“ထိခိုက်မှုတွေကတော့ အများကြီးရှိတာပေါ့နော်။ မီးစက်တော့ရှိတယ်။ ဆီဈေးကတက်နေတော့ အဆင်မပြေဘူးပေါ့နော်၊ လုပ်ငန်းမှာဆိုရင်လည်း မီးက တနေ့ကို လေးငါးနာရီလောက် ပျက်တယ်။ အလုပ်လုပ်ရတာ ဧည့်သည်တွေ (ဆံပင်ပြုပြင်ရန်လာသူ) တွေနဲ့ဆိုတော့ ကသိကအောက်ဖြစ်တယ်လေ၊ မီးမလာတဲ့အတွက်ကြောင့်ပေါ့လေ။” (မချောစု-ဆံပင်ဆိုင်ပိုင်ရှင်)
“မီးသွေးရော၊ ဖယောင်းတိုင်တွေရော၊ အကုန်ဈေးတက်တယ်။ ဆီတပုလင်းကို ၄,၄၀၀ ဝယ်နေရတယ်။ အဲဒါတောင် ရိုးရိုးဆီပဲနော်၊ အဲဒါ ဝယ်စားနိုင်ဖို့ အခြေအနေမရှိဘူး။ မိုးတွင်းတောင် မရောက်သေးဘူး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာ။” (ဒေါ်သိန်းမေ-ဒေသခံ)
စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာက နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်ဆီးခဲ့တဲ့အပြင် ဒေသခံတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်အတွင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂရုံးကို အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာကြောင့် မနေ့က ဖယ်ရှားလိုက်ရတယ် လို့ စစ်တွေ ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။
တောင်အာဖရိကနိုင်ငံ မှာ ဆင်ချေးတုံးကနေ အရက်ချက်လုပ်ရောင်း၊ တူရကီနိုင်ငံက အမျိုးသား ၁၄ လ ကြာ ကိုရိုဗိုင်းရပ်စ် ပိုးရှိနေ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေတာ၊ နိုင်ငံရေးနဲ့ လုံခြုံရေးမတည်ငြိမ်မှုကြောင့် တရုတ်လုပ်ငန်းသေးတွေ ရပ်နားကုန်တာ၊ နယ်စပ်လုံခြုံမှု မရှိတော့တာ စတာတွေကြောင့် တရုတ်ဟာ မြန်မာနိုင်ငံထဲက သူ့ရဲ့အကျိုးစီးပွားတွေအတွက် စိုးရိမ်နေပုံရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
“အစိုးရရဲ့အဓိကရည်ရွယ်ချက်က ဒီမီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ဘယ်နှစ်ဦးရှိသလဲဆိုတာ သေသေချာချာ စာရင်းပြုစုချင်တာပါတယ်။ နောက်တခု က ဒီမီဇိုရမ်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ မီဇိုရမ်မှာနေထိုင်တဲ့အခိုက် သူတို့အတွက်ပိုပြီးတော့မှ လုံခြုံမှု ရှိစေဖို့ပေါ့နော်။...” ( ဒုက္ခသည်တွေကိုကူညီသူ ကိုရစ်ချတ်)
ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖြစ်တဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေး ဂိတ်နဲ့ စစ်တွေ နယ်စပ်ကုန်သွယ်ရေးတွေမှာ ဖေဖော်ဝါရီလအစောပိုင်းကတည်း ကုန်ပစ္စည်းအမှာနည်းပါးလာတာနဲ့ ပြည်မဘက်က ကုန်ဈေးနှုန်းနဲ့သယ်ယူစရိတ်မြင့်တက်လာနေတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ကုန်တွေ ကျဆင်းလာနေပါတယ်။
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ လူသိများထင်ရှားသူတွေဖြစ်ကြတဲ့ စာရေးဆရာ မောင်သာချိုကို ထောင်ဒဏ် ၂ နှစ်နဲ့ ဆရာထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ်နဲ့ ထောင်တွင်းတရားရုံးတွေက ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က တပ်အင် အား ထပ်မံဖြည့်တင်းနေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
အာရေးဘီးယားနိုင်ငံ ရီယာဒ်မြို့တော်မှာ ဇွန်ဘီတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ တည်ခင်းရောင်းချတဲ့ စားသောက်ဆိုင်၊ ကမ္ဘာ့အလေးချိန်အများဆုံးနဲ့ တန်ဖိုးအကြီးဆုံး အပြာရောင်စိန်ကြီး ဟောင်ကောင်မှာ လေလံတင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) တို့အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဖာပွန်ခရိုင်ဘက်မှာ ဒေသခံတွေ သွားလာရေး အခက်တွေ့နေကြပါတယ်။
“ဆောက်လုပ်ရေးလုပ်ငန်းတွေက အမှန်တကယ်လည်း ရပ်ဆိုင်းသွားတာတွေရှိပါတယ်။ ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းက အရင်တုန်းက ဘိလပ်မြေတအိတ်ကို ၆,၅၀၀ ဆိုလို့ရှိရင် အခုက တသောင်းခွဲ နီးပါးအထိ တက်သွားပါတယ်။ ဆိုတော့... တော်ရုံလူုတွေက မလုပ်နိုင်တော့ဘူး။“ (ဦးစိုးလွင်-ဆောက်လုပ်ရေးလုပ်ငန်းရှင်)
“အခုဒီ Hunger strike ကတော့ အပြည့်အဝ အစာအငတ်ခံ ဆန္ဒပြတယ်ပေါ့လေ၊ လုံးဝ ရေကလွဲပြီးတော့ အစားအစာလုံးဝ စားသုံးမှုမပြုတဲ့ လှုပ်ရှားမှုတခု လုပ်ကြတယ်၊ ၁၂ ရက်ကနေ ၁၃-၁၄ သုံးရက်၊ ၇၂ နာရီ လုပ်နေတယ်လို့ အကြမ်းဖျင်း သိထားပါတယ်။” (ရှေ့နေ)
အင်ဒိုနီးရှားနိုင်ငံမှာ ၆ နှစ်ကြာ တာယာကွင်း လည်ပင်းမှာ စွပ်မိနေတဲ့ မိချောင်းကြီးတကောင်ကို ကယ်တင်၊ ထိုင်းမြန်မာနယ်စပ်တောထဲမှာ ခြေထောက်သုံးချောင်းနဲ့ ကျားမကလေးကို စောင့်ရှောက်ပေးဖို့အတွက် ထိုင်းသစ်တောဝန်ထမ်းတွေက လိုက်ရှာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
“ရေဇွာမြို့က တမြို့လုံးရှောင်ထားတာ။ ဆိုတော့ ရေဇွာရဲ့လူဦးရေအကုန်လုံးဟာ စစ်ရှောင်တွေ။ အနီးနားရွာတွေရယ် ဟိုဘက် အိန္ဒိယမီဇိုရမ်ဘက်မှာ ရှောင်တာက အခု အဖွဲ့တွေခွဲပြီးစာရင်းတွေ ကောက်ခံထားတယ်။ မနက်ကအထိ ကျနော်တို့ ကောက်ခံတာက (၃,၀၀၀) နားကပ်နေပြီ။ မီဇိုရမ်ပြည်နယ်ရောက်တဲ့ဟာ။” (ဒေသခံ အကူအညီပေးနေသူ)
“၁၀ ရက်နေ့ ဝန်ထမ်းတွေရွှေ့ခိုင်းတယ်လေ။ ....ကြောက်ပြီးတော့ပြန်ကြတာပဲ။ ထွက်တာတော့မဟုတ်ဘူးလေ။ တရာကျော်လောက်ရှိတယ် ဝန်ထမ်းတွေက။ ကျနော်တို့ ဒီဘက်နယ်ခံတွေကျတော့လည်း သူ့ဘာသာသူ နေတာပေါ့။ သူတို့က လုံခြုံရေး တာဝန်မယူဘူး ပြောကတည်းက ကြောက်ပြီပေါ့ ဝန်ထမ်းတွေကတော့။” (ဒေသခံ)
TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေကြားမှာ ပြီးခဲ့တဲ့လပိုင်းက ကျောက်မဲ၊ သီပေါ၊ မိုင်းကိုင်နဲ့ လဲချားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာတော့ ရပ်စောက်မြို့နယ်ဘက်မှာပါ ဖြစ်ပွားလာနေတာပါ။
စစ်တပ်ပေါ်တာဆွဲခံရပုံရတဲ့ အရပ်သားကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်မောင်းသူနဲ့ကားပိုင်ရှင်အမျိုးသမီးတို့သေဆုံးသွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်