အမေရိကန် ရေတပ်အရာရှိတယောက် ဖြစ်တဲ့ မြန်မာပြည်ဖွား လီဆူတိုင်းရင်းသား လူငယ် တယောက် American Dream အမေရိကန်အိပ်မက်ကို ဘယ်လိုအကောင်အထည် ဖော်ခဲ့ပါလဲ။ ဘယ်အရာမဆိုရအောင် မရမကကြိုးစားဖို့ အခွင့်အရေးရှိတယ်ဆိုတဲ့ အနေအထားမှာ လူငယ်တွေ ဘယ်ကြောင့် ကြိုးစားသင့်ပါလဲ။ မခင်လေး ဆက်သွယ်မေးမြန်းထားတာပါ။
ရှမ်းမြောက်မှာ ယာယီစစ်ရပ်ဖို့ နှစ်ဘက်သဘောတူ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုအထူး ကိုယ်စားလှယ်နဲ့ စစ်ကောင်စီအကြီးအကဲ နေပြည်တော်မှာ တွေ့ဆုံ၊ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မျိုးသုဉ်းတော့မယ့် တိရိစ္ဆာန်မျိုးရင်းတွေနဲ့ အပင်တွေ အကြောင်းကို ကမ္ဘာက သိလာအောင် ကြိုးစားလုပ်ဆောင်နေတဲ့ GenZ လူငယ်အဖွဲ့၊ ဒီတပတ် ဘယ်လိုစိတ်ကူး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြလဲဆိုတာ GenZ ပရိတ်သတ်အတွက် မခင်လေး ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင် MNDAA ထိန်းချုုပ်၊ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ပြည်တွင်းမှာနေသူရော ပြည်ပမှာပါ ရောက်နေတဲ့ မြန်မာလူငယ်တွေဟာ ၂၀၂၄ နှစ်သစ်ကို စိတ်ခွန်အားအပြည့်နဲ့ စောင့်မျှော်နေကြသလို၊ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မတူညီတဲ့ အခြေအနေနဲ့၊ မတူညီတဲ့ နေရာမှာ နေထိုင်တဲ့ လူငယ် သုံးဦးရဲ့ နှစ်သစ်မျှော်လင့်ချက်တွေကို GenZ ပရိတ်သတ်တွေအတွက် မခင်လေးက ဆက်သွယ် မေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြားက ဒုတိယအကြိမ် ဆွေးနွေးပွဲ သဘောတူညီမှု တစုံတရာမရဘဲ ပျက်သွား၊ ကမ္ဘာ့အကြီးဆုံးသတ္တုမိုင်း တည်ရှိရာ နမ္မတူမြို့ ကို ညီနောင် ၃ ဖွဲ့ထဲက TNLA အဖွဲ့က သိမ်းလိုက်နိုင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
ကမ္ဘာ့အနောက်ခြမ်းမှာ အပူအပင်ကင်းကင်း ခရစ္စမတ်ပွဲကို ဆင်နွှဲခွင့်ရတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား GenZ လူငယ်တွေ၊ အဝေးတနေရာ အမိမြေမှာ ပျော်ရွှင်မှုနဲ့ ဝေးနေရမယ့်သူတွေအတွက် ဆုတောင်းပေးနေကြပါတယ်။ အမေရိကား လော့စ်အိန်ဂျယ်လိစ်မြို့၊ First Kachin Baptist ဘုရားကျောင်းက လူငယ်တွေနဲ့ မခင်လေး စကားပြောထားပါတယ်။
မန္တလေးနန်းတွင်း စစ်ကောင်စီတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရ၊ ပြည်တွင်းပဋိပက္ခ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်ထပ်ပြီးတိုက်တွန်း၊ ကုလမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ဆေးတက္ကသိုလ် ဝင်ပေမဲ့ ဝါသနာသိပ်မပါ၊ ငွေကြေးပိုင်းလည်းခက်ခဲတဲ့ လူငယ်တဦး၊ နိုင်ငံခြား တက္ကသိုလ်တွေမှာ ပညာတော်သင်ဆုတွေနဲ့ ကျောင်းတက်ခွင့်ရဖို့ ကြိုးစား အောင်မြင်ခဲ့ပါတယ်။ ခက်ခဲနေတဲ့ခေတ်ကြီးထဲ အခွင့်အရေးရှိလာမယ့်အချိန်အတွက် Gen Z လူငယ်တွေ အသင့်ပြင်ထားဖို့ စကားလက်ဆောင် ပါးပါတယ်။ မခင်လေး မေးမြန်းထားပါတယ်။
နမ့်ဆန်နောက်ဆုံးစခန်း ဗျူဟာကုန်းကို TNLA တအာင်းတပ်က သိမ်းလိုက်၊ မြန်မာမူးယစ်ဆေး ထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး၊ အမေရိကန်ဒေါ်လာငွေလဲနှုန်း သတ်မှတ်လို့ တနိုင်ငံလုံး စက်သုံးဆီပြတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
ဂျပန်မှာ စွန့်စားပြီး အလုပ်သွားရောက်လုပ်ကိုင်ချင်တဲ့ မြန်မာလူငယ်တွေ၊ အလုပ်ရဖို့အတွက် အချိန်တွေ ငွေတွေ ဘယ်လောက်ကုန်မလဲဆိုတာ GenZ ပရိတ်သတ်တွေ သိနိုင်ဖို့အတွက် ဆယ်စုနှစ် တခုကြာ အတွေ့အကြုံရှိတဲ့ ဂျပန်စာသင်ဆရာမကို ဆက်သွယ်ပြီး မခင်လေးက မေးမြန်းထားပါတယ်။
ညီနောင် ၃ ဖွဲ့ စစ်နယ်မြေပိုချဲ့နိုင်၊ အိုးအိမ်စွန့်ပြေး အရပ်သားများအတွက် ကုလအရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇ သန်း ပေး၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တရုတ်ဝန်ကြီးနဲ့ တွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
ဂျပန်မှာ စွန့်စားပြီး အလုပ်သွားရောက်လုပ်ကိုင်ချင်တဲ့ မြန်မာပြည်က လူငယ်တွေ အလုပ် လုပ်ကိုင်ခွင့်ရဖို့အတွက် ဘာတွေကို သတိထားပြင်ဆင်ရမယ်ဆိုတာကို GenZ ပရိတ်သတ်တွေ သိနိုင်ဖို့အတွက် ဆယ်စုနှစ် တခုကြာ အတွေ့အကြုံရှိတဲ့ ဂျပန်စာသင်ဆရာမ တဦးနဲ့ ဆက်သွယ်ပြီး မခင်လေးက မေးမြန်းထားပါတယ်။
ကချင်လိုင်ဇာမှာ စစ်ရေးတင်းမား၊ ကော့ကရိတ်ဘက် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်တဆင့်ကို တက်ဖို့ အသင့်ဖြစ်ကြောင်း ကြေညာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
မြန်မာပြည်က လူငယ်တွေသွားအလုပ်လုပ်ချင်ကြတဲ့ ဂျပန်နိုင်ငံက မြန်မာလုပ်သားတွေကို အခုလက်ရှိ တရားဝင်ခေါ်ယူနေလို့ မြန်မာနိုင်ငံက လူငယ်တော်တော်များများလည်း အဲ့ဒီမှာ သွားရောက် လုပ်ကိုင်နေကြပါတယ်။ GenZ ပရိတ်သတ်တွေ သိရအောင် မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
ရှမ်းမြောက်၊ လွိုင်ကော်နဲ့ ရခိုင်အပါအဝင် နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြေးရသူတွေ ပိုများ၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကိုလည်း အရှိန်ပြင်းပြင်နဲ့ နှိမ်နင်း၊ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
တချိန်က အမည်းရောင်နယ်မြေ ကော်သူလေးမှာ မွေးဖွားကြီးပြင်းတဲ့ ကရင်တိုင်းရင်းသူလေး ဂျပန်မှာ ဘွဲ့လွန်ပညာကို ဆည်းပူးခွင့်ရခဲ့သလို၊ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ပါရဂူတန်း တက်ရောက်ခွင့်ရပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ၊ နိုင်ငံခြားမှာ ပညာသင်ရတဲ့ အတွေ့အကြုံတွေကို GenZ အစီအစဥ်မှာ မခင်လေးက မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ တော်လှန်ရေးစစ်ပွဲတွေ နိုင်ငံတဝန်း အရှိန်မြင့်လာနေပြီး ကုလအတွင်းရေးမှူးချုပ်ကတော့ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာကို စိုးရိမ်ကြောင်းနဲ့ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လူငယ်နဲ့ အချစ်ရေးဆိုတာ အမြဲ ဒွန်တွဲနေတတ်တာပါ။ ဒီနေရာမှာ အချစ်က လူတယောက်ချင်းစီရဲ့ ဘဝတွေမှာ ဘယ်လောက်အထိ အရေးကြီးပါသလဲ။ အချစ်ဦးနဲ့ လွဲခဲ့ကြသူတွေအတွက်ရော၊ အချစ်ဦးမို့ မေ့မရတဲ့သူတွေ အတွက်ပါ Lifestyle နဲ့ Mindset Coach တယောက်ဖြစ်တဲ့ မရွှေဆုလှိုင်နဲ့ GenZ အစီအစဥ်မှာ မခင်လေးက စကားပြောထားပါတယ်။
တရုတ် - မြန်မာနယ်စပ်ဒေသက စစ်ရေးအရ အရေးကြီး ကွမ်းလုံမြို့သိမ်း အပါအဝင် ၁၀၂၇ စစ်ဆင်ရေး၊ စစ်ကောင်စီ အရေးပေါ် ကာလုံခေါ်ယူ၊ စစ်ပွဲများကြောင့်ပြေးရသူ ဒုက္ခသည် အမြောက်အများတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်