ရခိုင်မှာ စစ်မျက်နှာပြင်ကျယ်လာပြီး သံတွဲ ငပလီကမ်းခြေတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေကျေ၊ နိုင်ငံခြားငွေဈေးနဲ့ ရွှေဈေး စံချိန်တင်တက်သွားတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဒေါ်လာနဲ့ ငွေလဲနှုန်း လူမှုကွန်ရက်မှာတင်သူတွေ မတည်မငြိမ်ဖြစ်အောင်လုပ်မှုနဲ့ အရေးယူမယ်လို့ ဗဟိုဘဏ်သတိပေး၊ ရခိုင်စစ်ရေးပဋိပက္ခကြား ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရဆိုတဲ့ဖြစ်ရပ်အပေါ် AA အပါအဝင် အဖွဲ့အစည်းတွေကြား အငြင်းပွား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက လူငယ်အများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပညာရေး ဗဟုသုတ ရှာဖွေရာမှာ လက်လှမ်းမှီဖို့ ခက်ခဲတတ်လို့ ဒီလိုအပ်ချက်ကို အကူအညီပေးဖို့ လူငယ်တွေပဲ ဦးစီးပြီး The Survivor ပရဟိတာအဖွဲ့ကို ဖွဲ့ထားတယ်လို့ မဆုပြည့်ပြည့်ထူးက ပြောပါတယ်။ မခင်လေးက Gen Z ပရိသတ်အတွက် စကားပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ဘူးသီးတောင်မြို့နယ်ထဲမှာ အကြမ်းဖက်မှုတွေ တိုးလာပြီး၊ ရိုဟင်ဂျာသောင်းချီ ထွက်ပြေးရတဲ့ အခြေအနေကို နိုင်ငံတကာက သတိပေးနေပါတယ်။ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ အလုပ်အင်တာဗျူး ဖြေချိန်မှာတောင် အွန်လိုင်းလိမ်လည်မှုတွေ ရှိနေတတ်တာကြောင့် သတိထားသင့်တယ်လို့ ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ GenZ လူငယ်က ပြောပါတယ်။ ဒူဘိုင်းမှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေအကြောင်း မခင်လေးက GenZ ပရိသတ်အတွက် စကားပြောထားပါတယ်။
စစ်ကောင်စီအကြီးအကဲ အာဆီယံနဲ့ တွေ့ဆုံ စာနာမှုအကူအညီနဲ့ အာဆီယံအစည်းဝေးများ ပါဝင်ရေး ဆွေးနွေး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ကူမင်း အစည်းအဝေးပွဲ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က အင်တာနက် ဒုစရိုက်ဂိုဏ်းတွေဆီကို ထိုင်းက အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ဖို့ လုပ်ဆောင်၊ တက်ဆင် အတိုက်အခံတွေနဲ့ တွေ့ဆုံမှု စစ်ကောင်စီ ရှုတ်ချ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစ္စရေးဆန့်ကျင် ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီး၊ သပိတ်စခန်းတွေကို ပိတ်သိမ်းတာဟာ ဒီမိုကရေစီဟာ ခေတ်နောက်ပြန်ဆွဲခြင်းလားလို့ ကျောင်းသားတွေက မေးခွန်းထုတ်ပါတယ်။ အမေရိကန်ရောက် မြန်မာကျောင်းသားတွေရဲ့ အမြင်ကို မခင်လေးက GenZ ပရိသတ်အတွက် စကားပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စစ်ရေးပဋိပက္ခကြား ကလေးတွေရတဲ့ စိတ်ဒဏ်ရာတွေကို ဂီတနဲ့ ကုစားပေးနိုင်တယ်လို့ ထဲပိုး ဂီတသင်တန်းကျောင်းကို ထူထောင်သူ ကရင်နီလူငယ် မော်ဖရေမြာက ပြောပါတယ်။ ဂီတသံတွေကပေးတဲ့ စိတ်ခွန်အားအကြောင်း ဂီတသင်တန်း ကျောင်းတည်ထောင်သူနဲ့ မခင်လေးက GenZ ပရိသတ်အတွက် စကားပြောထားပါတယ်။
စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေကို သိမ်းဖို့ ပြင်ဆင်နေတယ်လို့ အာရက္ခတပ်တော် (AA) က VOA ကို ပြော၊ နှစ်ပေါင်း ၅၆ နှစ်အတွင်း မြန်မာနိုင်ငံမှာ အပူချိန် လွန်ကဲမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာအသိုင်းအဝိုင်းနဲ့ နှစ်တွေအကြာကြီး ဝေးနေပေမဲ့ မြန်မာစာနဲ့၊ မြန်မာစကားကို တတ်ထားတာဟာ သူ ပါရဂူဘွဲ့ယူရမှာ အထောက်အကူရတယ်လို့ မြန်မာပြည်ကနေ ငယ်ငယ်လေးထဲက ထွက်လာပြီး အခုလက်ရှိ အမေရိကန်ထိပ်တန်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့လူငယ် ပြောပါတယ်။ မခင်လေးက GenZ ပရိတ်သတ်တွေအတွက် စကားပြောထားပါတယ်။
မြဝတီအခြေအနေတွေ မရေရာဖြစ်နေပြီး စစ်ဘေးပြေးဒေသခံတွေ ထိုင်းဘက်က ပြန်လာလိုက်ရ၊ ပြန်ထွက်ပြေးလိုက်ရ ဖြစ်နေ၊ ကိုးကန့်လက်နက်ကိုင် MNDAA သေဒဏ်ချထားတဲ့ လူတွေထဲက ၃ ယောက်ကို ကွပ်မြတ်ခဲ့တဲ့သတင်းရလို့ ဥရောပသမဂ္ဂရုံးက ဝေဖန်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ၇ နှစ်ဆက်တိုက်ရှိနေတဲ့ ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကမ္ဘာ့အကောင်းဆုံးထဲမှာ ပါဝင်ပြီး အဲဒီမှာ မြန်မာလူငယ်တွေ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်လို့ ဖင်လန်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူက ပြောပါတယ်။ မြန်မာလူငယ်တွေအတွက် မခင်လေး မေးမြန်းထားပါတယ်။
မြဝတီမြို့ ပြန်သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီဘက်က အင်အားပြည့် ကြိုးပမ်းနေပြီး၊ ထိုင်းကတော့ အခြေအနေကို စောင့်ကြည့်နေ၊ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ကန့်ကွက်မှုတွေကြားက ပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုစည်သူ တင်ပြထားပါတယ်။
တိုင်းရင်းဒေသမှာ ကြီးပြင်းခဲ့ပေမဲ့ စိတ်အားထက်ထက်သန်သန်နဲ့ ဇွဲမလျှော့ဘဲ ကြိုးစားခဲ့လို အောင်မြင်မှုတွေ မြင်တွေ့ရတယ်လို့ ကချင်ဖက်ရှင်ဒီဇိုင်နာ ဇော်ဒန်လီက ပြောပါတယ်။ ကချင် ရိုးရာဝတ်စုံပုံတွေကို ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ ပေါင်းစပ်ပြီး ဖက်ရှင်လက်ရာသစ်တွေ ဖန်တီးထားတာပါ။ မခင်လေး စကားပြောထားပါတယ်။
မြဝတီကို တိုက်ခိုက်နေတဲ့ မြန်မာစစ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ဝင်လာရင် တုံ့ပြန်ဖို့ ထိုင်းအသင့်ပြင်ထား၊ အေလာလေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးနဲ့ ထပ်တိုက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုစည်သူ တင်ပြထားပါတယ်။
မြန်မာလူငယ်တွေအတွက် အာဖရိကမှာရှိတဲ့ အခွင့်အရေးကောင်းတွေအကြောင်း အရှေ့အာဖရိက ဒေသ တန်ဇန်းနီးယားနိုင်ငံမှာလည်း အလုပ်လုပ်ခဲ့ဖူး၊ အမေရိကန်အခြေစိုက် လူငယ်အဖွဲ့ AIESEC အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ ကြီးကြပ်ရေးဘုတ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်ခဲ့တဲ့ ကိုထက်အောင်လွှမ်းနဲ့ မခင်လေး စကားပြောထားပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဒုတိယအကြိမ် ဆွေးနွေး၊ တရုတ်နိုင်ငံခြားရေးဌာန အထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ကောင်စီ အကြီးအကဲ တွေ့ဆုံ၊ ရခိုင်စစ်ရေးပဋိပက္ခ အိုးအိမ်စွန့်ပြေးရသူပေါင်း တသိန်းကျော် ရှိ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လူငယ်တွေနေ့စဉ်လူမှုဘဝမှာ အန္တရာယ်ကင်းကင်းနေထိုင်ရှင်သန်ဖို့ဆိုရင် ငယ်ကတည်းက လိင်ပိုင်းဆိုင်ရာ ဗဟုသုတရှိဖို့ အရေးကြီးတယ်လို့ ဆယ်ကျော်သက်နဲ့ လူငယ်ဆိုင်ရာပညာရှင် ဒေါက်တာရတနာက ပြောပါတယ်။ ခုချိန်ထိ ပွင့်ပွင့်လင်းလင်း မပြောနိုင်ကြသေးတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး GenZ တွေအတွက် မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
မြန်မာနိုင်ငံ လူမှုစီးပွားအကူအညီ လျာထားငွေ ပါဝင်တဲ့ ဘာမားအက် ဥပဒေကို ကန်လွှတ်တော် အတည်ပြု၊ စစ်ကောင်စီနဲ့ ရုရှားတပ်တွေကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်လို့ ရုရှားဖော်ပြ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်