ခန္ဓာကိုယ်ထဲက အူတွေမှာ လျှောက်သွားနိုင်တဲ့ ခူယားကောင်နဲ့တူတဲ့ စက်ရုပ်ကို ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေ တီထွင်လိုက်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံက ကြွက်တစ်ကောင်ကို မိုင်းရှာတာတော်တဲ့အတွက် ရွှေတံဆိပ်ဆု ချီးမြှင့်လိုက်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း မဲရုံကို ပြင်ဆင် လုပ်ဆောင်ထားပြီး နိုင်ငံတကာက မီဒီယာတွေနဲ့ ရွေးကောက်ပွဲ လေ့လာချင်သူတွေအတွက်လည်း ခွင့်ပြုချက်ရှိရင် ဗီဇာပေးမယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြမှာပါ။ ကိုရိုနာကပ်ရောဂါကာလလည်း ဖြစ်တဲ့အတွက် မျက်နှာဖုံးတပ်တာ၊ လူခပ်ခွာခွာနေတာ စတဲ့ စည်းကမ်းတွေကို လိုက်နာပြီး မဲပေးကြရမှာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြမှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ ဟာ ရုရှားအစိုးရ ကို ဆန့်ကျင်သူတွေ နဲ့ ထောက်ခံသူ ရုရှားနိုင်ငံသားတွေ အတွက် ခိုလှုံရာနေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တချို့ ရုရှားနိုင်ငံက ထွက်ပြေးလာသူတွေ အနေနဲ့ လန်ဒန် နဲ့ တခြားဥရောပ မြို့ကြီးတွေမှာ ပုန်းရှောင်နေပေမဲ့လည်း Kremlin အစိုးရ လက်က မလွတ်မြောက်နိုင်ကြပါဘူး။
ကိုရိုနာကပ်ရောဂါကြောင့် ဖြစ်တဲ့ စီးပွားပျက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုတွေ လူတွေ ထောင်သောင်းချီ နေအိမ်တွေက နှင်ချခံရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အမေရိကန် CDC က ဒီနှစ်ကုန်အထိ နှင်ချတာမျိုးကို ယာယီတားဆီးမိန့် ထုတ်ပြန်ထားပေမဲ့ အိမ်ခြေယာမဲ့ ဖြစ်သွားတဲ့တချို့အမေရိကန်တွေ အတွက် သိပ်နောက်ကျသွားပါပြီ။
အမေရိကန်မှာ နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ပြည်နယ်တော်တော်များများမှာ ကြိုတင်မဲတွေကိုလူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်ကဖြစ်စေ ပေးနေကြပါပြီ။ ဗာဂျီးနီးယားပြည်နယ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက ကြိုတင်မဲတွေ စ ပေးနေကြပြီး မဲလာပေးမယ့် သူတွေ ဒီနှစ် စံချိန်ချိုး လောက်အောင်များပြားနိုင်ပါတယ်။
ပြင်သစ်မှာ တကိုယ်လုံးဆေးမင်ကြောင်ထိုးထားတဲ့ကျောင်းဆရာကို ကလေးတွေကြောက်ပြီး အိပ်မက်ဆိုးတောင် မက်ကြပါတယ်။ ဗြိတိန်မှာ အရေးပေါ်ကယ်ဆယ်သူနာပြုလုပ်ငန်းအတွက် လိုအပ်တဲ့နေရာကို မိုးပျံဝတ်စုံနဲ့ သွားကယ်ဆယ်နိုင်ဖို့ စမ်းသပ်နေပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း Covid-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁ သန်းကျော် ရှိသွားပါပြီ။ ဥရောပ နဲ့ အမေရိကန် နိုင်ငံတွေမှာ ရောဂါကူးစက်မှုတွေ ပြန်တိုးလာနေတဲ့အတွက် လာမယ့် လတွေမှာ လည်း သေဆုံးသူတွေတိုးလာနိုင်ပါတယ်။ ဒါပေမဲ့လည်း သေဆုံးမှုနှုန်း ကျသွားတာတွေ ရှိသလို ရောဂါကူးစက်ခံရသူတွေကိုလည်း အရင်ကထက်ပိုပြီးကုသမှုပေးနိုင်နေပါတယ်။
ကိုရိုနာကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းသွားလာမှုတွေ မရှိသလောက် ဖြစ်နေတဲ့အချိန်မှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေဟာ ငွေရှာဖို့အတွက် နည်းလမ်းအသစ်တွေ ဖန်တီးလာပါတယ်။ အာရှတလွှားမှာတော့ ဘယ်မှမရောက်တဲ့ ခရီးစဉ်တွေ ဖန်တီးပြီး လေယာဉ်တွေ ပျံသန်းနေကြပါတယ်။ Bill Gallo သတင်းပေးပို့ထားတာကို ငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန် သမ္မတလောင်း စကားစစ်ထိုးပွဲတွေဟာ ဒီမိုကရေစီထုံးဓမ်းအစဉ်အလာအရ အရေးကြီးပေမဲ့ မဲဆန္ဒရှင်တွေ ရဲ့ စိတ်ကို တော့ အများကြီးမပြောင်းစေပါဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ AFP နဲ့ ရိုက်တာ သတင်းဆောင်းပါး တွေကို အခြေခံပြီး ကျနော် ငြိမ်းချမ်းက တင်ပြပေးမှာပါ။
စက်တင်ဘာလ ၂၉ အင်္ဂါနေ့မှာ ပြုလုပ်မယ့်ပထမဦးဆုံးစကားစစ်ထိုးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတဟောင်း Joe Biden တို့ အဖို့ အမှားအကြီးကြီးတွေ မလုပ်မိဖို့က သူတို့ ၂ ဦးလုံးအတွက် အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးကို ပုံဖော်ခဲ့တဲ့ သမိုင်းဝင် စကားစစ်ထိုးပွဲ က အဖြစ်အပျက်တချို့ကိုတင်ပြထားပါတယ်။
ဂျော်ဒန် နိုင်ငံမှာ မျက်နှာပေါ် ခရုတွေ တင်ပြီး အလှပြင်နိုင်ပါပြီ။ ဒီနှစ် ဂင်းနစ်ကမ္ဘာ့စံချိန်တွေထဲမှာ ဗြိတိန်နိုင်ငံက မော်တော်ဆိုင်ကယ်စတန့်သမားက ဆိုင်ကယ်ပေါ်မှာကင်းမြီးကောက် ထောင်ပြီး ကမ္ဘာ့အမြန်ဆုံးအရှိန်နဲ့ စီးပြခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ကွယ်လွန်သူ အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg နေရာမှာ အစားထိုးဖို့ ကိစ္စဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် အဓိကအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ကအမြန်ဆုံး အစားထိုးချင်ပြီး ဒီမိုကရက်တစ်သမ္မတလောင်း Joe Biden ကတော့ ရွေးကောက်ပွဲနိုင်တဲ့သူကသာအမည်စာရင်းကိုတင်သွင်းဖို့ပြောတာပါ
TikTok app ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ အမေရိကန် နဲ့ တရုတ်နိုင်ငံအကြား ရင်ဆိုင်တိုက်ခိုက်နေတာဟာ ကမ္ဘာတဝန်းက နည်းပညာကုမ္ပဏီတွေအကြား မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီလိုလုပ်ရပ်ဟာ နိုင်ငံတကာကုမ္ပဏီကြီးတွေ အတွက် သတိပေးတဲ့ ပုံစံမျိုးဖြစ်နေတာလား ဆိုတာ Michelle Quinn သတင်းပေးပို့ထားပါတယ်။ ငြိမ်းချမ်းကတင်ပြမှာပါ။
တနင်္လာနေ့မှာစတင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဟာ ဗီဒီယိုကနေတဆင့် ဆွေးနွေးကြမှာပါ။ တကမ္ဘာလုံးမှာ Covid-19 ကူးစက်သူ သန်း ၃၀ ကျော် လောက်ရှိနေချိန် ဒီရောဂါ တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေး အဖြစ်ဆွေးနွေးကြမှာပါ။ Margaret Besheer သတင်းပေးပို့ထားတာကို ငြိမ်းချမ်းက ပြောပြမှာပါ။
စင်ကာပူနိုင်ငံမှာ လုပ်ငန်းရှင်တစ်ယောက်က ပုရွက်ဆိတ်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချပေးနေပါတယ်။ အမေရိကန်က စပါးကြီးမြွေမ တစ်ကောင်ဟာ မြွေထီးမရှိပဲ ဥတွေ ဥချခဲ့တဲ့အတွက် အကြောင်းအရင်းကို စုံစမ်းနေပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
လက်တင်နွယ်ဖွားတွေက တနိုင်ငံလုံးအနေနဲ့ ကြည့်ရင် Biden ကို ပိုပြီးအလေး ပေးနေပေမဲ့လည်း လတ်တလော အမြင်စစ်တမ်းတွေအရ Biden ရဲ့ အားသာမှုတွေ လျော့ပါးနေပြီးတော့ ဖလော်ရီဒါပြည်နယ်က လက်တင်နွယ်ဖွားတွေကြားမှာဆိုရင်လည်း Trump က အသာစီး အနည်းငယ်ရနေပါတယ်။ Brian Padden သတင်းပေးပို့ထားတာကို ငြိမ်းချမ်းက တင်ပြမှာပါ။
တရုတ် နိုင်ငံအနေနဲ့ ကုန်သွယ်ရေး အတားအဆီးတွေကို ဖယ်ရှားပြီး စီးပွားရေး အရဆက်ဆံမှုတွေကို ပြန်လည်မျှတစေဖို့ ဥရောပခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့လည်း အီးယူတာဝန်ရှိသူတွေက ထောက်ပြဆွေးနွေးခဲ့ပြီး တရုတ်အစိုးရကတော့ပြည်တွင်းရေးကိုနှောက်ယှက်တဲ့ ကိစ္စမှန်သမျှပယ်ချခဲ့ပါတယ်။
သြဂုတ်လ ရွေးကောက်ပွဲမှာမဲမသမာမှုတွေလုပ်ပြီး အာဏာကို ဆက်လက် ကိုင်စွဲထားတယ်လို့ စွပ်စွဲခံရတဲ့သမ္မတ Alexander Lukashenko ကို ဘေလာရုစ်နိုင်ငံမှာ သိန်းနဲ့ ချီဒီမိုကရေစီတောင်းဆိုတဲ့သူတွေဆန္ဒပြနေကြပါတယ်။ကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတက ရုရှားဆီကအရေးကြီးတဲ့ ထာက်ခံမှုသွားတေင်းခံတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်