နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ နဲ့ လူတွေ ခပ်ခွာခွာနေတဲ့ စည်းကမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကို တားဆီး ထိန်းချုပ်နိုင်တယ်ဆိုတာ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေကသဘောတူကြပါတယ်။ ဒါပေမဲ့လည်း နှာခေါင်းစည်းတပ်ရေး ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေက ရောဂါထိန်းချုပ်မှုကို ခြိမ်းခြောက်နေပါတယ်။
ဂျာမနီနိုင်ငံက ဂျုံစိုက်ကွင်းထဲမှာ အပင်တွေကို ရိတ်လှဲပြီး ပုံဖေါ်ထားတဲ့ စက်ဝိုင်းကြီးတခု ညချင်း ပေါ်လာတာ ဘယ်သူ့လက်ချက်လဲ၊ ဗြိတိန်နိုင်ငံက Stonehedge ဧရာမကျောက်တုံးကြီးတွေကရော ဘယ်ကလာထားတာလဲ၊ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
တရုတ် နည်းပညာကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok app ကို Microsoft ကုမ္ပဏီ ကဝယ်ဖို့ ဆွေးနွေးနေတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။ အမေရိကန်အစိုးရ နဲ့လည်းသဘောတူညီချက်ရဖို့ လုပ်ဆောင်သွားမယ့် အကြောင်း Microsoft ကုမ္ပဏီက ပြောဆိုလိုက်ပြီး စက်တင်ဘာ ၁၅ ရက်မတိုင်ခင် အပြီးသတ်နိုင်မယ်မျှော်လင့်ကြောင်း ပြောပါတယ်။
နာမည်ကြီးထင်ရှားတဲ့ ရီပါဗလစ်ကန် တချို့ဟာ နိုင်ငံရေး လှုပ်ရှားမှုကော်မတီတွေ ဖွဲ့စည်းပြီး နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ရီပါဗလစ်ကန် သမ္မတ ဒေါ်နယ်ထရမ့် အရေးနိမ့်အောင် လုပ်ဆောင်နေကြပါတယ်။ အခုလို ပါတီခေါင်းဆောင်တစ်ယောက်ကို ရှားရှားပါးပါး ပုန်ကန်တဲ့အကြောင်း ကိုငြိမ်းချမ်း က ပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းခွဲကျော်သွားပြီး တချို့နေရာတွေမှာ ရောဂါကူးစက်မှုတွေ တိုးလာနေပါတယ်။ နိုင်ငံရဲ့ ထိပ်တန်း ကျန်းမာရေးပညာရှင်တွေက ကာကွယ်ဆေး အမြန်ဆုံးထုတ်နိုင်လိမ့်မယ်လို့ လွှတ်တော် ကြားနာပွဲမှာ ပြောဆိုခဲ့ပေမဲ့လည်းနိုင်ငံ အတွက် စိုးရိမ်စရာ အဖြစ် ရှိနေဆဲပါ။
ကိုရိုနာကပ်ဘေးကာလ ပြင်သစ်မှာတော့ ရေပေါ်ဂီတ ဖျော်ဖြေပွဲလုပ်ခဲ့လို့ စန္ဒယားသံရေပေါ်မှာ ပျံ့လွင့်နေခဲ့တာပါ။ ဂျော်ဒန်နိုင်ငံ အာမန်မြို့ က လူငယ်လေးကတော့ သစ်သီးပေါ်မှာ နာမည်ကြီးအနုပညာရှင်ပုံတွေ ထွင်းနေတာ တွေ့ရပါမယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
နိုင်ငံတကာလေကြောင်းလိုင်းတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖြစ်တဲ့ စီးပွားရေး ကျဆင်းမှုကနေ နာလန်ပြန်ထူဖို့ အချိန် ပိုယူရမယ်လို့ နိုင်ငံတကာလေကြောင်းဆက်သွယ်ရေး အဖွဲ့ IATAကပြောင်းလဲခန့်မှန်းလိုက်ပါတယ်။ ခရီးသည်ဦးရေကျဆင်းတာ၊ ခရီးသွားလာခွင့် အသစ်ထပ်တိုးလိုက်တာတွေဟာ အခြေခံ အကြောင်းအရင်းတွေပါ။
အမေရိကန် ပြည်ထောင်စုမှာ တောင်ပိုင်းကွန်ဖက်ဒရိတ်ပြည်နယ်တွေနဲ့ ဆိုင်တဲ့ရုပ်ထုတွေ၊ လူမျိုးရေးခွဲခြားတဲ့အတိတ်က အထိမ်းအမှတ်တွေကို ဖယ်ရှားဖို့ လုပ်ဆောင်လာတဲ့အချိန် သမိုင်းကို မြန်မြန်ကြီး တွန်းထုတ်ဖယ်ရှားပစ်ခဲ့တဲ့ ရုရှားနိုင်ငံက အဖြစ်အပျက်တွေက သင်ခန်းစာ အဖြစ် သတိပေးနေပါတယ်။
ကမ္ဘာ တဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာ နဲ့အတူ လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစိမှုတွေ များလာစေပါတယ်။ Covid19 ရောဂါကို ကုသရတဲ့ အမေရိကန် က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ကုသရတဲ့ လူနာတွေ များလွန်းတဲ့အတွက် စိတ်ဖိစီးမှုကို လျော့ပါးအောင် စိတ် ဖြေလျော့နည်းသစ်တွေ ဖန်တီးနေရပါတယ်။
အမေရိကန်ရွေးကောက်ပွဲ စာတိုက်က မဲပေးစနစ်ကျင့်သုံးနိုင်ခြေ
ရုရှားဘောလုံးသမား မိုးကြိုးထိပေမဲ့ မသေပါဘူး။ အိန္ဒိယမှာ ရွှေရောင်လိပ်လေးတကောင် ကောက်ရခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများမှာ တင်ဆက်ထား ပါတယ်။
သမ္မတ Trump ကပ်ရောဂါကိုင်တွယ်ပုံ သဘောမကျ သူများလာ
Portland မြို့ ဆန္ဒပြပွဲနှိမ်နှင်းမှု စုံစမ်းဖို့ ဒီမိုကရက်အမတ်တွေ တောင်းဆို
ကိုဗစ်ကာလ ရပ်တန့်တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေရဲ့ အာမခံ
အမေရိကန်ကျောင်းတွေ ပြန်ဖွင့်ရေး ချင့်ချိန်နေဆဲ
အိန္ဒိယမှာ နှာခေါင်းစည်းတွေကို စိန်စီရွှေချ ဖန်တီးထားပါတယ်။ အီတလီရေခဲတောင်တွေ မပျော်အောင် မြေကာအခင်းအုပ်ထားရပါတယ်။ ထူးခြားဆန်းပြားသတင်းများမှာ တင်ဆက်ထားပါတယ်။
သမ္မတ Trump အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် Wisconsin နဲ့ ပြည်နယ်တချို့
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကိုရိုဗိုင်းရပ်စ် ကူးစက်မှုပြန်တိုးလာတဲ့အတွက် ဆိုင်တွေရဲ့ အတွင်းထဲ ပြန်ဖွင့်ခွင့်ပေးဖို့ အစီအစဉ်ကို ရုတ်သိမ်းထားတဲ့ အကြောင်း AFP သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြပေးပါ့မယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ တရုတ် တာဝန်ရှိသူတွေကို ပြစ်ဒဏ်ခတ်အရေးယူဖို့ ဗြိတိသျှ ဥပဒေပြု အမတ်တွေကြားတောင်းဆိုမှုတွေတိုးလာနေပါတယ်။နိုင်ငံသားတွေရဲ့ ဆန္ဒပြခွင့်ကန့်သတ်လိုက်တဲ့ ဟောင်ကောင်ရဲ့ လုံခြုံရေး ဥပဒေကြောင့် တရုတ်အပေါ် တုံ့ပြန်မှုတွေ တိုးလာပါတယ်။
ကိုရိုနာကပ်ရောဂါ အစမှာ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် လက်လီအရောင်းဆိုင်တော်တော်များများ ပိတ်ထားခဲ့ရပါတယ်။ အဲဒီထဲက တချို့ကတော့ ဒေဝါလီခံသွားရပြီး တချို့ကတော့ ကပ်ရောဂါ ကာလအတွင်းမှာပဲပြန်ဖွင့်နေပြီး ဈေးဝယ်ထွက်ရတဲ့အတွေ့အကြုံကောင်းတွေကို ပေးဖို့ ကြိုးစားနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်