မန္တလေး မဟာဝိဇိတာရာမကျောင်းတိုက်ကြီးထဲက တေဇာလင်္ကာရကျောင်းတိုက်မှာ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်တပါးလာရောက် တည်းခိုခဲ့လို့ဆိုပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ က ချိတ်ပိတ်ခဲ့ပါတယ်။
လူတွေ စွန့်ပစ်တဲ့ စီးကရက် အတိုအစ အမှိုက်တွေကို သိမ်းဖို့ ကျီးကန်းတွေကို ဆွီဒင်ကုမ္ပဏီက လေ့ကျင့်ပေး၊ ကျုးဘားလူငယ်လေးတယောက် ကျောက လက်ပြင်အရိုးတွေနဲ့ ညှပ်နိုင်စွမ်းပြ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဖားကန့်မြို့နယ်ထဲက ဖားကန့်နဲ့ကာမိုင်း ကားလမ်းတလျှောက်မှာရှိတဲ့ ခွန်ဆိုင်ယန်နဲ့ ဆိုင်းဖရာအကြားမှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းကတည်းက တိုက်ပွဲတွေ စတင်တိုက်ပွဲဖြစ်ပွားနေပြီး ဒီကနေ့နေ့ခင်းမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအိုမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်းမြို့တွေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ ကော်သူးလေ အုပ်ချုပ်ရေးစနစ်နဲ့သွားတော့မှာဖြစ်လို့ အစိုးရဆိုင်ရာဝန်ထမ်းတွေ ဖေဖေါ်ဝါရီ ၁၀ ရက်နောက်ဆုံးထား ထွက်သွားကြဖို့ ကေအဲန်ယူ တပ်မဟာ (၅) ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။
တရုတ်နှစ်ကူးအထိမ်းအမှတ် ဝက်ခေါင်း၊ ဘဲကင်၊ ကြက်ပေါင်းပုံ ဂျယ်လီတွေ ထိုင်းမှာရောင်း၊ ကျားနှစ် အထိမ်းအမှတ် ကျားရုပ်ထောင်ချီထုမယ့် ပန်းပုဆရာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာဖို့ နှစ်ချီ ကြာနိုင်တယ်လို့ စစ်အာဏာရှင်အဆုံးသပ်ရေး ကြိုးစားနေကြတဲ့ သပိတ်ကော်မတီတွေက ပြောပါတယ်။ ရေရှည်ဆက်ပြီးကြိုးစားသွားမယ်လို့ ဇန်နဝါရီ ၂၇ ရက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပြည်သူ့ညီလာခံမှာ ပြောကြားခဲ့ကြတာပါ
အိန္ဒိယမှာ ခေါင်း ၂ လုံးနဲ့ နွားလေး တကောင် ပေါက်ပါတယ်။ နယ်သာလန်နိုင်ငံ ကိုဗစ်ကန့်သတ်ချက် ဆန္ဒပြပွဲမှာ ဆံပင်ညှပ်ပေးပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး၊ ကျေးရွာတွေ၊ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေကို အန္တရာယ်မပြုတဲ့နေရာတွေအဖြစ် သတ်မှတ်ဖန်တီးပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးနိုင်ရေး လမ်းကြောင်းတွေသတ်မှတ်ဖို့ း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ အိုးအိမ်စွန့်ထွက်ပြေးနေရတဲ့ ဒုက္ခသည်လူငယ် ၆၀၀၀ ကျော်ကို ကြားကာလပညာရေးအဖြစ် စေတနာ့ဝန်ထမ်းတွေက ပညာသင်ကြားပေးနေကြပါတယ်။
ကမ္ဘာ့ အလုပ်အကိုင်ဈေးကွက်ဟာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အခြေအနေ ပြန်ရောက်ဖို့ ထင်ထားတာထက် ပိုကြာနိုင်ပြီး အလုပ်လက်မဲ့နှုန်း ဟာလည်း ကပ်ရောဂါ အခြေအနေကြောင့် အနည်းဆုံး ၂၀၂၃ ခုနှစ်အထိ မြင့်နေမယ့်အကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ရိုက်တာသတင်းကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းအိုလံပစ်ပွဲတော်လာတဲ့ သတင်းသမားတွေကို စက်ရုပ်စားပွဲထိုးတွေ၊ စက်ရုပ်စားဖိုမှူးတွေနဲ့ ကျွေးမွေးဧည့်ခံ၊ ဂျပန်၊ တိုကျိုမြို့တော် တိရစ္ဆာန်ရုံမှာ ပန်ဒါအမွှာလေး ပထမဦးဆုံးအကြိမ် လူရှေ့ထုတ်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကပ်ရောဂါ ကာလကြီးအတွင်း တန်ဇေးနီးယား နိုင်ငံမှာ အမျိုးသမီးတွေ အပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ရိုက်နှက်မှုတွေ တိုးလာခဲ့တာကြောင့် တချို့ အမျိုးသမီးတွေဟာ ပြန်လည် တုံ့ပြန်ဖို့ ကိုယ်ခံပညာသင်ကြားနေပါတယ်။ Charles Kombe သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ချင်းပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ချင်းလူမျိုး အများအပြားဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ အဲ့ဒီထဲက ဒုက္ခသည် ချင်းမိသားစု တခု အကြောင်း ရိုက်တာ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အသက် ၇၄ နှစ်အရွယ် ပြင်သစ်အမျိုးသား အတ္တလန်တိတ် သမုဒ္ဒရာကို ကနူးလှေငယ်လေးနဲ့ ဖြတ်သန်းနေပါတယ်။ နှစ်ဟောင်းနဲ့ နှစ်သစ် သက္ကရာဇ်မတူဘဲ မွေးတဲ့ အမွှာတစုံ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဖိုင်ဇာ COVID-19 ကုသဆေး စားဆေးဖြစ်တဲ့ Paxlovid ကုထုံးအပြည့် ဆေး ၁၀ သန်း နောက်ထပ် ထပ်ဝယ်ဖို့ သူ့ အစိုးရကို ညွှန်ကြားထားပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ကားထဲမှာ နပန်းသတ်တဲ့ အားကစားနည်းပဲ ရုရှားမှာ ခေတ်စားလာ၊ ဗြိတိန်အရှေ့တောင်ဘက်နား ကိုယ့်ဘာသာ လွတ်လပ်တဲ့နိုင်ငံ ကြေညာထားတဲ့ ဆီးလန်းဆိုတဲ့ ကျွန်းနိုင်ငံလေး၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တလအတွင်း ရုရှားသမ္မတ ပူတင်နဲ့ နှစ်ခါ တိုက်ရိုက် စကားပြောခဲ့ပြီး ယူကရိန်း နယ်စပ်နားမှာ စစ်သားတွေ တိုးချထားတာကို လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အနောက်တိုင်း ဒီမိုကရေစီ တိုင်းပြည်တွေထဲမှာ အမေရိကန် ပြည်ထောင်စုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီမိုကရေစီ စံနှုန်းတွေ ဆုတ်ယုတ်လာခဲ့တဲ့ အကြောင်း လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒီမိုကရေစီရေး ကျွမ်းကျင်သူတွေကို Cindy Sane မေးမြန်းထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ ခရစ္စမတ် ဆန်တာဘိုးဘိုးကြီးတွေ မော်တော်ဆိုင်ကယ်နဲ့ လက်ဆောင်တွေ လိုက်ပေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ Derbyshire အရပ်က လူသန်ကြီး John Evans ကတော့ ဆန်တာဝတ်စုံနဲ့ သူ့ခေါင်းပေါ်မှာ မီးခိုးခေါင်းတိုင်ကြီးတင် ရွက်ပြပြီး ကမ္ဘာ့စံချိန် ချိုးခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်