အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်အတွက်ကတော့ စကားကို တည့်ပြောတတ်တဲ့ နိုင်ငံရေးသမားအဖြစ် ပုံဖော်တဲ့နေရာမှာ Twitter လူမှုကွန်ယက်ဟာ အရေးပါပါတယ်။ ဒါပေမဲ့လည်း သမ္မတထရမ့်ရဲ့ ရေးသားတွေမှာ အကောက်အယူမှားနိုင်တဲ့ အခါမှာတော့ twitter အနေနဲ့ သတိပေးချက်စာသားတွေ ထည့်သွင်းလာပါတယ်။ တခြားလူမှုကွန်ယက်တွေ ဖြစ်တဲ့ Facebook နဲ့ Sna
ဂျာမနီမှာ Covid -19 ရောဂါကို ကာကွယ်ဖို့ လူတွေ တဦးနဲ့တဦး သိပ်ကပ်သွားရင် အသံမြည်မယ့်စက်လေး တီထွင်လိုက်ပါတယ်။ ထိုင်းမှာတော့ မျက်နှာကာ ပလပ်စတစ်ပြားတွေကို ဒီဇိုင်းအဆန်းတွေဆွဲပြီး ထုတ်လုပ်တာ အလုပ်ဖြစ်နေတာပါ။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန် တရားရုံးချုပ်က Deferred Action plan for Childhood Arrivals (DACA) လို့ ခေါ်တဲ့ ကလေးဘဝတုန်းက အမေရိကန် ကို မိဘတွေ နဲ့ အတူ စာရွက်စာတမ်းမရှိပဲရောက်လာတဲ့ ကလေးတွေကို အမေရိကန် မှာနေထိုင် အလုပ်လုပ်ခွင့်ပေးတဲ့ အစီအစဉ် ကို ထရမ့် အစိုးရက ရပ်ဆိုင်းခဲ့တာဟာ တရားဥပဒေ နဲ့ မညီဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတအမိန့် တရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက်မှာ အမေရိကန် အထက်လွှတ်တော် ရီပါဗလစ်ကန်အမတ်တွေ ဦးဆောင်ရေးဆွဲတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ကို ကိုငြိမ်းချမ်းကမေးမြန်းထားပါတယ်။
အင်္ဂါနေ့တုန်းကလည်း ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတအမိန့် တရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် အထက်လွှတ်တော် ရီပါဗလစ်ကန်အမတ်တွေ ဦးဆောင်ရေးဆွဲတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ဟာ အင်္ဂါနေ့က ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး နဲ့ ရဲတပ်ဖွဲ့အတွင်း တာဝန်ယူ၊ တာဝန်ခံမှုမြှင့်မားလာစေရေးကို ရည်ရွယ်ပြီး လူ့အသိုင်းအဝိုင်းတွေလုံခြုံစေမယ့် ဘေးအန္တရာယ်ကင်းတဲ့ ရဲတပ်ဖွဲ့ လုပ်ငန်းစဉ်လို့ နာမည်ပေးထားတဲ့ အမိန့်တစ်ရပ်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု တဝန်း မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ အတွင်း အကြမ်းဖက်မှုတွေဟာ Antifa ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့က လုပ်တာလို့ တချို့ တာဝန်ရှိသူတွေ စွပ်စွဲ ပြစ်တင်ပါတယ်။ အမေရိကန် သမ္မတ ထရမ့် ကိုယ်တိုင် Antifa အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ချင်တယ်လို့ ရေးခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံက ကနူးလှေလှော်အားကစားသမားတစ်ယောက်ကတော့ ကလေးရေကူးကန်ထဲမှာ အိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်နေပါတယ်။ ရုရှားမှာ ဆံသဆရာတယောက် ၄၈ နာရီလုံးမအိပ်ပဲ လူပေါင်း ၉၀ ကျော်ကို ဆံပင်ညှပ်ပေးခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
George Floyd သေဆုံးသွားရပြီးတဲ့နောက် Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ် လို့ ကြွေးကြော်ပြီး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာ့အနှံ့ပေါ်ပေါက်ခဲ့ရပါတယ်။ အမေရိကန် သမ္မတထရမ့်အစိုးရဟာ ဒီလှုပ်ရှားမှုအပေါ် ဘယ်လိုတုံ့ပြန်နေသလဲ၊ ဒီလူထုလှုပ်ရှားမှုနောက်ဆက်တွဲ အခြေအနေတွေကို ဆွေးနွေးထားပါတယ်။
လူမည်းအမျိုးသား George Floyd ရဲလက်ထဲမှာ သေဆုံးသွားရပြီးတဲ့နောက် Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ် လို့ ကြွေးကြော်ပြီး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာ့အနှံ့ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလူထုလှုပ်ရှားမှုနောက်ဆက်တွဲ အခြေအနေတွေကိုအယ်ဒီတာ ဦးကျော်ဇံသာကို ငြိမ်းချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန် တက္ကဆက် နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေ မှာ လူရာနဲ့ ချီ တက်ရောက်တဲ့ လူမည်းအမျိုးသား George Floyd ရဲ့ ဈာပန အခမ်းအနား တွေကျင်းပခဲ့ကြပါတယ်။တချိန်တည်းမှာပဲ ဝါရှင်တန်ဒီစီမှာလည်း အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်ပြီး ရဲတွေကို ပြုပြင်ပြောင်းလဲဖို့ ဥပဒေကြမ်း တခု အဆိုတင်သွင်းခဲ့ပါတယ်။
လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ အဖွဲ့တွေ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မှာ covid-19 ရောဂါပိုးကူးစက်ပျံ့နှံ့နေတဲ့အတွက် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်နေကြပါတယ်။ ပြင်ဆင်ထားတာတွေမှာ တိုးတက်မှုတချို့ရှိပေမဲ့လည်း ရောဂါကူးစက်မှု များပြားခဲ့ရင်တော့ ကုသမှုကို ခွဲတမ်း နဲ့ လုပ်ဆောင်ရနိုင်ချေရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်အတွင်း လူမည်းအမျိုးသား Geroge Floyd သေဆုံးသွားအတွက် တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို ဘာတွေ ပြောင်းလဲသွား သလဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ ဗီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်း ဆက်သွယ်မေးမြန်းထားပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်က အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်အတွင်း လူမည်းအမျိုးသား George Floyd သေဆုံးသွားတဲ့အတွက် တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို ဒီဆန္ဒပြပွဲတွေကြောင့် ဘာတွေ ပြောင်းလဲသွားသလဲဆိုတာနဲ့ အကျိုးဆက်တွေအကြောင်း ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ကိုရိုနာကပ်ကာလ အိမ်ကနေ အွန်လိုင်းဗီဒီယိုနဲ့ အစည်းအဝေးလုပ်ကြတော့ ဥရောပအမတ် သတိမထားမိပဲ ဘောင်းဘီတိုနဲ့ အစည်းအဝေး တက်လာခဲ့တာပါ။ ဗြိတိန်မှာ ကိုဗစ်ကြောင့်သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစု လာဝမ်းနည်းကြတဲ့နေရာလေးတခု ရှိပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန် ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ သုံးသပ်ချက်
George Floyd သေဆုံးတဲ့ အမှုမှာ ကူညီခဲ့တဲ့ ရဲ ၃ ယောက်ကို တယောက်ကို ဒေါ်လာ ၇ သိန်းခွဲနဲ့ အာမခံပေးဖို့ သတ်မှတ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု မှာ ဝါရှင်တန်ဒီစီ အပါအဝင် ပြည်နယ် ၈ ခုမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မဲပေးခဲ့ကြပါတယ်။ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ အခုလို ပါတီတွင်း ရွေးကောက်ပွဲတွေ ကျင်းပနေကြတာပါ။ Mike O'Sullivan သတင်းပေးပို့ထားတာကို တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စု တဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာမှာ တချို့ နေရာတွေမှာ ရဲတွေ နဲ့ ဆန္ဒပြသူတွေ အကြား ပြေလည်မှု ရပြီး အတူတူ လက်တွဲ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်တာမျိုးတွေ တောင် ရှိခဲ့ပါတယ်။ ကိုလိုရာဒိုပြည်နယ် ဒန်ဗာ မြို့က ဆန္ဒပြပွဲတွေ မှာ ဇွန်လ ၁ ရက်နေ့ က ဒန်ဗာမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Paul Pazen ကိုယ်တိုင် ဆန
နောက်ထပ်ကြည့်ရှုရန်