ချင်းပြည်နယ် ကလေး- ဂန့်ဂေါလမ်းပိုင်းမှာ ဒေသခံ PDFတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ဒေသခံကျေးရွာသားတွေ သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကလေးတွေစိတ်လေသွားမှာ ကြောက်လို့ တကြောင်းရှိတယ်။ နောက်တခုက ၁၂ နှစ်ကလေးတွေကို ကာကွယ်ဆေး ထိုးပေးနေတယ်။ နောက် ဆယ်နှစ်ကျော်တဲ့ကလေးတွေကို မှတ်ပုံတင်လုပ်ပေးနေတဲ့အတွက် မှတ်ပုံတင်မရမှာ ကြောက်တာရယ် စိုးရိမ်တာတွေအတွက် ကျောင်းပို့ကြတာ။ တဘက်မှာလည်း ဗုံးဖောက်ကိုလည်း စိုးရိမ်နေရတယ်လေ။” (သထုံမြို့က မိဘတဦး)
“EAP (ကုန်သွယ်ရေးအထူးခံစားခွင့်) တွေကို ရုပ်သိမ်းလိုက်ရင် ရင်းနှီးမြှုပ်နှံသူတွေက EU ကို ပစ္စည်းပို့တဲ့အခါ အရင်လို အခွန်ကင်းလွတ်ခွင့်မရတော့ဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ မြန်မာပြည်ထဲ ဆက်လုပ်ကောင်းလုပ်မယ်။ ဒါပေမယ့် အီးယူကို ပို့ရင် အခွန်ပေးရတော့မယ်။”- ဒေါ်ခိုင်ဇာအောင်(CTUM) ဗဟိုကော်မတီဝင်
အိန္ဒိယနိုင်ငံမှာလည်း တခြားနိုင်ငံတွေလိုပဲ covid-19 ကပ်ရောဂါကြောင့် စားသောက်ဆိုင်ရာပေါင်းများစွာ ပိတ်ခဲ့ရပါတယ်။ ဒါပေမဲ့ တချို့ စွန့်ဦးတီထွင်တဲ့သူတေါကတော့ စိတ်မပျက်ပဲ ကပ်ရောဂါ ကာလအတွင်း အစားအသောက်လုပ်ငန်း သစ်တွေကို ဖန်တီးလုပ်ကိုင်ခဲ့ကြပါတယ်။ ကိုငြိမ်းချမ်က တင်ပြမှာပါ။
ချင်းနဲ့ ရခိုင်ပြည်နယ် ကျေးရွာတချို့နဲ့ စစ်ဘေးဒုက္ခသည်စခန်းတချို့တို့မှာ မိသားစုလိုက် အအေးမိ၊ နှာရည်ယို၊ နှာစေး၊ ကိုယ်လက်ကိုက်ခဲတဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်နေကြပြီး ကိုဗစ်ကပ်ရောဂါ လက္ခဏာတွေဖြစ်တဲ့ အနံ့ပျောက်တာ၊ ဝမ်းလျှောတာမျိုးတွေတော့ မဖြစ်ကြဘူးလို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းခဲ့ချိန်မှာ ဆန့်ကျင်ကန့်ကွက်မှု မရှိသလောက်နည်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဆိုတာမျိုးလှုပ်ရှားမှုလည်း မရှိပေမယ့် တက်ကြွလှုပ်ရှားသူတချို့နဲ့ စာရေးဆရာတချို့ကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကြောင့် ရာသီဥတုဆိုင်ရာ သဘောတူညီမှု ရည်မှန်းချက်ပြည့်မှီဖို့ ခက်ခဲစေမှာပါ။ ဒါ့အပြင်ဘေးထွက်ဆိုးကျိုးအနေနဲ့ ဒေသခံတွေ ရဲ့ အသက်မွေးဝမ်းကျောင်း နဲ့ ကျန်းမာရေးတွေကို ပါ ထိခိုက်စေပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
“ဒီကာလမျိုးမှာ တပ်ကို တဘက်သတ် ထောက်ခံခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ထားတာကို သွားပြီး ထင်ဟပ်စေတယ်။ AA ကို မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာတယ်။ ... ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ဒီအချိန်မှာ ရောင်ပြန်ဟပ်တယ်။ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။” (ဦးဖေသန်း၊ ရခိုင်ရေးသုံးသပ်သူ)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်သစ်တွေကြောင့် ဘဏ်စာရင်း ရှိ သူတွေ ငွေသားထုတ်ယူနိုင်ဖို့ အခက်တွေ့နေဆဲဖြစ်ပြီး ကိုယ့်ငွေစာရင်းထဲက ငွေကို ထုတ်ယူနိုင်ဖို့ အတွက် တချို့က ငွေသားလဲပေးသူတွေကို လိုချင်တဲ့ငွေပမာဏရဲ့ ၆% လောက်အထိ ဝန်ဆောင်ခပေးပြီး ထုတ်ယူနေကြရတာပါ။
အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တော်နားက အာလင်တန် ခရိုင် ဟာ လူနေအိမ်တွေကနေ အစားအသောက်အကြွင်းအကျန်တွေကို သိမ်းဆည်းပြီး ပြန်အသုံးချနိုင်အောင်လုပ်ဆောင်ပေးတဲ့ ဗားဂျီးနီးယား ပြည်နယ်ထဲက ပထမဦးဆုံးခရိုင်ဖြစ်လာပါတယ်။ Liliya Anisimova သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“အဆောက်အဦက အကုန်လုံး ပြိုကျသွားတယ်ခင်ဗျ။ ပြားသွားတာပေါ့ဗျာ၊ မြေကြီးအပေါ်မှာ အကုန်လုံး ပြားပြားကြီးဝပ်သွားတာ အဲလိုဖြစ်သွားတာ။ ပေါက်ကွဲတဲ့အသံက တော်တော်လေး ကြမ်းတာခင်ဗျ။ ကျနော့အိမ်ဘေးကို လက်နက်ကြီး ကျတယ်လို့ထင်တာ။ အိမ်နားက လူတွေကတော့ သူတို့အိမ် ပြိုကျပြီလို့ ထင်ကြတာခင်ဗျ။” (ဒေသခံ)
အာဖဂန် မှာ စစ်ပွဲကြောင့် နေရပ်စွန့်ခွာပြေးကြရသူ သန်းပေါင်းများစွာကို ပြန်အခြေချနေထိုင်နိုင်ဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ကူညီနေကြပါတယ်။ ကာဘူးမြို့တော်မှာ ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ရောက်နေသူတချို့ကို Ayesha Tanzeem မေးမြန်းထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဒီကနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား၊ မနေ့ တနင်္ဂနွေနေ့က မုံးကိုးဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ကြား၊ ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းကြားမှာလည်း CNA/ CDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် ၆၃ ယောက် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀၀ ကျော်ရဲ့အမှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ စစ်တပ်က ဒီကနေ့ထုတ်ပြန်ပါတယ်။
နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အနေနဲ့ အနည်းဆုံး ၁၅ % အခွန်ပေးဆောင်ဖို့ နဲ့ အခွန်ရှောင်တာ ခက်ခဲအောင် လုပ်ဖို့ နိုင်ငံပေါင်း ၁၃၆ နိုင်ငံပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် တခုရခဲ့ပါတယ်။ ဒီဟာကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကမ္ဘာကြီးအနေနဲ့ အများကြီးလုပ်ဆောင်ဖို့ လိုသေးတဲ့အကြောင်း ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့မှာ အင်္ဂါနေ့က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အသက်နှစ်နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“သူတို့ဆိုင်ကယ်အစီးရေ ၃၀ လောက်ရှိမယ်။ ကားအသေး ၃ စီး။ ကားအကြီးက ၂ စီးပေါ့။ မုံရွာဘက်ကနေ ယင်းမာပင်ဘက်ကိုလာတာ။ ဖိုဝင်တောင်နားမှာ ယင်းမာပင် PDF ကနေ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်လိုက်တာပေါ့။ သူတို့ဘက်ကဆိုင်ကယ်တို့ ကားတို့ပေါ့နော်၊ သူတို့စီးလာတဲ့ဟာတွေ ထိခိုက်မှုတွေရှိတယ်။” ယင်းမာပင် PDF တာဝန်ရှိသူ)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ဒီနှစ်နှောင်းပိုင်း အွန်လိုင်းကတွေ့ဆုံဖို့ ရှိတယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ထိုင်ဝမ်ကျွန်းကိစ္စ၊ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေတိုးလာချိန်မှာ အခုလို တွေ့ဆုံဖို့ရှိတာပါ။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
“သူတို့ဒီနေ့ည အဲ့ရွာမှာပဲ တပ်စွဲမယ်နဲ့တူတယ်။ မြောင်ဘက်က ကျေးရွာတွေက နေ့တိုင်းဝင်မွှေနေတာပဲ။ ဟိုးနေ့ကဆို ပေါက်တော ပေါက်တောကိုမွှေတယ်။ ပေါက်တော တရက်မွှေတယ်။ နောက်ရက် မင်းတန်းကိုမွှေတယ်။ မင်းတန်းနဲ့တရက်တည်းပဲ မြောင်ရဲ့အရှေ့ဘက် ရွှေပေါက်ပင်ကိုမွှေတယ်။” (အိမ်သုံးလုံး မီးရှို့ခံရတဲ့ မင်းတန်းရွာ ဒေသခံ)
အာဖဂန်နစ္စတန်က ထွက်ခွာလာတဲ့ ဒုက္ခသည် ငါးထောင်ကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က လက်ခံဖို့ သတ်မှတ်ထားပါတယ်။ ဒုက္ခသည်တွေ ဘဝထူထောင်နိုင်ဖို့နဲ့ နောင်မှာ အခြေချနိုင်အောင် သက်တမ်းတိုးပြီး နေထိုင်ခွင့်ပေးဖို့လည်း ပြင်ဆင်ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်