ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းပေါင်း ၆၀ နီးပါးကို စစ်ကောင်စီတပ်နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သုံးရက်ကြာ ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၃၀၀ နီးပါးဖမ်းဆီးမိထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အနောက်နိုင်ငံတွေ အနေနဲ့ ရုရှား နဲ့ စီးပွားရေး ဖြတ်တောက်ဖို့ ကြိုးပမ်းနေပေမဲ့လည်း ရုရှားရဲ့ နျူကလီးယား လောင်စာအပေါ် မှီခိုနေရဆဲပဲလို့ ဗြိတိသျှ တော်ဝင် သုတေသီ အဖွဲ့ က သုံးသပ်ချက်တခု ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ထဲ ရွှေ့ပြောင်းအခြေချသူတွေကို အမြန်စီစစ်နိုင်ဖို့အတွက် ယာယီစင်တာတွေကို အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနက တည်ထောင်ထားပါတယ်။ တက္ကဆက်ပြည်နယ် El Paso မြို့မှာ ပြီးခဲ့တဲ့ နှစ်က ဖွင့်လှစ်ခဲ့တဲ့ ယာယီစင်တာတခုကို ဗွီအိုအေ သတင်းထောက် Cesar Contreras ကိုယ်တိုင်သွားရောက်သတင်းယူထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသမီးကျန်းမာရေး နဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေကို အဓိက အကြောင်းအရာအဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဦးစားပေး စည်းရုံးနေပါတယ်။
ယူကရိန်းက စစ်သားတယောက် ရွှံ့တွေ ပြာမှုန့်တွေ ကိုသုံးပြီး ပန်းချီကားတွေ ဖန်တီး၊ ထိုင်းမှာ ဒေါ်လာ ၅ သိန်း တန် ကျွဲဖြူကြီးတကောင် ဝန်ကြီးချုပ်ရုံးခန်း အလည်လာ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂါဇာကမ်းမြှောင်မှာ အစ္စရေးက ဟားမက်စ် အဖွဲ့ကို စစ်ရေး အရတိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ တိုးလာနေတဲ့အချိန်မှာ ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင် တွေဟာ အစ္စရေးနိုင်ငံကို သွားရောက်လည်ပတ်ပြီး သူတို့ရဲ့ ထောက်ခံမှုကို ပြသနေပါတယ်။
ကမ္ဘောဒီးယားမှာ သတို့သမီး ချီပိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုးဖို့ လူအများကြီး စုဝေးပါဝင်၊ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုဝေဒနာကို အမျိုးသားတွေ စာနာနိုင်အောင် လုပ်ပေးတဲ့ ဂျပန်က စက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မိုးပျံဂျက်ဝတ်စုံဝတ်ပြီး ပျံသန်းရတဲ့ ကမ္ဘာ့ပထမဦးဆုံးပြိုင်ပွဲ ဒူဘိုင်းမှာ ကျင်းပ၊ အာဂျင်တီးနား ဘောလုံးသမား မက်ဆီ ၁၃ နှစ်အရွယ် ဘာစီလိုနား ဘောလုံးအသင်းမှာ ကစားဖို့ လက်သုတ်စက္ကူပေါ်က သဘောတူစာချုပ် လေလံတင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ အနီးတဝိုက်မှာ KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့က မတ်လ ၇ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်မှုကြောင့် ကင်ဆာရောဂါသည် ကလေးငယ်တွေမှာ ပိုပြီးဒုက္ခရောက်ရပါတယ်။ အမေရိကန်ပြည်ထောင်စုက St. Jude ကလေးသုတေသနဆေးရုံနဲ့ ယူကရိန်းပရဟိတအဖွဲ့တခုပူးပေါင်းပြီး ယူကရိန်းကလေးငယ်တချို့ ဆေးကုသခွင့်ရအောင် ကူညီပေးနေတဲ့အကြောင်း Iryna Shynkarenko ရဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
ဂျပန်မှာ အမျိုးသမီးတွေ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲတဲ့ ကိုယ်လုံးတီးပွဲတော်ကျင်းပ၊ ခရိုအေးရှားမှာတော့ အမျိုးသမီး တဦးက ရေခဲပြင်အောက် မီတာ ၁၄၀ အနက် အထိ ဘာအထောက်အကူမှ မပါဘဲ အလွတ်ရေငုပ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အွန်လိုင်းကနေ အကောင့်တုတွေနဲ့ ချစ်ခင်ဟန်ဆောင်ပြီး ရင်းနှီးမြုပ်နှံမှု အတုတွေလုပ်ခိုင်းတဲ့ လိမ်လည်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စု မှာလည်း ဘဝပျက်ထိခိုက်ရသူတွေ သောင်းနဲ့ ချီရှိနေပြီလို့ အမေရိကန် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ယူဂန်ဒါနိုင်ငံသား အယောက် ၃၀ လောက်ဟာ အွန်လိုင်းလိမ်လည်သူတွေအဖြစ် အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရတယ် ယူဂန်ဒါအစိုးရက ပြောပါတယ်။ သူတို့တွေဟာ လူကုန်ကူးသူတွေက အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်တာခံရပြီး အွန်လိုင်း လိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ဖမ်းဆီးထားရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ငါးပြတိုက်တခုက ငါးလိပ်ကျောက်မကြီး သားဖောက်အဖော်မပါဘဲ ကိုယ်ဝန်ရ၊ ကော်ဆိုဗိုနိုင်ငံက ကြက်မည်းမျိုးနွယ်တမျိုးဟာ ကြက်တွန်သံမထွက်ဘဲ ထူးခြားတဲ့ white noice အဖြူရောင်ဆူညံသံနဲ့တွန်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်ပွဲတွေကြောင့် ရပ်တန့်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးအပါအဝင် မြန်မာနဲ့ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုတွေ ပြန်စနိုင်ဖို့အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ အင်္ဂါနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်နဲ့တူရကီ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတာနဲ့အမျှ ရုရှားလုပ် S-400 ဒုံးကျည်တွေကို တတိယနိုင်ငံတခုခုကိုရွှေ့ထားရင် အမေရိကန်ရဲ့နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေကိုဝယ်ယူခွင့်ပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းလိုက်ပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်က သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာဟာ တလကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ၊ လေကြောင်းက ဗုံးကြဲခံရတာတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးသွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ ချစ်သူများနေ့မှာ ဘောလုံးပန်းရောင်တွေ၊ ချောကလက်တွေနဲ့ မဲဆန္ဒရှင်တွေကို ကြိုဆို၊ မီးခြစ်ဆံသစ်သားချောင်းနဲ့ဆောက်တဲ့ ၂၃ ပေကျော် အီဖယ်မျှော်စင်ပုံစံတူ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန် ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
နေတိုး မဟာမိတ် အဖွဲ့ အပေါ် သမ္မတဟောင်းဒေါ်နယ်ထရမ့် ရဲ့ မှတ်ချက်စကားကြောင့် ဥရောပတိုက်တလွှား တုန်လှုပ်ခဲ့ရပြီး နေတိုးအဖွဲ့ကလည်း မတုံ့ပြန်စဖူး တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သူသာ သမ္မတ ဖြစ်ခဲ့ရင် ရုရှားကို ဖိတ်ခေါ်ပြီး ပေးစရာရှိတာ မပေးတဲ့ မဟာမိတ်တွေကို တိုက်ခိုင်းမယ်လို့ ဒေါ်နယ်ထရမ့် က ပြောခဲ့တာပါ။
ဂါဇာ ကမ်းမြောင်နဲ့ ကပ်လျက် နယ်စပ်မှာရှိတဲ့ အစ္စရေးအသိုင်းအဝိုင်းအတိုက်ခိုက်ခံရပြီး လေးလအကြာမှာ တချို့ ရွှေ့ပြောင်းနေရတဲ့ အစ္စရေးနိုင်ငံသား တချို့တော့ သူတို့ နေအိမ်တွေကို ပြန်လာနေကြပါပြီ။ တချို့ကတော့ လုံခြုံတယ်လို့ မခံစားရတဲ့အတွက် ဘယ် အချိန်မှ ပြန်ဖြစ်မယ် ဆိုတာ မသိသေးတဲ့အကြောင်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်