ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေ့ါဖုန်းယန်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇွန် ၇ ရက်နေ့ မနက်က တပ်မတော်ရဲ့ စစ်ယာဉ်တန်းကို ကချင်လက်နက်ကိုင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သလို အရင်ရက်တွေကလည်း အင်ဂျန်းယန်မြို့နယ်ဘက်မှာ အလားတူ ဒေသခံတွေဟာ တောင်ယာစပါး စိုက်ပျိုးဖို့အတွက် အခက်ကြုံနေ
အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လ ၄ ရက် လွတ်လပ်ရေးနေ့မတိုင်ခင် နိုင်ငံတဝှမ်း အရွယ်ရောက်ပြီးသူတွေရဲ့ ၇၀ % ကိုဗစ်ကာကွယ်ဆေး အပြီး ထိုးပေးသွားဖို့ ၁ လကြာ အစီအစဉ်ကို သမ္မတ ဘိုင်ဒန်က စတင်လိုက်ပါတယ်။ ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
ဇွန် ၄ ရက်နေ့ မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပတ်လမ်းမှာ စစ်ကျန်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် လူဦးလေးသေဆုံးခဲ့ပါတယ်။
ကမ္ဘာတဝန်းက တချို့မြို့ကြီးတွေမှာတော့ မျက်စိမမြင်တဲ့သူတွေအတွက် သွားလာရေး လွယ်ကူစေဖို့ ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းကိရိယာလေးတွေနဲ့ ဆက်သွယ်အသုံးပြုနိုင်တဲ့ နည်းပညာအသစ်တွေ တပ်ဆင် သုံးနေကြပါပြီ။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အိန္ဒိယနိုင်ငံက Covid-19 ကာကွယ်ဆေး တင်ပို့မှုကို ယာယီဆိုင်းငံ့လိုက်တဲ့အတွက် ကာကွယ်ဆေးရရှိဖို့ တောင်အာရှနိုင်ငံတွေ အနေနဲ့ တရုတ်နိုင်ငံကို အားကိုးနေရပါတယ်။ ဒီကိစ္စကြောင့် ရေရှည်မှာ တောင်အာရှဒေသအတွင်း တရုတ်ရဲ့ သြဇာအာဏာကို တိုးလာစေမယ့် အကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဗြိတိန်နိုင်ငံက ကုမ္ပဏီတခုဟာ စွန့်ပစ်ထားတဲ့ တကိုယ်ရည်သုံး အကာအကွယ်ဝတ်စုံ PPE တွေကို အမှိုက်ပုံတွေမှာ စွန့်ပစ်မယ့်အစား အရည်ကျိုပုံစံ ပြောင်းပြီး ပြန်သုံးလို့ရအောင် လုပ်နေပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေချိန်မှာ ပထမဆုံးပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေကို သပိတ်မှောက်ကြဖို့ ဆော်သြမှုတွေ ရှိနေချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ကျောင်းပြန်တက်သူ တော်တော်လေး များပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာက စစ်ကောင်စီတပ်စခန်းအချို့ကို ညီနောင်မဟာမိတ်ခေါ် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းတပ်ဖွ့ဲ ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတယောက်သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၀၆ ခုနှစ်က စတွက်ရင် ၂၀၂၀ ခုနှစ်ဟာ အမေရိကန် ပြည်ထောင်စုအတွင်း အိမ် ဝယ်လိုအား အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဈေးကွက်ဟာ အနည်းဆုံး ၆ လလောက် မြှင့်နေဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတဲ့အကြောင်း ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန် ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်က လူမည်းအမျိုးသား George Floyd သေဆုံးတာ ၁ နှစ်ပြည့်သည့်တိုင်အောင် အမေရိကန် ဥပေဒပြုလွှတ်တော်အမတ်တွေအနေနဲ့ ရဲတပ်ဖွဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေးဥပဒေကို အတည် မပြုနိုင်သေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး Katherine Gypson သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြား ပစ်ခတ်တာတွေ ရှိနေပါတယ်။ ရန်ကုန်လာကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း က တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဟိုပင်မြို့အထွက် ဝက်ကုန်းတံတား ဒီနေ့ မိုင်းခွဲအတိုက်ခိုက်ခံရတာကြောင့် ကုန်တင်ကားကြီးတွေတော့ ဖြတ်သွားလို့ မရတော့ပါဘူး။ ကချင်ပြည်နယ် ကုန်စည်စီးဆင်းမှု ခက်ခဲပြီး ကုန်ဈေးနှုန်း မြင့်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၄ လတာ ပိတ်ထားခဲ့ရတဲ့ ဆိုင်တွေ အတွင်းပိုင်းမှာ ထိုင်စားခွင့်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြန်ဖွင့်ပေးခဲ့ပါပြီ။ Tina Trinh သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
COVID-19 ကာကွယ်ဆေး ထိုးပြီးသူတွေ များလာတာနဲ့အမျှ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်က ပြတိုက်တွေ၊ စားသောက်ဆိုင်တွေ၊ ပြန်လည်ဖွင့်လှစ်နေပါပြီ။ AFP သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ တိုက်ပွဲတွေရှိနေတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာဘက်မှာ ဒီနေ့ မေလ ၂၄ ရက် မနက်အစောပိုင်းက စတင်ပြီး စစ်တပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်လုပ်လာခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း က ပြောပြပေးပါမယ်။
မေလ ၂၅ ရက်နေ့ ဟာ အမေရိကန်ပြည်ထောင်စုမှာ လူဖြူရဲအရာရှိ တယောက်ရဲ့ လက်ချက်နဲ့ လူမည်း အမျိုးသား Geroge Floyd သေဆုံးခဲ့တဲ့ ၁ နှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်းက ဆက်ပြောပြပါမယ်။
ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ ကလေးမြို့ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဖလမ်း ဒေသခံကာကွယ်ရေးအဖွဲ့ CDF တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နဲ့ နှိုင်းယှဉ်ရင် လာမယ့် အားလပ်ရက်ရာသီအတွင်း အမေရိကန်ပြည်ထောင်စုမှာ ခရီးသွားလာမှု အနည်းဆုံး ၆၀ % လောက်တိုးလာမယ် လို့ Triple A ခရီးသွားကား ဝန်ဆောင်မှု အသင်းကြီးက ခန့်မှန်းထားပါတယ်။ Lesia Bakalets သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါ့မယ်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ ပြင်ဆင်မယ့် ကိစ္စဆွေးနွေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က ဖိတ်ကြားထားတဲ့ပွဲကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသားပါတီ ANP က တက်ရောက်မှာ မဟုတ်ဘူးလို့ ပါတီပြောခွင့်ရက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ယာယီရပ်ဆိုင်းသလောက်ဖြစ်သွားခဲ့ပြီး အခုတော့ ပြန်လည် လည်ပတ်နေကြပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ အပ်ထားတဲ့ငွေကို လိုသလောက် ပြန်ထုတ် မယူနိုင်တဲ့ အခက်အခဲတွေ ရှိနေဆဲပါ။
နောက်ထပ်ကြည့်ရှုရန်