မြန်မာနိုင်ငံမှာ နှိပ်ကွက်မှုတွေနဲ့ ကြုံရတဲ့ ရိုဟင်ဂျာတွေအတွက် ပညာသင်ကြားခွင့်၊ ကျား၊ မ တန်းတူညီမျှ ရှိရေးတွေကို ကုလသမဂ္ဂမှာ တင်ပြခဲ့တယ်လို ရိုဟင်ဂျာလူငယ်က ပြောပါတယ်။ ဖိနှိပ်ခံလူမှုအသိုက်အဝန်းကနေ ကုလသမဂ္ဂစင်မြင့်ကို ရောက်လာခဲ့တဲ့ ယဆင် အာဖက်ကို GenZ ပရိသတ်တွေအတွက် မခင်လေးက ဆက်သွယ် စကားပြောထားပါတယ်။
မြန်မာ့အရေးကို နိုင်ငံတကာအသိုက်အဝန်းကသာ အာရုံစူးစိုက်ပြီး အရေးယူဆောင်ရွက်ရင် အခြေအနေဆိုးကို ရှောင်နိုင်မယ်လို့ ကုလကိုယ်စားလှယ်ပြော၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူဦးရေ ၄ဆလောက် မြင့်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရန်ကုန်မြို့နယ်တချို့ စစ်မှုထမ်းရမဲ့စာရင်း စတင်ကောက်ခံကြောင်း ဒေသခံတွေပြော၊ ကချင်ဒေသ KIA တပ်စခန်းသိမ်းပိုက်မှု စစ်ကောင်စီ လေကြောင်းနဲ့ အပြင်းအထန် ပြန်တိုက်ခိုက်၊ ရခိုင်တိုက်ပွဲကြားပိတ်ဆို့ခံရတဲ့ ဒေသခံများ အခက်ကြုံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံနဲ့ ကမ္ဘာကို တိကျတဲ့ သတင်းတွေ တင်ဆက်ပေးနိုင်ဖို့ လူငယ်သတင်းထောက်တွေ အသက်အန္တရာယ်ကြားက သတင်းတွေရယူ ပေးခဲ့ရပါတယ်။ စစ်ရေးပဋိပက္ခအကြား အတွေ့အကြုံက တန်ဖိုးရှိလှသလို အခက်အခဲတွေလည်း ရင်ဆိုင်ခဲ့ရတာပါ။ GenZ အစီအစဉ်မှာ မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
နိုင်ငံရေးစင်မြင့်တွေမှာ မြန်မာလူငယ်တွေ ပါဝင်ခွင့်ရဖို့က ဘယ်တွေ လိုအပ်နေပါသလဲ။ ထိုင်းလွှတ်တော် မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဖုန်းမော်နဲ့ GenZ အစီအစဉ်မှာ မခင်လေး စကားပြောထားပါတယ်။
မြန်မာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တရုတ် ကူညီဆောင်ရွက်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ပြော၊ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်ပေါင်း ၆၀ ကျော်လာ၊ ဒီလိုတပတ်အတွင်း ထိပ်တန်းရောက်သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တင်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေတွေကြောင့် ထိုင်းနိုင်ငံမှာ ပညာသင်ယူရင်း နေလို့ ရဖို့ ကြိုးစားနေတဲ့ လူငယ်တွေ အများအပြားရှိပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ယူရင်း နေထိုင်ခွင့်ရဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထိုင်းမှာ ကျောင်းတက်နေတဲ့ လူငယ်တယောက်ကို မခင်လေး မေးမြန်းကြည့်ထားပါတယ်။
ထိုင်းမြန်မာ့အရေး ဆွေးနွေးပွဲ စစ်တပ်လူ့အခွင့်အရေး ချိုးဖောက်မှုများ သေချာအရေးယူရေး ဆွေးနွေးသင့်ဟု လူ့အခွင့်ရေးအဖွဲ့တွေပြော၊ စစ်တွေဈေး လက်နက်ကြီးပစ်လို့ အရပ်သား ၁၂ ဦး သေဆုံးမှု စစ်ကောင်စီ AA ကို ပြန်လက်ညှိုးထိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာပြည်က လူငယ်တွေ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်ခွင့်ရဖို့အတွက် ပြင်ဆင်မှုတွေ အများကြီးလုပ်ကြရပါတယ်။ သွားတက်မယ့် ကျောင်းကို ရွေးချယ်လျှောက်ထားတာက အစ၊ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိဖို့ အဆုံး၊ ပြင်ဆင်လုပ်ကိုင်တဲ့နေရာမှာ သိထားသင့်တာတွေ၊ ရှောင်ကျဉ်ရမှာတွေ ရှိပါတယ်။ မခင်လေး မေးမြန်းကြည့်ထားပါတယ်။
ဂျာမဏီမြူးနစ်လုံခြုံရေးညီလာခံ မြန်မာနိုင်ငံကိုယ်စား NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီအကြီးအကဲ တွေ့ဆုံ၊ ဂျပန်ရာကူဇာခေါင်းဆောင် မြန်မာကိစ္စနဲ့ တရားစွဲခံရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက လူငယ်တဦး ကမ္ဘာ့ထိပ်တန်း နည်းပညာတက္ကသိုလ်မှာ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ခံရပါတယ်။ ကမ္ဘာမှာ အတော်ဆုံးတက္ကသိုလ်တခုဖြစ်တဲ့ MIT က ကျင်းပတဲ့ AR/VR သုံးဘက်မြင် ပုံရိပ်ယောင် နည်းပညာ ပြိုင်ပွဲကို မီးမလာ၊ အင်တာနက်မရ နိုင်ငံက လူငယ် ဘယ်လိုပါဝင်နိုင်တာပါလဲ။ မခင်လေး မေးမြန်းကြည့်ထားပါတယ်။
နိုင်ငံသားတိုင်းစစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် လူငယ်တွေအကြား စိုးရိမ်မှုမြင့်၊ ရခိုင်ပြည်နယ်တိုက်ပွဲများအခြေအနေ၊ ထိုင်းဗီဇာ အရေအတွက် ကန့်သတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေအကြား 'တညတာ တွေ့ဆုံမှု' 'One Night Stand Relation' ခေတ်စားလာတာကြောင့် လိင်ကနေကူးစက်တဲ့ ရောဂါတွေ ပိုဖြစ်ပွားနိုင်တယ်လို့ ပညာရှင်တွေ သတိပေးပါတယ်။ ဗယ်လင်တိုင်းစ်ဒေး အထူးအစီအစဉ်အဖြစ် ဆယ်ကျော်သက်နှင့် လူငယ်ဆိုင်ရာပညာရှင် ဒေါက်တာရတနာ နဲ့ မခင်လေး စကားပြောထားပါတယ်။
အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအခြေအနေ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို အိမ်ဖြူတော်က နောက်ထပ်တနှစ်သက်တမ်းတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ကိုရီးယားယဉ်ကျေးမှုနဲ့ နီးစပ်တဲ့ မြန်မာလူငယ်တွေ ကိုရီးယားမှာ ပညာသင်ခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဘာတွေရှိပါသလဲ။ သွားနိုင်မယ့်ပုံစံ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို အဲဒီမှာ ပညာတော်သင်ဆုနဲ့ ကျောင်းတက်၊ အခု အလုပ်လည်းလုပ်နေပြီဖြစ်တဲ့ မပပကို GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေး သက်တမ်းတိုး၊ မြန်မာ့အရေး ကန်အစိုးရတွင်း တွန်းအားပေး လုပ်ဆောင်ဖို့ ပါတီ၂ ရပ် ကိုယ်စားလှယ်များ Burma Caucus ဖွဲ့၊ ပယ်ဆောက်ချိန်ကို တရုတ်ဘက်ကို လွှဲပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသတွင်း ဗီယက်နမ်နိုင်ငံဟာ မြန်မာလူငယ်တွေကို ပညာတော်သင်ဆုတွေလည်း ပေးနေသလို၊ ဗီယက်နမ်တက္ကသိုလ်တွေက နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတာပါ။ အဲ့ဒီမှာ ကျောင်းတက်ပြီးရင်ရော အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းပါတယ်။ Gen Z ပရိတ်သတ်တွေအတွက် မခင်လေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်သံအမတ်နှင့် တွေ့ဆုံ၊ အပစ်ရပ်ရေး သဘောတူထားတဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဆက်ပြီးထိုးစစ်ဆင်၊ ရခိုင်တိုက်ပွဲများ ပြင်းထန်နေတာပါ။ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မတရားတာကို မြင်နေရင် ခေါင်းငုံ့မခံတတ်တဲ့ Gen Z လူငယ်၊ ဂျပန်နိုင်ငံက တက္ကသိုလ် မဟာတန်း ကျောင်းသား လူငယ်တယောက်ကတော့ မြန်မာ့အရေးကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေပါတယ်။ သူဘာကြောင့် မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ ဆောင်ရွက်နေရတာပါလဲ။ Gen Z ပရိတ်သတ်တွေအတွက် မခင်လေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ CPJ ပြောကြား၊ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်