နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲရလဒ် ရေတွက်တာကို စောင့်စားနေချိန်မှာ မဲပေးခဲ့ကြတဲ့ အမေရိကန် ပြည်သူတွေ ရဲ့ အမြင်သဘောထား Mike O’Sullivan ရဲ့ဆောင်းပါးကို ကိုငြိမ်းချမ်းက ပြောပြပေးပါလိမ့်မယ်။
အမေရိကန် စစ်မှုထမ်းဟောင်းတွေဟာ သမ္မတရွေးကောက်ပွဲမှာ ရီပါဗလစ်ကန်ကို မဲပေးကြလေ့ရှိကြပြီး ဒီနှစ်မှာလည်း အများစုက အဲ့လိုပဲ မဲပေးကြမှာပါ။ ဒါပေမဲ့လည်း တချို့ စစ်တမ်းတွေအရ စစ်မှုထမ်းတချို့က ဒီလိုမဲပေးကြမှာမဟုတ်ပါဘူး။ Carla Babb သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
သမ္မတရွေးကောက်ပွဲတွေမှာ ရှုံးနိမ်တဲ့သူက ရှုံးတာကို လက်ခံတဲ့ မိန့်ခွန်း ပြောကြားလေ့ရှိပြီး ဒီ မိန့်ခွန်းက အမေရိကန် ဒီမိုကရေစီရဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးမှာ အစဉ်အလာအားဖြင့် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်သမ္မတ ရွေးကောက်ပွဲက အခြေအနေတွေ အကြောင်းကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ကမ္ဘာ့အကြီးဆုံး ရေပန်းကြီးတခုကို ဖွင့်လှစ်လိုက်ပါတယ်။ အီရတ်နိုင်ငံက အနုပညာရှင်တစ်ယောက်ဟာ ကော်ဖီအမှုန့်တွေ အရည်တွေသုံးပြီး ပန်းချီဆွဲနေပါတယ်။ ထူးခြားဆန်းပြားတဲ့ သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
လူတိုင်း ကိုရိုနာဗိုင်းရပ်စ် မကူးအောင် စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် တိုင်းပြည်တွေအနေနဲ့ lockdown အသွားအလာကန့်သတ်တာတွေကို ရှောင်ရှားနိုင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲအီတလီ နဲ့ စပိန်မှာအသွားအလာအကန့်အသတ်တွေ ပြန်လုပ်လိုက်တဲ့အကြောင်းကိုငြိမ်းချမ်းကပြောပြပါ့မယ်။
တက္ကဆက်ပြည်နယ် ဟာ အမေရိကန်မှာ ဒုတိယအကြီးဆုံး ပြည်နယ် ဖြစ်ပြီးတော့ ရီပါဗလစ်ကန် ပါတီရဲ့ အမာခံနယ်မြေဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ပြောင်းလဲနေပြီး ဘာကြောင့် အရင် အနီရောင်ကနေ ခရမ်းရောင်အဖြစ် ပြောင်းလဲနေပြီဆိုတဲ့အကြောင်း Elizabeth Lee သတင်းပေးပို့ထားတာကို ကျနော် ငြိမ်းချမ်းက ပြောပြပါ့မယ်။
ကိုရိုနာကပ်ရောဂါကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုတွေရှိပြီး အမေရိကန် လေကြောင်းလိုင်းတွေ အဆုံးအရှုံး အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ အစိုးရဆီက အကူအညီချက်ချင်းရဖို့ မျှော်လင့်ချက်ကလည်း မှေးမှိန်လာနေတဲ့ အကြောင်း Mariama Diallo သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ရိုမေးနီးယားက ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဆားမိုင်းတွင်းရေအိုင်ထဲကို လူနှစ်ယောက် ဒိုင်ဗင်ထိုးပြခဲ့ပါတယ်။ မက်ဆီကိုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးမှာစိုးလို့ Zombie ဖုတ်သရဲပွဲတော်ကို အွန်လိုင်းကနေကျင်းပခဲ့ပါတယ်။ ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲရလဒ်ဟာ ဂျာမနီ နဲ့ ဥရောပ နိုင်ငံတွေ အပေါ် သက်ရောက်မှုအများကြီး ရှိနိုင်တဲ့အတွက် ဂျာမနီ က မူဝါဒချမှတ်သူတွေဟာ ဒါကို စောင့်ကြည့်နေကြပါတယ်။ မြို့တော် ဘာလင် က နေ Jacob Russell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာ ပြီး အင်ဒို- ပစိဖိတ်ဒေသအတွင်းမှာ ပိုပြီး စွက်ဖက်လာတာတွေ ဟာ အမေရိကန် အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ တရုတ်အပေါ်ထားရှိတဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အနာဂတ်မှာ ဘယ်လို ရှိမလဲဆိုတာကို ကျွမ်းကျင်သူတချို့ သုံးသပ်ထားပါတယ်။ ကိုငြိမ်းချမ်း တင်ပြပါ့မယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် က ထောင်သွင်းအကျဉ်းချခံရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တချို့ဟာ ကိုဗစ်ကာလ ကွာရန်းတင်း စင်တာတွေ မှာ နေထိုင်ကြသူတွေရဲ့ စိတ်ကျန်းမာရေးအတွက် လိုက်လံ အားပေးနေကြပါတယ်။ ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ် ကြော်ငြာတွေဟာ တီဗီ နဲ့ လူမှုကွန်ယက် မီဒီယာ အသုံးပြုသူတွေ ဦးတည်ရည်ရွယ်ပြီး သတင်းစကား အမျိုးမျိုးပေးတတ်ကြပါတယ်။ ဒီလိုမဲဆွယ်ကြော်ငြာတွေ အကြောင်း Steve Redisch ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက ပြောပြပါလိ့မ်မယ်။
ဆော်ဒီနိုင်ငံက စွန်ရဲတကောင်ကို ကမ္ဘာ့အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၁ သိန်း ၇ သောင်းနဲ့ လေလံတင် ရောင်းခဲ့ပါတယ်။ အပန်းဖြေကစားကွင်းတွေမှာ တကယ့် လင်းပိုင်တွေအစား စက်ရုပ် လင်းပိုင်တွေကိုသုံးဖို့ အမေရိကန်ကုမ္ပဏီတခုက လုပ်နေတာပါ။ ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ ပြိုင်ဘက် ဖြစ်သူ Joe Biden တို့ အမေရိကန် တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အကြိတ်အနယ် မဲဆွယ်နေကြပါတယ်။ ရွေးကောက်ပွဲမှာ သမ္မတရွေးချယ်ရေး အဖွဲ့ရဲ့ မဲ ၂၇၀ ရမှ အနိုင်ရမှာ ဖြစ်ပြီး ဖလော်ရီဒါ ပြည်နယ်က ၂၉ မဲ အနိုင်ရဖို့က ပြည်နယ် နှစ်ဘက်စလုံးအတွက်အဓိက ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာ ရောဂါပိုးကူးစက်မှုတွေ တိုးနေပေမဲ့လည်း အောက်တိုဘာလ ၁၂ ရက်နေ့က စပြီး ရောဂါပိုး ကာကွယ်ရေး အဆင့် A သတ်မှတ်ချက်နဲ့ အညီ ပြင်ဆင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ခွင့် ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်းလက်တွေ့လည်ပတ်ရာမှာစည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ လိုက်နာဖို့ အကန့်အသတ်တွေရှိနေပါတယ်။
ကိုရိုနာရောဂါပိုး ကာကွယ်ရေး အဆင့် A သတ်မှတ်ချက်နဲ့ အညီ ပြင်ဆင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အောက်တိုဘာလ ၁၂ ရက်နေ့က စပြီး ရန်ကုန်တိုင်းမှာ ပြန်ဖွင့်ခွင့် ပေးလိုက်ပါတယ်။ မြန်မာအထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကို မေးမြန်းထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က စပြီးကိုရိုနာရောဂါပိုး ကာကွယ်ရေး အဆင့် အဆင့် A သတ်မှတ်ချက်နဲ့ အညီ ပြင်ဆင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ရန်ကုန်တိုင်းမှာ ပြန်ဖွင့်ခွင့် ပေးလိုက်ပါတယ်။ ကျန်းမာရေးစည်းကမ်း လိုက်နာ နိုင်ခြေနဲ့ပတ်သက်ပြီး Running Tex အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မတင်တင်ဝေကို မေးမြန်းထားပါတယ်။
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးအထိနာနေတဲ့ မြန်မာနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံတွေပါ ကြာကြာရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဝါရှင်တန်ဒီစီမြန်မာသံရုံးမှာ မဲပေးသူတွေ ၂၀၁၅ ထက် ၃ ဆ တိုးလာခဲ့ပါတယ်။ တိုင်းပြည်အတွက် မဲပေးတာ ဆိုတာထက် နောက်မျိုးဆက်အတွက် မဲပေးတာသာ ဖြစ်ကြောင်း ဝါရှင်တန်ဒီစီမြန်မာသံရုံးက သံမှူးကြီး ဒေါ်မြသီတာအေးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဝါရှင်တန်ဒီစီမြန်မာသံရုံးမှာ မဲပေးသူတွေ ၂၀၁၅ ထက် ၃ ဆ များလာခဲ့ပါတယ်။ တိုင်းပြည်အတွက် မဲပေးတာ ဆိုတာထက် နောက်မျိုးဆက်အတွက် မဲပေးတာသာ ဖြစ်ကြောင်း ဝါရှင်တန်ဒီစီမြန်မာသံရုံးက သံမှူးကြီး ဒေါ်မြသီတာအေးက ပြောပါတယ်။ လူငယ်တွေ ဘာကြောင့် မဲပေးကြသလဲဆိုတာ ငြိမ်းချမ်းက တင်ဆက်ပေးပါ့မယ်။
နောက်ထပ်ကြည့်ရှုရန်