အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကျန်းမာရေးဌာနဟာ ကမ္ဘာ့အကောင်းဆုံးတွေ ထဲက တစ်ခုဖြစ်ပေမဲ့လည်း ကိုရိုနာကပ်ရောဂါ ကူးစက်မှုအရေအတွက်များလွန်းတဲ့တာကြောင့်မနိုင်မနင်း ဖြစ်ခဲ့ရပါတယ်။ နယူးယောက်ကျန်းမာရေးကော်မရှင်နာမင်းကြီးဟောင်း ဒေါက်တာ Tom Frieden ကပြည်သူ့ကျန်းမာရေး စနစ် ကောင်းရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။
မလေးရှားနိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်ထားတာတွေ ကို တနင်္လာနေ့ကစပြီး ဖြေလျှော့ပေးလိုက်ပါပြီ။ ရောဂါ ကူးစက်မှာ စိုးရိမ်မှုတချို့ ရှိနေပေမဲ့လည်း ရုံးတွေ၊ လမ်းတွေမှာ လူတွေ၊ ကားတွေ ပြန်ထွက်လာကြတဲ့ကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။
ပြီးခဲ့တဲ့ ပိတ်ရက် တွေ အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေရီလန်း ပြည်နယ်မှာရှိတဲ့ Camp David အပန်းဖြေစခန်းမှာ အနားယူခဲ့ပြီး ကိုရိုနာကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတကာ မြို့ကြီးတွေလည်း ပြန်လည် ဖွင့်လှစ်နေပါပြီ။ ကမ္ဘာတဝန်းက ကိုရိုနာကပ်ရောဂါ အခြေအနေတွေကို စုစည်းတင်ပြထားပါတယ်။
အီရတ်က ကိတ်မုန့်ဆိုင်တခုဟာ ကိုရိုနာဗိုင်းရပ်စ်ပုံအလှဆင်ထားတဲ့ ကိတ်မုန့်လေးတွေ ပြုလုပ်ရောင်းချနေပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် ဆိုင်တွေပိတ်ရပေမယ့် အဖော်အချွတ်ကလပ်တခုကတော့ ကားပေါ်ကမဆင်းပဲ လာကြည့်နိုင်အောင် စီစဉ်ပေးထားတာပါ။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကူးစက်မှု လျှော့ချနိုင်ဖို့အတွက် လူတွေ အိမ်မှာ ဆက်နေကြတဲ့တချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ၊ ပြတိုက်တွေ နဲ့ တခြားဖျော်ဖြေရေးလုပ်ငန်းတွေ ဟာ လူတွေ အပျင်းပြေစေဖို့ အွန်လိုင်းကနေ အခမဲ့ ဖျော်ဖြေတာတွေ၊ သင်တန်းပေးတာတွေ လုပ်ဆောင်နေကြပါတယ်။
Covid-19 ရောဂါ ကနေ သက်သာသွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ တနင်္လာနေ့က ရုံး ပြန်တက်ခဲ့ပြီး အသွားအလာ ကန့်သတ်ထားတာကို ဖြေလေ ျှာ့ပေးဖို့ အန္တရာယ်များသေးတယ်လို့ ပြောပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ရိုက်တာ သတင်းကို အခြေခံပြီး တင်ပြပေးပါ့မယ်။
အမေရိကန် တက္ကသိုလ် နဲ့ ကောလိပ်တော်တော်များများကနေ အွန်လိုင်း ဘွဲ့ ယူလို့ရတဲ့ အစီအစဉ်တွေ ရှိပြီး ဖြစ်ပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျောင်းအများစု ဟာ အွန်လိုင်းကနေသင်ကြားဖို့ ပြောင်းလဲလိုက်ကြပါတယ်။ ဒါပေမဲ့လည်း အခြေအနေသစ်ဟာ ကျောင်းသားတွေ နဲ့ စာသင်ပေးသူတွေ အတွက် စိတ်ရှုပ်စရာ ဖြစ်နေသေးပါတယ်
တောင်ကိုးရီးယားကျောင်းအုပ်ဆရာကြီး Frozen ရုပ်ရှင်ထဲကဇာတ်ကောင် Elsa လို သရုပ်ဆောင်တဲ့ ဗီဒီယို အင်တာနက်မှာ လူကြိုက်များနေပါတယ်။ အမေရိကားမှာ အိမ်ထဲနေကြရသူတွေကို တယောဆရာမက ဆိုက်ကားနဲ့ လိုက်ဖျော်ဖြေနေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန် ဆေးပညာရှင်အဖွဲ့အစည်းတွေ ဟာ covid-19 နဲ့ ပတ်သက်တဲ့ သေဆုံးရတဲ့ အချက်အလက်တွေကို ကောက်ယူဖို့ Trump အစိုးရ ကို တိုက်တွန်း နေပါတယ်။ လက်ရှိ ကောက်ယူထားတဲ့ အချက်အလက်တွေ အရတော့ အာဖရိကန် အမေရိကန် တွေဟာ လူဖြူတွေ ထက် ကြောက်စရာကောင်းလောက်တဲ့ နှုန်းနဲ့ သေဆုံး နေကြပါတယ်။
အမေရိကန် နိုင်ငံ နယူးယောက် တက္ကသိုလ်က ပါမောက္ခတစ်ဦးဟာ ကမ္ဘာတစ်ဝန်းက လူမှုရေး သိပ္ပံပညာရှင်တွေ ဖိတ်ခေါ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ ဆေးပညာကျွမ်းကျင်သူတွေကို ကူညီဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ခန့်မှန်း သုတေသနပြု ဟန့်တားနိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Covid-19 ကပ်ရောဂါ ကာလကြီးမှာ လူတွေ တဦး နဲ့ တဦး ခပ်ခွာခွာ နေ နေရပေမဲ့လည်း အိမ်နီးချင်းတွေ က နီးစပ်ဖို့ အကြောင်းဖန်တီးနေကြပါတယ်။ Teddy Bears ဝက်ဝံအရုပ် ရှာဖွေတဲ့ ကစားနည်း နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားပေးတဲ့ အနေနဲ့ လက်ခုပ်တီး တာမျိုးတွေ အိမ်နီးချင်းတွေ စုပေါင်း လုပ်ဆောင်နေကြတာပါ။
တရုတ်နိုင်ငံဝူဟန်မြို့က ဆံသဆရာတယောက်က ရောဂါပိုးမကူးအောင် ပလက်စတစ်ပုလင်း နှာခေါင်းစည်းတမျိုး တီထွင်ပြီး အသုံးပြုနေပါတယ်။ အိန္ဒိယကတီထွင်သူကတော့ ဗိုင်းရပ်စ် ပုံစံကားတစ်စီးကို တီထွင်ပြီး လမ်းပေါ်မောင်းရင်း သတိပေးနေပါတယ်။ ဒီလို ထုူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အထွဋ်အထိပ် ရောက်နေပြီ လို့ယူဆရတဲ့ အချိန်မှာ နိုင်ငံရေးသမားတွေ၊ စီးပွားရေး ပညာရှင်တွေ နဲ့ ဆရာဝန်တွေ က စီးပွားရေး လုပ်ငန်းတွေ ဘေးအန္တရာယ်ကင်းကင်း နဲ့ ပြန်ဖွင့်ဖို့ တိုင်ပင်နေကြပါတယ်။ အဲ့ဒီအတွက် ဘယ်သူ့မှာ အခွင့်အာဏာရှိသလဲ ဆိုတာ ကိုပါ ငြင်းခုန်နေကြတာပါ။
အာဖဂန်နစ္စတန် နိုင်ငံ Ghanzni ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အတွက် အကာအကွယ်ပစ္စည်းတွေ ဖြန့်ဝေပေးထားတယ်လို့ ရဲဌာနက ပြောပါတယ်။ ဒါပေမဲ့လည်း ရဲတပ်ဖွဲ့ဝင်တိုင်းအတွက် လုံလောက်တဲ့ ပစ္စည်းတွေ မရှိတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်မှာ စိုးရိမ်ရတဲ့အကြောင်းရဲတွေ က ပြောပါတယ်။
ကပ်ရောဂါ အကျပ်အတည်းကာလကြီးမှာ အထိခိုက်ရဆုံးသူတွေကတော့ ဆင်းရဲသူတွေ၊ မကျန်းမာတဲ့သူတွေ နဲ့ အသက်ကြီးတဲ့ သူတွေပါ။ အမေရိကန် နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီမှာ ကြင်နာတတ်တဲ့သူတွေ၊ တာဝန်သိတဲ့စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်းပြီး ဒုက္ခရောက်နေတဲ့သူတွေ ကို ဘယ်လိုကူညီနေသလဲဆိုတာ ပြောပြပေးပါ့မယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ၂ ဆ တိုးလာပြီး အမေရိကန် ၅ သိန်းကျော်ဟာ covid-19 ရောဂါ ကုသမှုခံယူနေရတယ်လို့ ရောဂါကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး ဌာန CDC က ထုတ်ပြန်ပါတယ်။ ဒီရောဂါကြောင့် အမေရိကန် မှာ လူတန်းစား ၂ မျိုး ဘယ်လို ကွဲပြားသွားသလဲဆိုတဲ့အကြောင်း ပာပြပေးပါ့မယ်။
ကိုရိုဗိုင်းရပ်စ်ပိုး ကူးစက်မှာ ကို ကြောက်နေရတဲ့အချိန် အမေရိကန် နိုင်ငံ ဝစ်ကွန်ဆင် ပြည်နယ်က မဲဆန္ဒရှင်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ က မဲပေးခဲ့ကြပါတယ်။ ဒီမိုကရက် ပြည်နယ် အုပ်ချုပ်ရေးမှူး ရဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းတဲ့ အမိန့်ကို ပြည်နယ် တရားရုံးချုပ်က ပယ်ဖျက်ပြီး ရွေးကောက်ပွဲကျင်းပခဲ့တာပါ။
မတ် လ ကုန်ပိုင်းမှာ အမေရိကန် သမ္မတ ထရမ့် နဲ့ ရုရှားသမ္မတ ပူတင်တို့ ဖုန်း စကားပြောပြီးတဲ့နောက် ရုရှားက ဆေးဝါး နဲ့ စက်ပစ္စည်း တန် ၆၀ အမေရိကန် ပြည်ထောင်စု ကို ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားတို့ရဲ့ အကူအညီဟာ လူသားချင်းစာနာမှုတခုတည်း သက်သက်ချည်းတော့ မဟုတ်ဘူးတဲ့ အကြောင်း ပြောပြပေးပါ့မယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုက္ခရောက်ရတဲ့ နိုင်ငံတွေကို အကူအညီပေးပြီးတော့ တရုတ်နိုင်ငံဟာသူ့ပုံရိပ်ကိုတက်အောင်လုပ်နေတဲ့တချိန်တည်းမှာပဲ အမေရိကန် ကိုလည်း ဗိုင်းရပ်စ် စဖြန်ခဲ့တယ်လို့ သတင်းမှားတွေ ဖြန့်ချီ စွပ်စွဲခဲ့ပြီး နိုင်ငံတွင်းကပိုးကူးစက်မှုပြင်းထန်တာကိုလည်း ဖုံးထားခဲ့တယ်လို့ လေ့လာသူတွေကသုံးသပ်ပါတယ်။
တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁ သန်းကျော် သွားပြီးတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အဆိုးဆုံး အချိန်တွေ ကျော်ဖြတ်ရဦးမယ်ဆိုပြီး ပြောနေပါတယ်။ လက်ရှိမှာတော့ ပြည်နယ် ၄၂ ခုမှာ အသွားအလာတွေ ကန့်သတ်ထားပါတယ်။ Carolyn presutti သတင်းပေးပို့ထားတာကို ပြောပြပါ့မယ်။
နောက်ထပ်ကြည့်ရှုရန်