ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဂျပန်နိုင်ငံမှာ Zombie ဖုတ်ကောင်တွေ သောင်းကျန်းနေပါတယ်။ ရွှေကြိုက်တဲ့သူတွေတော့ ဗီယက်နမ်က ရွှေဟိုတယ်မှာ သွားတည်းနိုင်ကြပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့၏ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ဆုံးပေါ် နည်းပညာနဲ့ ဝတ်ထားလို့ရတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို သုံးပြီး ဆေးခန်း ပုံစံအသစ်ဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနေတဲ့အကြောင်း Deana Mitchell ရဲ့ သတင်းလွှကို ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ရဲ့ Diversity visa အစီအစဉ်အရ ကံစမ်းမဲ ပေါက်တဲ့သူတွေဟာ အမေရိကန် ကို တရားဝင်ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့် ရကြတာပါ။ ကိုရိုနာကပ်ရောဂါ ကာလအတွင်း ဒီအစီအစဉ်ကို သမ္မတထရမ့်အစိုးရ က ရပ်ဆိုင်းထားပြီး မနှစ်က ကံစမ်းမဲပေါက်ပြီးရောက်လာကျတဲ့သူတွေလည်း ကပ်ရောဂါကြားအခက်အခဲတွေရင်ဆိုင်နေရပါတယ်။
Diseny ကုမ္ပဏီရဲ့ CEO ဟောင်း Kevin Mayer ဟာ Tik Tok CEO အသစ် အဖြစ် စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ သူ့အလုပ်ကတော့ အမေရိကန် ဥပေဒပြုအမတ်တွေ၊ စည်းကမ်းကြီးကြပ်သူတွေ နဲ့ စားသုံးသူတွေကို သူတို့ရဲ့ အချက်အလက်တွေ နဲ့ ပတ်သက်ပြီး တရုတ် ပိုင် app ဖြစ်တဲ့ Tik Tok ကို သုံးတဲ့အခါ ယုံကြည်နိုင်ပါကြောင်း သက်သေပြရမှာပါ
ကချင်ပြည်နယ် ဖားကန့် မြို့နယ် ဝှေခါ ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုကျလို့ သေဆုံးသွားတဲ့ လူ ၁၇၂ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထားပြီး အယောက် ၂၀ ပျောက်ဆုံးနေတယ်လို့ တိုင်ကြားထားပါတယ်။ အသက်မသေပဲ လွတ်မြောက်လာသူတချို့ ကို AFP သတင်းဌာနက မေးမြန်းထားတာကို ငြိမ်းချမ်းက တင်ဆက်လိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုကျလို့ သေဆုံးသွားတဲ့ လူ ၁၇၂ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထားပြီး အယောက် ၂၀ ပျောက်ဆုံးနေတယ်လို့ တိုင်ကြားထားပါတယ်။
ဗြိတိန်နိုင်ငံက ခြေနှစ်ဖက်မရှိတဲ့ ၅ နှစ်သားလေး ကလေးလေးဟာ သူ့ကို ကုသပေးတဲ့ဆေးရုံအတွက် အလှူငေ ွပေါင် ၁ သန်း ရှာပေးခဲ့ပါတယ်။ စပိန်နိုင်ငံဘာဆီလိုနာမြို့က အော်ပရာပြဇာတ်ရုံကြီးမှာတော့ ပရိသတ်တွေက လူတွေမဟုတ်ပဲအပင်တွေဖြစ်နေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့၏ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဝါရှင်တန်ဒီစီမြို့တော် တာဝန်ရှိသူတွေ စိုးရိမ်မှုရှိနေတဲ့ ကြားကပဲ စနေနေ့မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ကို မီးရှူးမီးပန်း အမြောက်အမြား ပစ်လွှတ်ပြီး သမ္မတ Trump အစိုးရအဖွဲ့က ကျင်းပခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝါရှင်တန်ဒီစီ နဲ့ အခြားအမေရိကန် မြို့ကြီးလေးမြို့ကို လေယာဉ်တွေ နဲ့ အနီးကပ် ပျံသန်း တဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူ ဥရောပသမဂ္ဂ အနေနဲ့ လပေါင်းများစွာ နယ်စပ်တွေ ကို ပိတ်ထားခဲ့တာမှာ ဇူလိုင်လမှာတော့ ဘေးကင်းတယ်လို့ ထင်ရတဲ့ နိုင်ငံ ၁၄ ခုက ခရီးသွားတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီစာရင်းထဲမှာ ပြည်နယ်တချို့မှာ ရောဂါကူးစက်မှုတွေ ပြန်တိုးနေတဲ့ အမေရိကန် နိုင်ငံတော့ မပါဝင်ပါဘူး။
Facebook နဲ့ Youtube လို လူမှုကွန်ယက် မီဒီယာတွေက သတင်းတွေကို အများဆုံးဖတ်ရှုတဲ့သူတွေဟာ ကိုရိုနာ ကပ်ရောဂါ နဲ့ပတ်သက်တဲ့ ယုံတမ်း စကားတွေ ပိုပြီး ယုံလွယ်ကြပြီး အသွားအလာကန့်သတ်ထားတာတွေကို ချိုးဖောက်မှုပိုများတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။
အမေရိကန်တဝန်း ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကော်ပိုရေးရှင်းတွေဟာ လူမျိုးစုံပါဝင်ရေး ကို ကတိပြုလာကြသလို နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေကိုလည်း လှူဒါန်းလာကြပါတယ်။ တချို့ တွေဆိုရင် ဝေဖန်ခံနေရတာကြာပြီ ဖြစ်တဲ့ ကုမ္ပဏီမူဝါဒတွေကိုတောင် ပြောင်းလဲလိုက်ကြပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း John Bolton ဟာ သမ္မတထရမ့်ကို စိတ်အပြောင်းအလဲမြန်တဲ့ ခေါင်းဆောင်တဦး အဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲ ပြန်နိုင်ဖို့အတွက် အမေရိကန် လုံခြုံရေးကို လျော့ပေးချင်တဲ့သူလို့ ဗီအိုအေ အင်တာဗျူး မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်မြို့လေးတမြို့မှာ ကိုရိုနာကပ်ဘေးကြောင့် စီးပွားရေးကြပ်တည်းတဲ့သူတွေ အတွက် သစ်သားပိုက်ဆံပြားလေးတွေ ထုတ်ပေးနေပါတယ်။ ကယ်လီဖိုးနီးယားမှာတော့ အားကစားရုံမှာ လေ့ကျင့်ခန်းလုပ်ချင်သူတွေ ပလက်စတစ်အကာအရံနဲ့ လုပ်လို့ရပါပြီ။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့၏ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန် နိုင်ငံရဲ့ Covid-19 ကပ်ရောဂါ ကိုင်တွယ်မှုအခြေအနေ နဲ့ နိုင်ငံရေး၊ စီးပွားရေး နောက်ဆုံးအခြေအနေတွေကို ဗီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာ နဲ့ ကျနော် ငြိမ်းချမ်းက ဆွေးနွေးတင်ပြထားပါတယ်။
အမေရိကန် နိုင်ငံရဲ့ COVID-19 ကပ်ရောဂါ ကိုင်တွယ်မှုအခြေအနေ နဲ့ နိုင်ငံရေး စီးပွားရေး နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာ နဲ့ ကိုငြိမ်းချမ်းက ဆွေးနွေးတင်ပြထားပါတယ်။
"သမ္မတ Trump ကတော့ များများစစ်ရင် များများတွေ့မယ် အမေရိကန်ပြည်ထောင်စုဟာ အကောင်းဆုံးနဲ့ အများဆုံးစစ်နိုင်တဲ့ တိုင်းပြည်မို့ သူတို့မှာ ကူးစက်မှုတွေ အများဆုံးတွေ့နေရတာလို့ ပြောပါတယ် ။ ဒါပေမယ့် လျှော့စစ်ပါဆိုတဲ့ကိစ္စကို သူ့လက်အောက် ကျန်းမာရေးအရာရှိကို ညွှန်ကြားမထားတာ တွေ့ရပါတယ်။" (ဦးကျော်ဇံသာ )
COVID-19 စစ်ဆေးမှု ကွဲလွဲချက်နဲ့ အမေရိကန်နိုင်ငံရေး သုံးသပ်ချက်
အမေရိကန် နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ တောင်ပိုင်းပြည်နယ် ကို ကိုယ်စားပြုတဲ့ ကွန်ဖက်ဒရိတ် အထိမ်းအမှတ်ရုပ်ထုတွေကို ဖြိုချ၊ ဖျက်ဆီးဖို့ လုပ်ဆောင်နေကြပါတယ်။ ဘာကြောင့်လဲဆိုတာကို Mariama Diallo က ရှင်းပြထားတာကို မအင်ကြင်းနိုင် ပြောပြပါလိမ့်မယ်။
အမေရိကန် နိုင်ငံတဝန်း ရဲတွေ ရဲ့ ရက်စက်ကြမ်းကြုတ်မှု နဲ့ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီးဆန္ဒပြသူတွေထဲမှာ လူမျိုးစုံပါဝင်သလို အာရှနွယ်ဖွားအမေရိကန် တွေလည်းပါဝင်ပါတယ်။ လူမည်းအမျိုးသား George Floyd သေဆုံးမှုဟာ အာရှနွယ်ဖွားအများစုကို လှုပ်နိုးလိုက်သလိုပဲလို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်