သမ္မတထရမ့် မိန့်ခွန်း မပြောခင် အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကို ကြိုတင်ရှင်းလင်း
ဆန္ဒပြပွဲတွေ နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတထရမ့် မိန့်ခွန်းပြော
လူမည်းအမျိုးသား George Floyd သေဆုံးမှုကြောင့် အမေရိကန် နိုင်ငံတဝန်းက မြို့ကြီးတွေမှာဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီးအကြမ်းဖက်၊ မီးရှို့၊ လုယက်မှုတွေ ကြောင့် အဲ့ဒီမြို့တွေမှာညမထွက်ရ အမိန့်တွေကိုထုတ်ပြန်ထားရပါတယ်။ ဗြိတိန်၊ ဂျာမနီ နဲ့ ကနေဒါ နိုင်ငံတွေမှာလည်း သွေးစည်းညီညွှတ်မှု ပြတဲ့ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံ မင်နီရားပိုးလစ် မြို့ က ရဲတွေ ဖမ်းဆီးချိန်မှာ သေဆုံးခဲ့ရတဲ့ လူမည်း အမျိုးသား အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ သေဆုံးမှုအတွက် တာဝန်ရှိတဲ့ ရဲအရာရှိကို လူသေဆုံးစေမှု၊ လူသတ်ရန် ကြံရွယ်မှုမရှိပဲ သတ်မှုစွဲ ချက်တွေနဲ့ တရားစွဲထားပေမဲ့လည်းဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အကြောင်းတင်ပြပေးပါ့မယ်။
တောင်ကိုးရီးယားမှာ စက်ရုပ်တွေချည်း အလုပ်လုပ်တဲ့ ကော်ဖီဆိုင်တခုကို ဖွင့်လှစ်လိုက်ပါတယ်။ ကိုလံဘီယာနိုင်ငံမှာတော့ ဆေးရုံကုတင်အဖြစ်လည်းသုံးလ့ိုရ ခေါင်းတလားအဖြစ်လည်း သုံးလို့ရတဲ့ ကုတင်တီထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
တောင်ကိုးရီးယား နိုင်ငံက ကုမ္ပဏီတစ်ခုဟာ covid-19 ရောဂါ ကာကွယ်ဖို့ စက်ရုပ်တမျိုးကို တီထွင်လိုက်ပါတယ်။ ဒီစက်ရုပ်ဟာ လူတွေ ရဲ့ ကိုယ် အပူချိန် စစ်ဆေးပေးနိုင်သလို အခန်းတွင်း ပိုးသတ်တာတွေကိုလည်း လုပ်နိုင်ပါတယ်။ ဒီစက်ရုပ်အကြောင်း AP သတင်းဆောင်းပါး တစ်ပုဒ်ကို ကိုငြိမ်းချမ်း ပြောပြပေးပါမယ်။
ကိုရိုနာ ကပ်ရောဂါကာလအတွင်း လူစုလူဝေးတွေ မလုပ်ရတဲ့အတွက် ကမ္ဘာ့တဝန်းက ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို ပုံစံပြောင်းကျင်းပခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသားတွေ ရဲ့ ဘဝတစ်သက်တာ အမှတ်တရ ဖြစ်အောင် နဲ့ ဘေးကင်းအောင် စီစဉ်ခဲ့ရတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲ့ဒီထဲက တချို့အကြောင်း စုစည်း တင်ပြလိုက်ပါတယ်။
မေလ ၂၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံဘက် တရားဝင် ပြန်လာတဲ့ မြန်မာနိုင်ငံသား နှစ်ထောင်လောက်ရှိပါတယ်။ သူတို့ပြန်လာတဲ့ အခြေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စစ်ဆေးနေတဲ့ခြေအနေ AFP သတင်းဆောင်းပါးတပုဒ်ကို ကိုငြိမ်းချမ်း ပြောပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ပိုး ကာကွယ်ဆေး မထုတ်လုပ်နိုင်ခင် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအချိန်မှာလည်း လူတွေ လူတွေ ခပ်ခွာခွာနေရမယ့် စည်းကမ်းတွေ ကို လိုက်နာရဦးမှာပါ။ အဲ့ဒီအတွက် ကြိုတင်မဲပေးတာတွေ၊ စာတိုက်က မဲပေးတာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကာလ နိုင်ငံရေး ပစ်မှတ်တွေ ဖြစ်နေဦးမှာပါ။
အမေရိကန်မှာ သိုးထိန်းဖို့ အတွက် ခွေး စက်ရုပ်တကောင်ကို အမေရိကန်မှာစက်ရုပ်ကုမ္ပဏီတခု တီထွင်လိုက်ပါတယ်။ အစ္စရေးမှာတော့ နှာခေါင်းစည်းမဖြုတ်ပဲအစာစားလို့ ရတဲ့ နှာခေါင်းစည်း တမျိုးကို တီထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့တဝန်းက နောက်ထပ် ကလေးငယ် ၁၀ သန်းလောက် ကို အစာအာဟာရချို့တဲ့စေမယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ကြီး WFP က ခန့်မှန်းလိုက်ပါတယ်။ အသက်အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ အာဟာချို့တဲ့မှုဟာ ၂၀ % လောက် တိုးလာနိုင်တယ်လို့ WFP က ခန့်မှန်းထားတဲ့အကြောင်း ပြောပြပေးပါ့မယ်။
တောင်ကိုးရီးနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း Korean Air ဟာ ကိုရိုနာ ကပ်ရောဂါ ကာလအတွင်း ခရီးသည်တွေ ဘေးကင်းလုံခြုံရေးအတွက် လူတွေ ခပ်ခွာခွာနေနိုင်ဖို့ အစီအစဉ်တွေလုပ်ပြီး ခရီးစဉ်တွေကို ပြန်လည် ပြေးဆွဲနေတဲ့အကြောင်း Reuters သတင်းတစ်ပုဒ်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါ့မယ်။
ကိုရိုနာကပ်ရောဂါ ကာလ အတွင်း ပြင်သစ်နိုင်ငံမှာ ဘေးကင်းလုံခြုံတဲ့ သွားလာရေး နည်းလမ်း တစ်ခုအဖြစ် စက်ဘီး စီး ပြန်သင်နေကြတဲ့အကြောင်း AFP သတင်းဆောင်းပါးတစ်ပုဒ်ကို ကိုငြိမ်းချမ်း ပြောပြပေးပါ့မယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က စီးပွားရေး လုပ်ငန်းတချို့ကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ပြည်နယ်အတွင်း လူအနည်းဆုံး ၇ သောင်းကျော် covid-19 ရောဂါ ကူးစက်ခံရပြီး ၃ ထောင်နီးပါး သေဆုံးခဲ့ရအပြီး မှာ အခြေအနေ အသစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြည်သူတွေ ပြုပြင်ပြောင်းလဲနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၅ နှစ်သား ကလေးတယောက် ကားအကောင်းစားဝယ်ဖို့ ၃ ဒေါ်လာနဲ့ အိမ်ကနေကားမောင်းထွက်သွားခဲ့ပါတယ်။ ကိုရိုနာကပ်ဘေးကာလအတွင်း စားသောက်ဆိုင်မှာ သွားစားချင်သူတွေအတွက် လူနှစ်ယောက်စာ ဖန်လုံအိမ်လေးတွေ နယ်သာလန်မှာရှိပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကိုဗစ် ကပ်ရောဂါ ဘေး ကာလ လူတွေ ခပ်ခွာခွာနေရမယ့် စည်းကမ်းတွေကို လျော့ရဲရဲ ဖြစ်နေတာ ကို ပြတဲ့ လေယာဉ် ပေါ်မှာ လူတွေ ပြည့်နေတဲ့ ပုံကို လူမှုကွန်ယက် ပေါ်မှာ တင်လိုက်တဲ့ အခါ ဝေဖန်သံတွေ ဆူညံသွားပါတယ်။ လကြောင်းလိုင်းကြီးတွေ ငွေကြေးအရ ဆုံးရှုံးနေတဲ့ တချိန်တည်းမှာ လေယာဉ်တွေကိုလည်း ဆက်လက်ပျံသန်းဖို့ လုပ်နေရပါတယ်။
ကိုရိုနာကပ်ဘေးကြောင့် ထိခိုက်ရတာတွေထဲမှာ အခမ်းအနားနဲ့ ပွဲစီစဉ်သူတွေ ပါဝင်ပါတယ်။ ၂၀၂၀ ခုနှစ် အမေရိကန် မှာ ကျင်းပမယ့် ပွဲတွေထဲမှာ သမ္မတလောင်း ရွေးချယ်မယ့် ညီလာခံတွေ က အကြီးဆုံးဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး ဆိုင်ရာ ညီလာခံတွေကို အွန်လိုင်းကနေ ဘယ်လိုကျင်းပမလဲဆိုတာ စဉ်းစားနေကြပါတယ်။
Covid-19 ကပ်ရောဂါကြောင့် သေဆုံးသွားရသူတွေ အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အိမ်ဖြူတော် အမျိုးသား ဆုတောင်းပွဲနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်းဘာသာရေးအဖွဲ့အစည်းတွေလိုက်နာဖို့ ထုတ်ပြန်ထားတဲ့ CDC ကလမ်းညွှန်ချက်တွေကို အစိုးရ က ပိတ်ပင်ခဲ့တဲ့အတွက်ဝေဖန်ခံနေပါတယ်။
လူရှင်းနေတဲ့ နယူးယောက်မြို့ Time Square မှာ နွားကျောင်းသားဂစ်တာသမား အတွင်းခံနဲ့ပဲ ဖျော်ဖြေနေပါတယ်။ ပါရီမြို့တော်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးအဖြစ် ရုပ်တုတွေကို နှာခေါင်းစည်းတွေ လိုက်တပ်ပေးနေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အာရှတိုက်က ထောင်စုနှစ် မျိုးဆက် လူငယ်တွေဟာ အိမ်ကနေ အလုပ်လုပ်ကြရတဲ့အတွက် ပိုလာတဲ့အချိန်တွေမှာ များများ နားရသလို သူတို့ ဝါသနာပါတာတွေ လုပ်နိုင်တယ်လို့ပြောပါတယ်။ အလုပ်ခွင်မှာ ရှိတတ်တဲ့ လူကြီးက အကောင်းဆုံးကို သိတယ်ဆိုတဲ့ အထက်အောက် ဆက်ဆံရေးမျိုးကနေ ကင်းဝေးသွားတယ်လို့တချို့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်