အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ အတွင်းလူတွေအပေါ် လိမ်လည်မှု၊ တရားမဝင်ငွေကြေး ကိစ္စတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတာကြောင့် ဖိအားတွေ တိုးပေးတာကို ရင်ဆိုင်နေရပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မှာဖြစ်ကြေင်း။ နေရပ်ပြန်ချင်သူတွေ၊ နေအိမ်သီးခြားမရှိသူတွေ ၊ ကိုဗစ်ဆေးစစ်မှု လုပ်မထားသူတွေ၊ အထောက်အထား အပြည့်အစုံ မရှိတဲ့သူတွေကို နေရပ်ပြန်ပို့မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကာကွယ်ရေး ကန့်သတ်ချက်တွေ ချမှတ်ထားပေမဲ့ လိုက်နာမှု အားနည်းနေတာကြောင့် ဒီလ ၁၆ ရက်နေ့ကစပြီး ဖမ်းဆီး တရားစွဲဆိုတဲ့ထိ အရေးယူ လုပ်ဆောင်သွားမယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။
အာဖဂန်က အမေရိကန် တပ်မှူး ထိပ်တန်း ဗိုလ်ချုပ်ကြီးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ရာထူးက ဆင်းသွားခဲ့ပါပြီ။ တချိန်တည်းမှာပဲ တာလီဘန်တွေဘက်က နယ်မြေတွေတိုးချဲ့ သိမ်းယူနေပါတယ်။ ဒီအကြောင်း ဗီအိုအေ ပင်တဂွန်သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကိုဗစ်ကြောင့် သေဆုံးစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေပေမယ့် အမှန်တကယ်သေဆုံးမှုနှုန်းဟာ ထုတ်ပြန်တာထက် များပြားဖွယ်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပြောပါတယ်။
Solstice Yoga လို့နာမည်ပေးထားတဲ့ ယောဂ လေ့ကျင့်ခန်းတွေကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ဇွန်လအတွင်းပြန်လည် စတင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရပြီးတော့ ဒီနှစ်ပြန်စတာပါ။ Evgeny Maslov သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ရန်ကုန်တိုင်းထဲက သုဿန်တွေမှာ မီးသဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အလောင်းတွေ အရင်ကထက် ၁၀ ဆလောက် ပိုများနေပါတယ်။ သေဆုံးသူသွားသူတွေအားလုံး ကိုဗစ်ကပ်ရောဂါကြောင့်လားဆိုတာ အတည်မပြုနိုင်ပေမဲ့ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် သေဆုံးသူ မီးသဂြိုလ်ရတဲ့ နှုန်းက စိုးရိမ်စရာမြင့်တက်နေ
တပ်မတော်က လုံခြုံရေးမပေးနိုင်တဲ့နေရာတွေမှာ လုံခြုံရေးတာဝန်ယူဖို့ ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေး အထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့ လက်နက်ကိုင်ဆောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Kullu ဒေသဟာ လက်နဲ့ ရက်တဲ့ ရိုးရာယက်ကန်း ပဝါထည်တွေနဲ့ နာမည်ကြီးတဲ့ဒေသဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ အခုနောက်ထပ် ဆာရီတွေကို ဒေသခံအစိုးရ နဲ့ ပုဂ္ဂလိက ထောက်ပံ့ပေးမှုနဲ့ ယက်လုပ်နေပြီး ဈေးကွက်အသစ်တွေနဲ့ ဝင်ငွေတွေ တိုးလာဖို့ မျှော်လင့်နေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပါ့မယ်
ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်တိုးလာနေချိန် အခု ကူးစက်နေတဲ့ ကိုဗစ်ရောဂါပိုးဟာ ကူးစက်မြန် ဗီဇပြောင်းမျိုးကွဲလားဆိုတာ မစစ်ဆေးနိုင်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီက ပြောကြားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အမေရိကန်တပ်တွေနဲ့ ကဒ်တပ်ဖွဲ့ ပူးပေါင်း ကင်းလှည့်ပြီး IS အကြမ်းဖက်သမားတွေ ပြန်ခေါင်းမထောင်လာအောင် ဆောင်ရွက်နေကြပါတယ်။ အဲ့ဒီက အမေရိကန် စစ်အခြေစိုက်စခန်း တခုရဲ့ အခြေအနေကို ဗွီအိုအေ သတင်းထောက် Sirwan Kajjo သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့အရှေ့ဘက်ရှိ ဖောင်းဆိုင်ကျေးရွာနားမှာ ဒီနေ့ မနက်က စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်အကြားတိုက်ပွဲဖြစ်ပွားတာကြောင့် လူ ၃၀၀ကျော်နေရပ်စွန့်ခွာ တိမ်းရှောင် နေရ
Covid-19 ဗိုင်းရပ်စ်မျိုးကွဲတခုဖြစ်တဲ့ Delta ကူးစက်မှု တိုးလာတာကြောင့် ကယ်လီဖိုးနီးယား ပြည်နယ် Los Angeles ခရိုင်က ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအတွင်း နှာခေါင်းစည်းတပ်ဖို့ အကြံပြုထားပါတယ်။ Angelina Bagdasaryan သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ကိုဗစ်အတည်ပြုလူနာတိုးနေတဲ့ ရခိုင်ပြည်နယ်မှာ ကျောင်းသူ ကျောင်းသားတွေကို အသုတ်လိုက်ခွဲပြီး အချိန်ခြားသင်ဖို့ ပညာရေးတာဝန်ရှိသူတွေ ညွန်ကြားထားပါတယ်။ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကြားမှာပါ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ ရှိနေတာကြောင့်အလှည့်လိုက် အချိန်ခွဲတက်ရမယ့် စနစ်ကိုလုပ်နေပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က လူဦးရေထောင်နဲ့ချီခိုလှုံနေတဲ့ ရောဘတ်ပြည်တွင်း ဒုက္ခသည်စခန်းနဲ့ လူ ၄၀၀ ခန့်နေထိုင်တဲ့ တံခွန်တိုင်စခန်းမှာ Covid 19 ကူးစက်လူနာ တွေ့ရှိတာကြောင့် စခန်းနေ ဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေ အကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျော့ပေးလာတာနဲ့ အတူ ပြဇာတ်ရုံတွေ ရှိတဲ့ Broadway လမ်းမကြီးဟာလည်း လူတွေကို ပြဇာတ်လာကြည့်ဖို့ ဖိတ်ခေါ်နေသလို ရုပ်ရှင်လုပ်ငန်းတွေဟာ ပြန်လည် စတင်နေကြပါပြီ။ Evgeny Maslov သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မြောက်ဘက်မှာ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်က စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ချိန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကြီးမှာ အသွားအလာ ယာယီရပ်သွားခဲ့
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်လက်နက်ကိုင် AA စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီနဲ့ ညီမအပါအဝင် ၁၀ဦးကို ရန်ကုန်တိုင်း အနောက် ပိုင်းခရိုင်တရားရုံးက ဒီကနေ့ တရားသေ လွတ်ပေးလိုက်ပါတယ်။
နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လို့ ဘေးကင်းမှုစိုးရိမ်ချက်တွေ ရှိပေမဲ့လည်း ၂၀၅၀ ရည်မှန်းချက်ထားပြီး ဖန်လုံအိမ်ဓာတ်ငွေ့ သိသိသာသာ လေ ျှာ့ချနိုင်ဖို့ အမေရိကန်အစိုးရက ဒီစွမ်းအင်ကို သတိထားသုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Steve Herman ပေးပို့တဲ့သတင်းလွှာကို ကိုငြိမ်းချမ်းကတင်ပြထားပါတယ်။
တဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC ကိုင်ဆောင်ထားသူတွေအနေနဲ့ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံထုတ် ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေကို သွင်းခွင့်မရှိတော့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာလိုက်ပါတယ်။ ဒီလိုတင်သွင်းခွင့် ပိတ်လိုက်တဲ့အတွက် စားသုံးသူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ
နောက်ထပ်ကြည့်ရှုရန်