ဟိမဝန္တာ တောင်တန်းဒေသမှာ နယ်မြေအငြင်းပွားမှုကြာင့်တင်းမာမှုတွေ ဖြစ်နေရတဲ့ တရုတ် နဲ့ အိန္ဒိယနိုင်ငံအကြား နှစ်ဖက်တပ်တွေရင်ဆိုင်ထားတာတွေကို ရုတ်သိမ်းဖို့ သဘောတူလိုက်ပြီး တင်းမာမှုတွေကိုလျှော့ချလိုက်ပါတယ်။ ဒါပေမဲ့လည်း နှစ်နိုင်ငံကြားသဘောမတူညီမှုတွေကိုပြေလွယ်ဖို့ လွယ်မှာမဟုတ်ဘူးလို့ လေ့လာသူတွေကသုံးသပ်ပါတယ်။
သြစတြီးယားနိုင်ငံက အားကစားသမားတဦးဟာ ၂ နာရီခွဲကျော် ရေခဲထဲဝင်စိမ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ဂျပန်မှာတော့ ဗလတောင့်တောင့် အမျိုးသားတွေ အိမ်ကို လိုက်ပို့ပေးတဲ့ဆူရှီ ပို့ဆောင်ရေး လုပ်ငန်းတစ်ခု ခေတ်စားနေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
တရုတ် နယ်စပ်မြို့ကလေး ဖြစ်တဲ့ Dandong ဟာ မြောက်ကိုရီးယား နိုင်ငံစီးပွားရေးအတွက်လိုအပ်တာတွေ ကို ဖြည့်ဆည်းပေးနေတာပါ။ မြောက်ကိုးရီးယားကို နူးကလီးယား ဒုံးကျည်စမ်းသပ်တဲ့အတွက် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကုလသမဂ္ဂကဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ထားတာဖြစ်ပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကိုငြိမ်းချမ်းကတင်ပြမှာပါ။
နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် နောက်ထပ် လုပ်စရာ အစီအစဉ် တစ်ခုကတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန် တို့အကြား စကားစစ်ထိုးပွဲပဲဖြစ်ပါတယ်။ ဒီအကြောင်း Steve Redisch သတင်းပေးပို့ထားတာကို ကျနော် ငြိမ်းချမ်းက ပြောပြမှာပါ။
၂၀၁၆ ခုနှစ်တုန်းက Wisconsin ပြည်နယ်မှာ သမ္မတTrump ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပြီး ကိုရိုနာကပ်ရောဂါကာလအတွင်း လူမျိုးရေး မကျေနပ်မှုတွေ ကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွဲနေချိန်မှာ မဲဆွယ်စည်ရုံးသူတွေဟာ မဲစာရင်းမှတ်ပုံတင်ဖို့ ကြိုးပမ်းနေကြတဲ့အကြောင်း Kane Farabaugh သတင်းပေးပို့ထားတာပါတယ်။ငြိမ်းချမ်းကတင်ပြမှာပါ။
ဂျပန်နိုင်ငံမှာ ကားပျံတစီးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။ စကော့တလန် မှာ စိန် နှစ်လုံး အမည်ရှိတဲ့ သိုးတစ်ကောင်ကို ဒေါ်လာ ငါးသိန်း နီးပါး နဲ့ ကမ္ဘာ့အမြင့်ဆုံးဈေး ပေးပြီးလေလံဆွဲသွားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အရင်က ရောဂါကူးစက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ဖူးတဲ့ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်တိုးလာနေပါတယ်။ တချိန်တည်းမှာလည်း ကျောင်းတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့အတွက် ခက်ခဲတဲ့ရွေးချယ်မှုနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း Alfonso Beato သတင်းပေးပို့ထားတာကို ကျနော် ငြိမ်းချမ်းက ပြောပြပေးပါ့မယ်။
ဘယ်လာရုစ်အပေါ် နိုင်ငံက လူထောင်ပေါင်းများစွာပါဝင်တဲ့ ဆန္ဒပြပွဲတွေဟာအရှိန်လျော့သွားမယ့်အကြောင်းမရှိတာကြောင့် ကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင် Alexander Lukashenko ဟာ ရုရှားနိုင်ငံကို အကူအညီတောင်းနေရပါပြီ။ ရုရှားဘက်က ကူညီတုံ့ပြန်မှုနောက်ကွယ် ပထဝီနိုင်ငံရေး နဲ့ ပြည်တွင်းနိုင်ငံရေး စိုးရိမ်နေပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ဟာ ၁၉၆၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ March on Washington ဝါရှင်တန်မှာ ချီတက်ခြင်း အခမ်းအနား နှစ်ပတ်လည် နေ့ဖြစ်ပြီး ရဲတွေ လက်ထဲသေဆုံးခဲ့ရတဲ့ လူမည်းတွေအတွက် အမေရိကန် က လူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ Easha Sarai သတင်းပေးပို့ထားတာကို ငြိမ်းချမ်းက တင်ပြပါ့မယ်။
ဂျပန်နိုင်ငံမှာ အထဲကိုထွင်းဖောက်မြင်နိုင်တဲ့ အဆင့်မြင့်နည်းပညာသုံး မှန်လုံအိမ်သာတွေ ကို အများပြည်သူ အသုံးပြုဖို့ စမ်းသပ်နေပါတယ်။ ဇင်ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကတော့ ဘုရားစာကို ခေတ်သစ် beat box ပုံစံ နဲ့ ရွတ်ဖတ်တာပါ။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းတစ်လျောက် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ သုံးကြိမ်တွေ့ဆုံခဲ့သလို ပုဂ္ဂိုလ်ရေး စာအသွားအပြန် ၂၅ စောင်ပို့ခဲ့ပါတယ်။ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီး ဒီလို တွေ့ဆုံမှုတွေဟာပြောင်းလဲသွားနိုင်ကြောင်း Bill Galloသတင်းပေးပို့ထားတာကို ငြိမ်းချမ်းကတင်ပြပါ့မယ်။
ကပ်ရောဂါ ကာလအတွင်း ကျင်းပတဲ့ ပထမဦးဆုံးသော အွန်လိုင်း ညီလာခံမှာ ဒုသမ္မတဟောင်း Joe Biden က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် တရားဝင်လက်ခံခဲ့ပါတယ်။ ဒီမိုကရက်တစ်ညီလာခံအဆုံး နဲ့ ရီပါဗလစ်ကန် ညီလာခံ အစ ကြောင်းကို Katherine Gypson သတင်းပေးပို့ထားတာ ကျနော် ငြိမ်းချမ်းက တင်ပြမှာပါ။
ကိုရိုနာကပ်ရောဂါကာလအတွင်း အရှေ့ဥရောပ Lavia နိုင်ငံက ဖန်လုံအိမ် တည်းခိုခန်းကတော့ ရေပေါ်မှာ တွဲလွဲဆွဲထားတာပါ။ ဒိန်းမတ်မှာတော့ သူဘာသူ ပိုးသန့်စင်နိုင်တဲ့ နှာခေါင်းစည်းကို ကျောင်းသူလေးတယောက် တီထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ဒီမိုကရက်တစ်နိုင်ငံလုံးဆိုင်ရာညီလာခံ မှာဒုသမ္မတဟောင်း Joe Biden ကို သမ္မတလောင်း ကိုယ်စားလှယ်အဖြစ်တရားဝင်ရွေးချယ် ခဲ့ကြပြီးသမ္မတထရမ့်ကို ရီပါဗလစ်ကန်တွေ ရော ဒီမိုကရက်တွေကပါ ဝေဖန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် Joe Biden ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းပြောဆိုခဲ့တာကို Patsy Widakuswara သတင်းပေးပို့ထားတာကိုတင်ပြမှာပါ။
နိုဝင်ဘာလ မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ အတွက် ဒီမိုကရက်ပါတီ ရဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ဖို့ ဒီမိုကရက်တစ် ညီလာခံကို တနင်္လာနေ့ က ပထမနေ့ အဖြစ် အွန်လိုင်းက ကျင်းပခဲ့ပြီး ပါတီတွင်း စည်းလုံးကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
မတ်လလယ်လောက် စပြီး ကိုရိုနာကပ်ရောဂါ ကြောင့် အမေရိကန် နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်တဲ့ မဲဆွယ်တာတွေ၊ သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်တွေ ပြောင်းလဲခဲ့ပါတယ်။ Steve Redish သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ဂျော်ဒန်နိုင်ငံ အာမန်မြို့မှာတော့ ကိုရိုနာကပ်ရောဂါကာလအတွင်း စိတ်ရှုပ်စရာတွေပြေလျော့စေဖို့ စိတ်ကြိုက် ပုဆိန်ပေါက်လို့ရတဲ့နေရာ တခု ရှိပါပြီ။ ဂျာမနီနိုင်ငံကဆပ်ကပ်တခုဟာ ခြင်္သေ့မစင်တွေရောင်းပြီး အလုပ်ဖြစ်နေပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
Biden ရဲ့ မဲဆွယ်ပွဲတွေ ဝင်ကူဖို့ Obama ကို ဒီမိုကရက်တွေ တိုက်တွန်း
အမေရိကန် သမ္မတ ထရမ့် အိမ်ဖြူတော်ကို လှုပ်ခပ်စေခဲ့တဲ့ မုန်တိုင်းမျိုးစုံကို ကြံကြံခံခဲ့သူကတော့ ဒုသမ္မတ Mike Pence ဖြစ်ပါတယ်။ သမ္မတ ရာထူးက ဖယ်ရှားကြိုးပမ်းမှုတွေက အစ၊ ဝန်ကြီးအပြောင်းအလဲတွေမှာလည်း သမ္မတ နဲ့ အတူ ရှိခဲ့သူပါ။ သူဟာ နိုင်ငံတကာ ခရီးစဉ်တွေနဲ့ covid-19 ကို တုံ့ပြန်ရာမှာလည်း ဦးဆောင်ခဲ့ပါတယ်။
အမေရိကန်မှာ ကလေးတွေ ကျောင်းပြန်တက်ဖို့ အငြင်းပွားနေတဲ့တချိန်တည်းမှာ နှစ်စဉ် ဆေးစစ်တာတွေ နဲ့ ကာကွယ်ဆေးတွေ အတွက် ဒီကလေးတွေကို ဆေးခန်းသွားပြဖို့ စိုးရိမ်စိတ်တွေကိုဘေးဖယ်ပြီး မိဘတွေ အနေနဲ့ လုပ်ဆောင်နေရပါတယ်။ အမေရိကန် နိုင်ငံ နယူးဂျာစီပြည်နယ်က ကလေးဆေးခန်းတစ်ခုအကြောင်း ငြိမ်းချမ်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်