လူငယ်ဆိုတာ ဘာမဆို စွန့်စားလုပ်ကိုင်လို စိတ်ရှိ၊ ဘယ်အရာကိုမဆို သိချင်၊ တတ်ချင်စိတ်နဲ့ ကြိုးစားတတ်ကြသူတွေပါ။ ဒီနေရာမှာ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ Lifestyle နဲ့ Mindset Coach တယောက်ဖြစ်တဲ့ မရွှေစုလှိုင်နဲ့ GenZ အစီအစဥ်မှာ မခင်လေးက စကားပြောထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ဆုံးအခြေအနေ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ဆက်ထားပါတယ်။
အင်တာနက်ခေတ်မှာ လူငယ်တွေအတွက် သင်ယူစရာတွေလည်း ရှိသလို၊ သတိထားရမယ့် အန္တရာယ်တွေထဲမှာတော့ အွန်လိုင်းကနေ လိင်ခွဲခြား ပြောဆိုတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေလည်း ပါ ပါတယ်။ ဘယ်လို ကာကွယ်ကြပါလဲ။ လူငယ် အမျိုးသမီး တက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်နဲ့ GEN Z အစီအစဥ်မှာ မခင်လေးက စကားပြောထားပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်၊ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖိလစ်ပိုင်မှာ ပထမဆုံးအကြိမ် တိုင်ကြား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
အနာဂတ်အတွက် အိပ်မက်တွေနဲ့ ရှေ့ခရီးကို ဆက်လျှောက်နေသူ လူငယ်တွေနဲ့ စကားပြောထားတဲ့ GenZ ဆိုတဲ့ အစီအစဉ်သစ်မှာ ဒီတပတ်တော့ နိုင်ငံရေး အပြောင်းအလဲတွေကြား မထင်မှတ်ဘဲ ဆယ်ကျော်သက် ဘဝမှာ ဒုက္ခသည် ဖြစ်သွားခဲ့ရတဲ့ လူငယ်လေးတယောက်ရဲ့ ရုန်းထွက်မှုတွေအကြောင်း ကြားရပါမယ်။ မခင်လေး တင်ဆက်ထားပါတယ်။
ကချင်၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြော၊ တရုတ် ခါးပတ်လမ်း BRI စီမံကိန်း မြန်မာပါဝင်နိုင်မှု အနေအထား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
လိုင်ဇာအနီး စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ကောင်စီငြင်းဆို၊ အစ္စရေးရောက် မြန်မာတွေရဲ့ လုံခြုံရေး၊ အပြင် ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး လုပ်နေရဆဲ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ ကြိုးပမ်းမှုတွေ အောင်မြင်မှု မရှိကြောင်း ဝေဖန်၊ အင်ဒိုနီးရှား မြန်မာစစ်ကောင်စီကို လက်နက်မရောင်းလို့ ငြင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောြပပေးပါမယ်။
နိုင်ငံတကာပါ ရိုက်ခတ်တဲ့ မြန်မာအခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ နှိမ်နင်းရေး၊ မြန်မာ့အရေး ICC ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရဲ့ တိုက်တွန်းချက် စစ်ကောင်စီပယ်ချ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ကုလသဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ရှိလို့ ကုလ ကိုးကားသတင်းဆို၊ ပြည်တွင်းမှာ စားသုံးဆီ ရှားပါးနေပြီး ဈေး အဆမတန်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ဆက်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု အပြင်းထန်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ နေ့စဥ် စစ်ပွဲနဲ့ပဋိပက္ခတွေဖြစ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကလည်း တသိန်းကျော် ရှိနေပါတယ်။
“ဟိုဘက်မှာ နေရတာထက်တော့ ဒီမှာ အေးအေးဆေးဆေးနေရတာ ပိုကောင်းပါတယ်။ ဟိုဘက်မှာ နေရတာကတော့ စိတ်လည်းပင်ပန်းတယ်။ ညလည်း မအိပ် နိုင်ဘူး။ အစားအသောက်လည်း ကောင်းကောင်းမစားနိုင်ဘူး။ ကျနော်တို့ နိုင်ငံက စစ်တပ်မရှိရင်တော့ ကောင်းမှာ။” (ဦးတာမှန်း-စစ်ဘေးရှောင်)
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးနဲ့ ရုရှားမှာ တွေ့ဆုံ၊ အာဏာသိမ်း စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေနဲ့ မြန်မာလူ့အခွင့်အရေးအခြေအနေ အမေရိကန်လွှတ်တော်မှာ ကြားနာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ ဆက်ပြီး ပြောပြပေးပါမယ်။
ပညာတော်သင်ဆုဆိုတာ လူငယ်တွေရဲ့ အနာဂတ်အိပ်မက်ပါ။ ဒီလို အိပ်မက်တွေကို သေသေချာချာ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ချက်တွေကို ဘယ်လိုပြင်ဆင်သင့်တဲ့အကြောင်းအရာတွေကို အမေရိကန်အစိုးရကပေးတဲ့ လင်ကွန်း ပညာတော်သင်ဆုရှင် ကိုမင်းပိုင်မိုးကို မခင်လေးက ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်ဒုသမ္မတက ပြော၊ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာဘဏ်တွေနဲ့ လုပ်ငန်းတွေမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ညွှန်ကြား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် ပြောပြပေးပါမယ်။
မြန်မာစစ်ကောင်စီတပ်ရဲ့ မတရားနှိပ်စပ်မှုတွေကို အမြဲခံစားကြရတဲ့ တိုင်းရင်းသားဒေသက လူငယ်တွေ ဘယ်လို ပညာသင်ကြားနေရပါသလဲ။ ကချင်ပြည်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်ကောလိပ်မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားလေးတွေနဲ့ ကျောင်းတာဝန်ရှိသူကို မခင်လေးက ဆက်သွယ်မေးမြန်းထားပါတယ်။
အရှေ့တီမောနိုင်ငံ သံရုံးက ဝန်ထမ်းတွေကို စစ်ကောင်စီက နှင်ထုတ်တာဟာ ဂုဏ်ယူစရာကိစ္စ ဖြစ်ကြောင်း အရှေ့တီမော သမ္မတပြော၊ စစ်တပ်အာဏာသိမ်းနောက်ပိုင်း အရပ်သားသေဆုံးမှုအစီရင်ခံစာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အခြေနေဆိုင်ရာ ကြေညာချက် ထုတ်ပြန်၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ ဆက်ပြီး ပြောပြပေးပါမယ်။
ကုလစာနာမှုရုံးအကြီးအကဲ ခရီးစဉ် ဝေဖန်ခံရ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က မြန်မာ့ဘဏ် စာရင်းတွေကိုပိတ်၊ လက်ပံတောင်း တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းအနီး ပစ်ခတ်သေကြေမှုတွေ ဖြစ်ပွား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်