သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူမှာ စစ်ကောင်စီနဲ့ AA နယ်မြေစိုးမိုးမှု အားပြိုင်


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နေ့စဉ်လူမှုဘဝမြင်ကွင်း။ (ယခင်ပုံဟောင်း)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နေ့စဉ်လူမှုဘဝမြင်ကွင်း။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]


ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ထိန်းချုပ်မှု သိပ်မရှိတဲ့ ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့နယ်မှာ အသွားအလာတွေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာကြောင့် လမ်းသွားလမ်းလာတွေနဲ့ ခရီးသည်တွေ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် စစ်ဆေးနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီနဲ့ AA ကြား နယ်မြေစိုးမိုးရေး အားပြိုင်နေတဲ့ ကျောက်ဖြူမြို့နယ်ကအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့အဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်မှာ လမ်းသွားလမ်းလာတွေ၊ ခရီးသည်တင်ကားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး အခုနောက်ပိုင်း တင်းတင်းကြပ်ကြပ် စစ်ဆေးလာနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ တနင်္ဂနွေနေ့က ကိုယ်တိုင်စစ်ဆေးခံခဲ့ရတဲ့ ကျောက်ဖြူဒေသခံတဦးက နာရီဝက်လောက်ကြာအောင် စစ်ဆေးမေးမြန်းတာခံခဲ့ရတယ်လို့ ခုလိုပြောပါတယ်။

“သူတိုက့ ကျနော်တို့ဝင်လာတာ နည်းနည်း နောက်ကျတယ်ဆိုပြီးတော့ စစ်ဆေးတာရှိတယ်၊ နေမကောင်းလို့ ဆိုပြီး ကျနော်တို့မှာ ဆေးတွေ ဘာတွေ ဝယ်လာတာရှိတယ်။ ဆေးစာရွက်တွေ ဘယ်မှာလဲ ဆိုပြီးတော့ မေးတာရှိတယ်၊ ပြီးတော့ သူတို့နေတဲ့နေရာကို ခေါ်ပြီးတော့ နာရီဝက်လောက် စစ်ဆေးတာရှိတယ်။သူတို့ အထက်ကလူတွေကို ခေါ်လိုက်ရမလားဆိုပြီး ပြောတာရှိတယ်။ သူတို့စစ်တာက ဆိုင်ကယ် ဘောက်ရယ်၊ ကျောပိုးအိတ်တွေ ဘာတွေ အဝတ်အစားတွေ အကုန်စစ်တယ်။ စစ်သားရယ် ရဲရယ် ပေါင်းပြီးစစ်တာပေါ့နော်။”

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကတော့ ဒေသခံတွေနဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အခုလို စစ်ဆေးမှုတွေလုပ်နေတာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကိုဗစ်နဲ့လမ်းခရီးလုံခြုံမှုပါခင်ဗျာ။ ကျန်းမာရေးအတွက် စစ်တာပေါ့၊ ကျန်းမာရေးကတော့ ကိုဗစ်.. လိုရင်လိုသလို များများစစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုဗစ်တွေ ပျံ့ပွားမှုသိပ် မရှိဘူးဆိုရင်တော့ လိုအပ်တာလောက်ပဲ လုပ်ပါတယ်။ လက်မှတ်ကြည့်ရုံလောက်ပေါ့။”

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းစတင်ခဲ့ချိန်ကတည်းက မြို့ထဲဝင် သူတွေ ကိုဗစ်ကပ်ရောဂါစည်းကမ်းတွေနဲ့အညီ လိုက်နာသလားဆိုတာ စစ်ဆေးဖို့ ကျောက်တလုံးဂိတ်ကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအစား စစ်သားနဲ့ရဲတွေက စစ်ဆေးနေတာဖြစ်ပါတယ်။ စီးလာတဲ့ ဆိုင်ကယ်၊ ကားစတာတွေကိုပါ ဖွင့်လှစ်စစ်ဆေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။

“စိတ်အနှောင့်အယှက် တော်တော်ဖြစ်တယ်၊လွတ်လပ်မှု မရှိဘူးလို့လည်း ခံစားရတယ်။ အဲလိုမျိုး သူတို့ အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ် စစ်နေတာဆိုတော့ လွတ်လွတ် လပ်လပ်ရှိတယ်လို့ မခံစားရဘူး။”

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲနဲ့ စစ်တပ်တို့ကြား ၂၀၁၉ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် AA အဖွဲ့က အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးပိုင်းတွေကို အာရုံစိုက် လုပ်နေပါတယ်။ AA အင်အားကောင်းတဲ့နေရာတွေမှာ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ဒေသခံ ရခိုင်ပြည်သူတွေပါဝင်တဲ့ ULA တရားရုံးတွေကိုလည်း မြို့ နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းထက်စာရင် တောင်းပိုင်းမှာတော့ AA ရဲ့ သြဇာအတော်လေး နည်းပါတယ်။ တောင်ပိုင်း မြို့နယ်တချို့က ULA/AA တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို စစ်ကောင်စီဘက်က အင်းအားသုံး နှောင့်ယှက်နေတယ်လို့ ပြောခွင့်ရ ခိုင်သုခက မတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတုန်းကပဲ ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ဆက်ပြီးတော့ နှောင့်ယှက်နေမယ်ဆိုရင် တင်းမာမှုကနေ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့လည်း AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ULA/AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေ မလုပ်နိုင်အောင် စစ်ကောင်စီဘက်က တားဆီးနေတာကြောင့် AA အဖွဲ့နဲ့ စစ်ကောင်စီကြား အခု ၂၀၂၂ ခုနှစ်ထဲမှာ တင်းမာမှုမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










============

XS
SM
MD
LG