ရက္ခိုင့်တပ်တော် AAနဲ့ စစ်ကောင်စီကြား ရခိုင်ပြည်နယ်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လေထဲဒေါင်လိုက်တီးပြရတဲ့ စန္ဒာယား၊ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာဆီပြည်နယ်က တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရဲ့ ရည်စားဟောင်းရည်စူးသင်းကွပ်တဲ့ အစီအစဉ် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေပြီး အရပ်သား ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကဆိုပါတယ်။
စစ်ကောင်စီကို အကျိုးဖြစ်စေမဲ့ ဒီလိုအခွင့်အရေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေက ၂၀၂၁ နောက်ပိုင်းမှာ တောင်းဆိုခဲ့ကြပေမဲ့ အီးယူဘက်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆက်ရှိနေဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့ဖြစ်နိုင်ကြောင်း မြန်မာအလုပ်သမားရေး အဖွဲ့အစည်းတချို့က ပြောပါတယ်။
နိုဝင်ဘာလအတွင်း အစိုးရသက်တမ်းမပြည့်ခင်စောပြီး ကျင်းပတဲ့ နယ်သာလန်နိုင်ငံ ရွေးကောက်ပွဲမှာ Freedom ပါတီခေါင်းဆောင် Geert Wilders ဦးဆောင်တဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားတဲ့ လက်ယာပါတီကို လွှတ်တော်မှာ နေရာအများဆုံးရသွားအောင် ဒပ်ချ်မဲဆန္ဒရှင်တွေက မဲပေးခဲ့ကြတဲ့အတွက် ဥရောပတိုက်တခုလုံး တုန်လှုပ်သွားကြပါတယ်။
ဟောင်ကောင်က ဘူတာရုံတရုံမှာ ခေါက်ဆွဲပုံ မျဉ်းကောက်ကြောင်းလေးတွေနဲ့ ပန်းချီဆွဲပြတဲ့ပွဲ၊ အမှိုက်ကောက်သိမ်းတာကို အလေးအနက်ထားတဲ့ ဂျပန်နိုင်ငံက ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
တရုတ်နိုင်ငံထဲက ကုန်ကားတွေရဲ့ ခရီးတထောက် ကုန်တင်ကုန်ချ ရပ်နားဝန်းဖြစ်တဲ့ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကားကြီးဝန်းထဲကို ဒီနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်ကားအများအပြား မီးလောင်ခဲ့ပါတယ်။ ဒီနေ့ နေ့လည်ပိုင်းအထိ ကုန်ကားရာနဲ့ချီ ပိတ်မိနေပါတယ်။
ကိုဗစ်-19 ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပျက်ယွင်းခဲ့ရတာကြောင့် ကမ္ဘာတဝန်း ပြီးခဲ့တဲ့နှစ်က Tuberculosis (TB) အဆုတ်ရောဂါ ကူးစက်မှုတွေ တိုးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်တပ် တပ်စွဲထားတဲ့ ၄ နေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးမှုရှိတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို ဒေသခံတချို့လည်း စစ်တပ်ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
မြန်မာနိုင်ငံအရှေ့ဘက် ကရင်နီ ဒေသလို့ ခေါ်တဲ့ ကယားပြည်နယ်မှာ ကရင်နီ တပ်ပေါင်းစု တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၁ လေးလုံး စစ်ဆင်ရေး စတင်အပြီး တိုက်ပွဲတွေ ပြင်းထန်နေပြီး သိန်းနဲ့ချီနဲ့ ဒေသခံတွေလည်း ပြည်တွင်းမှာပဲ စစ်ဘေးရှောင်နေရပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့ အမျှ တချို့ ပြိုင်ဆိုင်သူတွေဟာ ဉာဏ်ရည်တု နည်းပညာ AI ကို အသုံးပြုပြီး ကြော်ငြာဗီဒီယိုတွေ ဖန်တီးလာကြပါတယ်။ ဘယ်ဟာကအစစ်လဲ ဘာဟာက အစစ်မဟုတ်ဘူးလဲ ဆိုတာ ဝေဝါးကုန်ပါတယ်။ Karina Bafradzhian သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်တွေကို ကိုယ်စားပြုတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ ရုပ်ရှင်၊ TV စတူဒီယိုတွေအကြား ယာယီသဘောတူညီမှုရသွားပြီးတော့ ဇူလိုင်လကတည်းက စတူဒီယိုတွေကို သပိတ်မှောက်ထားတာ ရပ်လိုက်ပါတယ်။ သဘောတူညီချက်ထဲမှာ ဉာဏ်ရည်တုနည်းပညာ AI အသုံးပြုတာကနေ ပထမဦးဆုံး အကာအကွယ်ပေးမယ့် အချက်တွေလည်းပါဝင်ပါတယ်။
အမေရိကန် ခွဲစိတ်ဆရာဝန်တွေ မျက်လုံးအစားထိုးခွဲစိတ်မှု အောင်အောင်မြင်မြင်ပြုလုပ်၊ ဂျပန်နိုင်ငံမှာ ကလေးတွေ ကြီးကောင်ဝင်တဲ့ပွဲတော်အစား ခွေးတွေ ကြောင်တွေ အရွယ်ရောက်တဲ့ ပွဲတော် ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ခဲ့တဲ့နောက်မှာ အိန္ဒိယဘက်ကို စစ်ဘေး ရှောင်နေတဲ့ ဒေသခံတွေ ကိုယ့်နေအိမ် ကိုယ်ပြန်လာနေကြပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ တိုင်းပြည်တခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ ဂျိုကို ဝီဒိုဒိုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာတွေ့ဆုံပြီး ဂါဇာမှာ ချက်ချင်း အပစ်ရပ်ဖို့ မူဆလင်နိုင်ငံ ၅၇ နိုင်ငံက တောင်းဆိုချက်ကို သတင်းစကားပါးခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်းမှာ လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် အစ္စရေး အနေနဲ့ နေ့စဉ် ၄ နာရီ ကြာ အပစ်ရပ်ပေးမယ်ဆိုတာကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby က အတည်ပြုပါတယ်။ ပါလက်စတိုင်း အသေအပျောက် အရေအတွက် တိုးလာတာကြောင့် ဒေါသထွက်သူတွေ များလာချိန်မှာ အခုလို ကြေညာချက်ထွက်လာတာပါ။
ပြည်တွင်းစစ် တကျော့ပြန် အရှိန်ကောင်းလာတဲ့ အောက်တိုဘာလကုန်ကစပြီး အဓိက ကုန်သွယ်ရေးလမ်းတွေ ပျက်စီးသွားသလို တနိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးအားလုံး အပေါ်သက်ရောက်ပြီး ထိခိုက်မှု ရှိနေပါတယ်။
နယူးယောက်မြို့က စည်သွတ်ဘူးတွေ ရုပ်တုပုံဖော်တဲ့ ဖန်တီးမှုအနုပညာပြိုင်ပွဲ၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကမ္ဘာ့အကြီးဆုံး အပြစ်အနာအဆာကင်းတဲ့ စိန်ပြာ အမေရိကန် ဒေါ်လာ ၄၄ သန်းနဲ့ လေလံတင်ရောင်းချ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အရပ်သား သေဆုံးမှုတွေ ဂါဇာမှာတိုးလာနဲ့အမျှ အမေရိကန် နဲ့ နိုင်ငံတကာခေါင်းဆောင်တွေဟာ ဂါဇာမှာ လူသားချင်းစာနာမှု အကူအညီ ပေးနိုင်ဖို့ ယာယီ အပစ်ရပ်ဖို့ တောင်းဆိုနေကြတာပါ။ ဒါပေမဲ့လည်း အစ္စရေးကတော့ သူ့နိုင်ငံသား ဓားစာခံ ၂၄၀ ဦး ကိစ္စ အရင်ဖြေရှင်းရမယ်လို့ ပြောပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
AI လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာ အသုံးပြု ဖန်တီးမှုတွေကို ဘေးကင်းလုံခြုံဖို့၊ ယုံကြည်စိတ်ချရဖို့အတွက် သမ္မတ အမိန့်တရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီအပတ်အတွင်း လက်မှတ်ထိုးလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတုံ့ပြန်တာတွေကို Julie Taboh သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်