“အဓိက ပြဿနာဖြစ်ရတဲ့အကြောင်းရင်းက စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေါ်လာတွေ ရောင်းချပေးထားတာ ရှိတယ်။ ရောင်းချပေးထားပေမယ့် ထုတ်သွင်းတဲ့ ကုမ္ပဏီတွေကို ကျနော်တို့က အခုနောက်ပိုင်းမှာ ၁၈၅၀ ဈေးနဲ့ ရောင်းချခိုင်းတယ်။ဒါနဲ့ မရောင်းချချင်တဲ့အတွက်ကြောင့် ဆီတွေ မရှိတော့ဘူး”ဆိုတဲ့..” (ဗိုလ်ချုပ် ဇော်မင်းထွန်း)
“ဒီ ID ဘယ်လောက်အကျိုးရှိတာဆိုတာတော့ ဒါ စစ်ဘေးရှောင်ရောက်လာသူပေါ့နော်။ အသိမှတ်ပြု တဲ့ သဘောပါပဲ။ အလုပ်လုပ်ခွင့်ဆိုတာကတော့ လက်လုပ်လက်စားတွေတော့ရတယ်။ ဈေးဆိုင် လေး တွေ လုပ်လို့ရတယ်။ တချို့ကဆိုင်တွေမှာ ဆိုင်စောင့်တာတို့ ဘာတို့၊ ဝန်ထမ်းလေးတွေ လုပ်ကြတာ ပေါ့နော်။” (မရွှေအေး-စခန်းတွင်းနေထိုင်သူ)
ဘရားဇီးလ်မှာ စွန့်ပစ်ခံထားရလို့ ကယ်ယူထားတဲ့ ခွေးလေး ၂ ကောင် အွန်လိုင်းမှာ နာမည်ကျော်ကြား လူကြိုက်များ၊ ဂျာမနီနိုင်ငံ ဘာလင်မြို့က တိရိစ္ဆာန်ရုံမှာ ကမ္ဘာ့အသက်အကြီးဆုံး မျောက်ဝံကြီး ဧပြီ ၁၃ မှာ အသက် ၆၅ နှစ်ပြည့်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
"ကျမတို့အိမ်နားမှာကျတာ။ တင့်ကားနဲ့ ပစ်တာ ၇ လုံးလောက်ရှိတယ်။ အိမ်ခေါင်မိုး ပွင့်သွားတာတွေ၊ မီးဖိုဆောင်ပွင့် သွားတာတွေ၊ ကားပေါ်ကျတာတွေ။ ၁၁ နှစ် ကလေးတယောက်ပေါင်နား စင်သွားတယ်။ အဒေါ်တယောက်က လည်ပင်းနားထိသွားတယ်။ ဆိုင်ကယ်မောင်းနေတဲ့ ဦးကြီးတယောက် ပစ္စည်းတင်နေ တာ ခေါင်းနားမှာ နည်းနည်းမှန်သွားတယ်။" (ဒေသခံ)
ဝါရှင်တန်မြို့တော်မှာရှိတဲ့ Holocaust ပြတိုက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြီးခဲ့တဲ့လက သွားရောက်တဲ့အချိန် မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေအပေါ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေဟာ Genocide လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ ကြေညာခဲ့ပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
နတ်ချောင်းကျေးရွာဟာ မနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဧပြီလအထိ (၄) ကြိမ်မီးရှို့ခံရပြီး အိမ်ခြေ (၂၀၀) နီးပါး မီးရှို့ခံခဲ့ရပါတယ်။ ပထမအကြိမ်တုန်းက နေအိမ်အလုံး ၄၀ ကျော်နဲ့ ဒုတိအကြိမ်မှာတော့ နေအိမ် ၇၀ ကျော် မီးလောင်ကျွမ်းခဲ့သလို အခုတကြိမ်က အများဆုံး မီးလောင်ကျွမ်းတာလည်းဖြစ်ပါတယ်။
“ကျနော်တို့ဝင်လာတာ နည်းနည်း နောက်ကျတယ်ဆိုပြီးတော့ စစ်ဆေးတယ်၊ ကျနော်တို့မှာ ဆေးတွေ ဝယ်လာတာရှိတယ်။ ဆေးစာရွက်တွေ ဘယ်မှာလဲ ဆိုပြီးတော့ မေးတယ်၊ ပြီးတော့ သူတို့နေတဲ့နေရာကို ခေါ်ပြီးတော့ နာရီဝက်လောက် စစ်ဆေးတာရှိတယ်။သူတို့ အထက်ကလူတွေကို ခေါ်လိုက်ရမလားဆိုပြီး ပြောတာရှိတယ်။” (စစ်ဆေးခံခဲ့ရသူ)
အမေရိကန်လွှတ်တော်အဆောင်အဦးနား မြေခွေးတကောင်သောင်းကျန်း၊ ဂျပန်မှာ တီထွင်တဲ့ စက်ရုပ် ၃ မိနစ်အတွင်း ငှက်ပျောသီးအခွံခွာနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“နေအိမ်က တရွာလုံးဆိုရင် ၂၅၀ လောက်ပါသွားမှာပေါ့။ လူအလွတ် အကုန်ပြေးကြရတာ။ ဘာမှ မသယ်နိုင်ခဲ့ကြဘူး။ ကျနော်တို့လည်း ဘယ်လိုမှစဉ်းစားလို့ မရဘူး။ သူတို့ဘာသာ လာရှို့သွားတာ။ ရေငတ် အစာငတ်နဲ့ အကုန်ပြေးလွှားနေရတာ။ ရွာထဲမှာလည်း ရေမရတော့ ရေငတ်တဲ့သူကငတ်၊ အစာငတ်တဲ့သူက ငတ် အကုန်ပြေးလွှားနေရတာ။” (ရေကျော်ရွာသား)
“ဒီနေ့အမိန့်ချတာပေါ့နော်၊ ငွေဒဏ် ငါးသောင်းမဆောင်ရင် ထောင်ဒဏ်လေးလ ကျခံရမယ်ဆိုပြီးတော့ အမိန့် ချတာပါခင်ဗျာ။ အခုကတော့ ငွေဒဏ်ဆောင်လိုက်ပြီပေါ့နော်။ ပါတီကတယောက် လာပြီးတော့ ငွေဒဏ် ဆောင်လိုက်တယ်လို့ ပြောတယ်။ ထောင်ဒဏ်လည်း မရှိတော့ပါ ဘူးခင်ဗျာ။” (ဦးကျော်စိုးလင်း၊ အထက်တန်းရှေ့နေ/သဇင်ဥပဒေအဖွဲ့)
“ဥပမာ- အခု ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တွေဘက်မှာ ကျနော်တို့ တရားရုံးတွေကိုလာပြီး မြန်မာစစ်တပ်က အင်အားသုံး နှောင့်ယှက်နေ တာတွေရှိတယ်။ ရခိုင်ဒေသမှာ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ကျနော်တို့ကြား သဟဇာတဖြစ်ရေးတွေ လုပ်နေတာ ရှိတယ်။ အဲဒါကို မြန်မာစစ်တပ်ဘက်က ...” (ခိုင်သုခ- အေအေပြောခွင့်ရ)
“အကြမ်းဖက်မှုရပ်ပစ်ဖို့၊ NUG၊ လွှတ်တော်ကိုယ်စားပြုကော်မတီတို့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကရုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးခြယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်အပေါ် စဉ်းစားပေးနိုင်မှသာ ခုနက ပြောတဲ့အခြေအနေရောက်ရှိပါမယ်။” (ဦးသန်းနိုင်စိုး၊ နိုင်ငံရေးသုံးသပ်သူ)
ဗီယက်နမ်လက်သမားတယောက်ဟာ အမေရိကန်ဒေါ်လာ သောင်းချီအကုန်ခံပြီးတော့ မီနီ ဘက်စ်ကား တစီးကို တင့်ကား အဖြစ်ဘဝပြောင်းပေး၊ တောင်ကိုရီးယားမှာ ဆေးပညာရှင်တွေ၊ ဆရာဝန်တွေကပဲ ဆေးမှင်ကြောင်ထိုးပေးရမယ်လို့ပြော၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မူဆယ်-၁၀၅ မိုင်စခန်းမှာ ရဲတပ်ဖွဲ့ဝင်ငါးဦးကို လက်နက်ကိုင်တွေ ဖမ်းဆီးသတ်ဖြတ်ကြောင်း စစ်ကောင်စီပြောခွင့်ရက အတည်ပြုခဲ့ပြီး သေဆုံးသူတွေက ဒေသတွင်း မူးယစ်၊ လောင်းကစားစတဲ့ကိစ္စတွေနဲ့ ဆက်စပ်နေနိုင်ကြောင်း ဒေသခံတွေက ယူဆနေကြပါတယ်။
“... ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်နေတယ်။ ငြိမ်းချမ်းရေးနှစ် ဖြစ်စေရမယ်လို့ ဝန်ကြီးချုပ်ကိုယ်တိုင် တနှစ်ပြည့်မိန့်ခွန်းမှာကော၊ ဖေဖေါ်ဝါရီ ၁၂ ပြည်သူလူထုကို ပြောကြားတဲ့အထဲမှာရော ပါပြီး ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရရှိစေ အကြောင်းတရားတွေကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။”-ဗိုလ်ချုပ်ဇော်မင်းထွန်း
“တခြားဘာမှတော့ မပါဘူး၊ ဒုက္ခရောက်နေတော့ ဒီကနေ အစားအသောက်တွေ သွားပို့လို့ မရဘူး။ ထွက်လာလို့လည်း မရဘူးဆိုတော့ ကျနော်တို့က အဲဒီလို တရားဝင်ခွင့်ပြုချက် တောင်းပြီးမှ... ဟိုဘက် (စကစကိုလည်း) ကျနော်တို့က ညှိနှိုင်းမှုရှိပါတယ် KIO ဘက်ကလည်း ဒါကိုတော့ တောထဲမှာရှိတဲ့သူတွေ နေရပ်ပြန် ဖို့ သဘောတူတယ်။” (KBC အကြီးအကဲ)
“ တောင်ပေါ်ကွင်းဖြစ်တဲ့အတွက်ကြောင့် အောက်ကပင့်တဲ့လေပေါ့- ပင့်ပြီးတိုက်တဲ့လေ မိတယ်။ ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက်မှာ ရဟတ်ယာဉ်ပြုတ် ကျတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်။ တပ်က လုံခြုံရေးအဖွဲ့ ၂ ယောက်၊ အရပ်သား ၃ ယောက်။ သူတို့ကတော့ ဒဏ်ရာရရှိတာရှိတယ်။ သူတို့ကိုတော့ ဟားခါးမှာပဲ ကုသနေတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“...ရှိသမျှ ဆန် ဆီ ဆားလေးတွေကလည်း အိမ်မှာရှိတဲ့ဟာတွေကလည်း စစ်တပ်က ယူသွားပြီဆိုတော့ အိမ်လည်း ပြန်ကပ်လို့လည်းမရဘူး။ ကပ်ပြန်ရင်လည်း အိမ်မှာ စားစရာမရှိ သူများပေးတာလေးနဲ့ စားနေကြရတာ။ အကုန်လုံးကို စားရေးသောက် တာ အခက်အခဲဖြစ်နေတာ။ လူဦးရေနဲ့ဆို ၄ ထောင်ကျော်လောက်ရှိမယ်။” (ဒေသခံ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ခေါက်ဆွဲခြောက်ဆိုင်မှာ ခေါက်ဆွဲအမျိုးပေါင်း ၇၀ ကျော်ရနိုင်၊ ရှီကာဂိုမြို့ အရုပ်ကုမ္ပဏီ ယူကရိန်းသမ္မတ ဇလန်းစကီး ပုံတူ လယ်ဂိုတုံး အရုပ်ထုတ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်