဲ့ သူတဦးရဲ့ လက်ရာတွေအကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်မှာ စက်ရုပ်ကလေး Timea ဟာ fast-food အမြန်ရ အစားအသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးတဲ့အကြောင်း ကိုငြိမ်းချမ်းနဲ့ မအလိမ္မာတို့ကတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်