“မနေ့က ၉ နာရီခွဲလောက်ကလေ၊ မိုင်းကွဲလို့။ ကျနော့်အဖေက တောမှာ သစ်ခုတ်နေတာလေ၊ ကျနော့်အဖေရဲ့ အလုပ်သမားလေးက ကျနော်တို့ကို ဖုန်းဆက် တာပေါ့။ ဒီကလူတွေ လိုက်သွားကြတော့ ခရီးကဝေးတော့လေ၊ တောင်ပေါ်မှာ ဖြစ်တာ။ အဲဒါ တောင်အောက်ကို ထမ်းပြီးချလာတာ လမ်းတဝက်လောက်မှာ သေသွားတယ်။” (သားဖြစ်သူ)
အရေးပေါ်ကယ်ဆယ်ရေး ရှေးဦးသူနာပြုတွေ လိုရာခရီး ပျံသန်းသွားဖို့ မိုးပျံဝတ်စုံကို ဗြိတိန်မှာ စမ်းသပ်၊ နီပေါက တောင်တက်သမား ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် တက်ကြိမ် စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ကျနော်တို့ မွတ်ဆလင်တွေကို နိုင်ငံသားကဒ်မပေးဘူး။ နိုင်ငံသားကဒ်မရှိဘူးဆိုတော့ ကျောင်းတက် ခွင့်မရှိဘူးလား၊ အစီအစဉ်ဘယ်လိုမျိုးရှိလဲ၊ အခု ၂၀၂၀အောင်တဲ့ သူတွေပဲ ကျောင်းဝင်ခွင့်ရတာ ဆိုတော့ ၂၀၁၂ ကနေ ၂၀၁၉ အထိ အောင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဘယ်လိုမျိုးတွေရှိလဲ။” (ရိုဟင်ဂျာကျောင်းသားတဦး)
ကပ်ရောဂါကြောင့် ၂ နှစ်လောက်ရပ်နားခဲ့တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုနဲ့ မြန်မာဘက်က MoU လုပ်သားတွေကို မြဝတီ- မဲဆောက်နယ်စပ်ကနေ ဒီနေ့ မေလ ၁၀ ရက်မှာ ပထမဆုံးအကြိမ် စပြီးစေလွှတ် လိုက်ပြီး နောက်ထပ်လည်း ထိုင်းနိုင်ငံရဲ့ကိုဗစ်စည်းကမ်းတွေနဲ့အညီ စေလွှတ်ပေးဖို့ရှိနေပါတယ်။
“အခုလက်ရှိမှာ မီးလောင်သွားတာဆိုတော့ သူတို့မှာက ပစ္စည်းတွေလည်း ဘာမှမရလိုက်ဘူး၊ တော်တော်စိတ်ပူနေကြတယ်။ နေစရာကလည်းမရှိ စားစရာကလည်းမရှိ၊ စားဝတ်နေရေးလည်း တော်တော်အခက်အခဲဖြစ်နေတယ်။ နေအိမ်ကတော့ ၂၆၂ အိမ်ပါသွားတယ်။”(စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ နာယကဆရာတော်)
Star Wars ကြယ်တာရာစစ်ပွဲထဲ ရောက်သွားတဲ့ ထိုင်ဝမ်၊ သတ်မှတ်ချိန်အတွင်း စာအပြီးရေးရမယ့်သူများကို စာရေးဖို့ တွန်းအားပေးတဲ့ ဂျပန်ကော်ဖီဆိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ပဒကားချောင်းဖက်မှာ လက်နဲ့တူးပြီးတော့မှ အမျိုးသမီးတွေသွားပြီးခပ်နေကြတယ်၊ အချိန်လည်း ကြာတယ်။ ရေလည်း မသန့်ရှင်းပါဘူး၊ တခြား သုံးရေလည်း ရှားတာပါပဲ။ နိုင်ငံတော်က တူးပေးထားတဲ့ အုပ်ရေတွင်း ခြောက်တွင်းရှိတယ်ဗျာ၊ အဲဒီတွင်းတွေလည်း အကုန်ခန်းသွားတာပဲ ရေကြာကြာမခံဘူး။” (ဦးမောင်မောင်လှ-ခုံးတိုင်အုပ်ချုပ်ရေးမှူး)
“တော်လှန်ရေး တနှစ်ပြည့်ချိန်မှာ PDF တွေရဲ့ စုဖွဲ့မှုအားကတော့ တော်တော်လေးကောင်းတယ်၊ စည်းစနစ်တကျရှိတယ် လူထုနဲ့လည်း မြေပေါ်လမ်းစဉ်၊ သပိတ်လမ်းစဉ်တွေနဲ့လည်း ဟန်ချက်ညီညီ ပေါ်ထွက်လာခဲ့တယ်။ ကာကွယ်ရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း စနစ်တကျကို လိုက်နာတယ်။ (မုံရွာ PDF ရဲ့ ခေါင်းဆောင်တဦး)
ပြီးခဲ့တဲ့ နှစ်အမေရိကန်မှာ အစ္စလာမ်မုန်းတီးမှု နဲ့ မူဆလင်တွေ အပေါ် အမုန်း နဲ့ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ ထိုးတက်သွားတယ်လို့ အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီအဖွဲ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ တင်းမာမှုတွေ လျော့ကျစေဖို့ ဗားဂျီးနီးယား Sikh အသိုင်းအဝိုင်းကြား Eid ပွဲဆင်နွှဲကြတာကို ကိုငြိမ်းချမ်း ပြောပြမှာပါ
“မြေမြှုပ်မိုင်းရဲ့ ဆိုးကျိုးက တဘက်ရန်သူတင်မကဘဲနဲ့ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ဥယျာဉ်ခြံလုပ်နေသူတွေအတွက်ပါ တော်တော်လေး ထိခိုက်နစ်နာမှု ရှိပါတယ်ပေါ့လေ။ တော်တော်များများ အပြစ်မဲ့တဲ့ပြည်သူတွေဟာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အသက်ပေးသွားကြတာ တော်တော်လေး ကျနော်တို့ တွေ့ရပါတယ်။" (ချင်းအရပ်ဘက်အဖွဲ့ဝင်တဦး)
“..ဖမ်းဆီးခံရတာတွေ၊ အသက်ရှုံးတာတွေ၊ ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေ ရှိမယ်၊ သတင်းအရည်အသွေးကို ကြည့်ရင်လည်း အားလုံး အကျဖက်ကို ဦးတည်နေတယ်။ ကျလည်းကျနေဆဲပေါ့နော်၊ ဆိုတော့ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ သတင်းရယူနေတဲ့သူတွေ အများပြည်သူတွေအတွက် အားလုံးကမကောင်းတဲ့ အကျိုးဆက်တွေပဲပေါ့နော်၊” (ဦးမြင့်ကျော် - သတင်းစာဆရာ)
ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းဘက်မှာ ဒီမေလ (၂) ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး မင်းတပ် CDF ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ် CDF ပြောခွင့်ရကပြောပါတယ်။
ဘရားဇီးနိုင်ငံ တောင်ပိုင်း Brusque မြို့က အမျိုးသားတယောက်ဟာ ကုမ္ပဏီ တခုမှာ ၈၄ နှစ်ကြာ အလုပ်လုပ်နေပြီး ဂင်းနစ် ကမ္ဘာမှတ်တမ်းစံချိန်ကို ချိုး၊ ဂျပန်သွားဆရာဝန်တွေ လေ့ကျင့်ဖို့ ကလေး စက်ရုပ် တမျိုးကို တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ တာချီလိတ်- မယ်ဆိုင် အမှတ်(၁) တံတားကို ထိုင်းဘက်က ၂ နှစ်လောက် ပိတ်ထားတဲ့အတွက် ကူးသန်းရောင်းဝယ်ရေး အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ မြန်မာဘက်က ထိခိုက်နေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်
“တံတားကျိုးသွားတာ။ (၁၅) ယောက်ယောက်ကတော့ အနည်းဆုံးပဲဗျ။ သေဆုံးအတည်ပြုသွားတာ ကျနော့်ဆီကိုဆက်သွယ်လာတာက (၆) ယောက် လောက်ပဲ ရှိသေး တယ်။ တော်တော်များများရေထဲမှာပဲ ရှိသေးတယ်။ အကုန်လုံးဆယ်ယူလို့မရတာ ရှိသေးတယ်။” (ကိုဇင်မင်းမောင်-စစ်ရှောင်တွေကို ကူညီနေသူ)
“နတ်ချောင်းက ဒီတကြိမ် အိမ်ခြေနည်းတယ်။ ချောင်းခွကတော့အိမ်ခြေပိုများတယ်ဗျ။ ၃၀ လောက်ပါမယ်လို့ ပြောတယ်ဗျ။ ချောင်းခွရွာက။ နတ်ချောင်းက (၈) အိမ်လောက် ထပ်ပါသွားတယ်။ အခုထိ တိုက်ပွဲဖြစ်နေဆဲမို့လို့ မီးရှို့ခံရတဲ့အိမ်တွေဆီ မသွားနိုင်သေးဘူးပေါ့ဗျာ။” (ဒေသခံရွာသား)
“ဟိုတနေ့ညက ဖြစ်သွားတဲ့ကိစ္စမှာဆိုရင် ဆရာတွေက အရင်ရိုက်တယ်၊ ပြီးတော့ အဆောင်မှူးတွေက ရိုက်တယ်။ ကြိမ်လုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်တယ်။ တဖွဲ့စီ ရိုက်တယ်။ ပြီးတော့ ကလေးတွေ နာနေတဲ့ဟာကို ဒိုက် ဆက်ထိုးခိုင်းတယ်။ တယောက်ကို အချက် ၅၀ နီးပါးကို သမ ခံရတာတဲ့။ (မိသားစုဝင်တဦး)
ပြင်သစ်နိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ် နဂါးခေါင်းနဲ့ စက်ရုပ်မြင်းကြီး တကောင် မြို့ထဲလှည့်လည်၊ အရသာ ပိုရှိအောင် စွမ်းအောင်ပေးနိုင်တဲ့ တူတမျိုး ဂျပန်နိုင်ငံက တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ကြားတာဟာ အပြုသဘောဖြစ်တယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက တုံ့ပြန်ပါတယ်။
“မနက်ခင်းက TNLA ဘက်ကို အင်တာဗျူးလုပ်ချင်တာ လှမ်းချိတ်ကြည့်တော့ သူတို့က အေးအေးဆေးဆေးပါပဲ။ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတယ်ပေါ့နော်။ လောလောဆယ်တော့ ဘာဆက်လုပ်မလဲဆိုတဲ့ဟာကတော့ မေးမြန်းစစ်ဆေးနေတဲ့အခြေအနေပေါ် မူတည်တယ်လို့တော့ပြောတယ်။”(မိုင်အနိုင်-ရွှေဖီမြေ သတင်းဌာနအယ်ဒီတာ)
နောက်ထပ်ကြည့်ရှုရန်