ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ စန်တာဘိုးဘိုးကြီးတွေ မော်တော်ဆိုင်ကယ်နဲ့ လက်ဆောင်တွေ လိုက်ပို့၊ ဗြိတိန်မှာ မီးခိုးခေါင်းတိုင်ကြီး ရွက်ပြပြီး ကမ္ဘာ့စံချိန်တင်တဲ့ စန်တာ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန်ရဲ့ အရှည်ကြာဆုံးဖြစ်တဲ့ အာဖဂန်စစ်ပွဲ ၂၀၂၁ မှာ အဆုံးသတ်ခဲ့ပါပြီ။ ဒါပေမဲ့ စစ်ပွဲ နောက်ဆုံး သီတင်းပတ်တွေမှာ တာလီဘန်တွေ အလျင်အမြန် အာဏာပြန်ရလာခဲ့ပြီး အမေရိကန် တပ်တွေ ဖရိုဖရဲ ဆုတ်ခွာခဲ့ရပါတယ်။ Carla Babb သတင်းပေးပို့ချက် ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံပိုင် ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်းတွေက ရတဲ့ ငွေကို စစ်ကောင်စီကို မပေးပဲ ပိတ်ဆို့ ဒဏ်ခတ်ထားဖို့ မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။ အေပီ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါ့မယ်။
နိုင်ငံပိုင် ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်းတွေက ရတဲ့ငွေကို စစ်ကောင်စီလက်ထဲမရောက်အောင် ပိတ်ဆို့ ဒဏ်ခတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပေမဲ့ အမေရိကန် Chevron နဲ့ ပြင်သစ် Total ရေနံ ကုမ္ပဏီတွေက ဝင်ငွေတွေကိုပိတ်ဆို့ဖို့ သက်ဆိုင်ရာ အစိုးရတွေက မလုပ်သေးပါဘူး။ အေပီ သတင်းကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ကမ္ဘာ့နိုင်ငံရေး မျက်နှာစာမှာ အမေရိကန် ဦးဆောင်မှု ပြန်လည် ရယူပြီဆိုတဲ့ သတင်းစကား နဲ့ သမ္မတ တာဝန် စယူခဲ့တာပါ။ သမ္မတဘိုင်ဒန်ရဲ့ ပထမနှစ်သက်တမ်း အတွင်း နိုင်ငံခြားရေး မူဝါဒအကြောင်း Patsy Widakuswara ပေးပို့တဲ့သတင်း ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
ပေါ်တူဂီနိုင်ငံရဲ့ ရွှေဗီဇာ အစီအစဉ်ဟာ သူတို့နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံတဲ့သူတွေကို နိုင်ငံသားအဖြစ်ခံယူနိုင်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိစေပြီးတော့ ဥရောပ သမဂ္ဂ အီးယူနိုင်ငံတွေဆီကို အလွယ်တကူ ဝင်ထွက်သွားလာနိုင်စေတာပါ။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ကြား တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး ဒီနေ့ဆိုရင် မုံးကိုးမြို့အနီးနဲ့ ဖောင်းဆိုင်ဘက်မှာ လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပုလင်းခွံတွေ အသုံးပြုပြီး အမြင့် ၃ မီတာ ခရစ္စမတ် သစ်ပင်ကြီး ဖန်တီး၊ လန်ဒန်မြို့တော်မှာတော့ စွန့်ပစ်ပစ္စည်းတွေကနေ ခရစ္စမတ်သစ်ပင် ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကင်ညာနိုင်ငံက အငှားယာဉ် ကုမ္ပဏီ ဖြစ်တဲ့ Little ဟာ မြို့တော် နိုင်ရိုဘီမှာ ငှားစီးနိုင်တဲ့ လျှပ်စစ်စက်ဘီးတွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီလျှပ်စစ်စက်ဘီးတွေက ကားကျပ်တာ၊ လေထုညစ်ညမ်းတာ တွေကို ရှောင်ရှားနိုင်မယ့် အကြောင်း Lenny Ruvaga သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာမယ့်အခြေအနေတွေ ရှိနေပါတယ်။
မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မြန်မာပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ အင်တာနက်သုံးစွဲမှု နှုန်းထားတွေကို ဒီနေ့ ဒီဇင်ဘာလ ၈ ရက်ကစပြီး တိုးမြှင့်ကောက်ခံလိုက်ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေက ရွာသားတွေကို ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ စစ်ကောင်စီတပ်ကနေ စာရင်းကောက်ယူနေတဲ့အပေါ် ပလက်ဝ ချင်းကာကွယ်ရေး CDF အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ဆက်လက်လုပ်ဆောင်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့က ဆိုင်ခန်းပေါင်း ၂၀၀ နီးပါးရှိတဲ့ စည်ပင်ဈေးတခုနဲ့ အိမ်ရာတချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ကြိုတင်အသိမပေးဘဲ လူအင်အား အလုံးအရင်းနဲ့ ဒီနေ့မနက်မှာ ဖြိုဖျက်လိုက်ပါတယ်။
ပြင်းထန်တဲ့ ဒဏ်ရာတွေကို အဝေးကနေ စောင့်ကြည့်စစ်ဆေးနိုင်မယ့် စမတ်ပတ်တီးတမျိုး စင်ကာပူတီထွင်၊ အိန္ဒိယက မိန်းမချစ်တဲ့ ကျောင်းဆရာ သူ့ဇနီးအတွက် ကမ္ဘာကျော် တပ်ဂျ်မဟာလို အိမ်လေးဆောက်ပေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ နယ်ခြေလုံခြုံရေးအတွက် စစ်ကောင်စီတပ် ကနေ ပြည်သူ့စစ်ဖွဲ့စည်းဖို့ စာရင်းကောက်ခံနေပြီး ကျေးရွာသားတွေဆန္ဒမရှိတာကြောင့် မဲနှိုက်ပြီး မဲပေါက်သူ တက်စနစ်နဲ့ လူရွေးနေကြကြောင်း ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ကယားပြည်နယ်ထဲက လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့၊ ဒေါသမကြီးမြို့တို့ကိုဖြတ်ပြီး ဘောလခဲအထိပေါက်တဲ့ လမ်းမကြီးကို ဒီဇင်ဘာ ၃၀ သောကြာနေ့ကစပြီး ရက်အကန့်အသတ်မရှိ လမ်းပိတ်သွားမယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တရားစွဲခံထားရတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅-ခ အမှုအတွက် နေပြည်တော်တရားရုံးက အမိန့်ချမယ်လို့ မူလသတ်မှတ်ထားတဲ့ရက်မှာ မြစ်ကြီးနားတရားရုံး ပရဝဏ်မှာ အသံမိုင်းတလုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား နေ့စဉ်လိုဖြစ်နေတဲ့တိုက်ပွဲတွေ ဒီနေ့ နိုဝင်ဘာ ၂၉ရက်မှာလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ Lego တုံးတွေနဲ့ တည်ဆောက်ထားတဲ့ တိုယိုတာ လန်ခရူဆာကား ပြသထား၊ လန်ဒန်မြို့တော် Kew ရုက္ခဗေဒဥယျာဉ်မှာ ခရစ္စမတ်ပွဲတော်အတွက် ရောင်စုံ မီးလုံးပေါင်း တသန်းကျော်နဲ့ အလှဆင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
၃ နာရီခွဲလောက် ၁ နေရာ ကနေ စလောင်တယ်။ ပြီးရင် ၆ နာရီခွဲလောက်မှာ နောက်တနေရာ စလောင်တယ်။ ည ၁၁ ခွဲလောက်မှာ နောက်တနေရာ လောင်တယ်။ အကုန်လုံး မနေ့က မီးလောင်တဲ့ အိမ်ခြေက ၄၉ အိမ်ခြေရှိတယ်။ စက်တင်ဘာလကတည်းက အခုချိန်ထိ စစ်ကောင်စီဘက်က ကျဆုံးတဲ့သူရှိတိုင်း အိမ်တွေမီးလောင်တာပေါ့နော်။” (ထန်တလန် CDF)
နောက်ထပ်ကြည့်ရှုရန်