ငယ်ငယ်လေးကတည်းက မြန်မာ့ရိုးရာခြင်းလုံးခတ် ကစားနည်းကို တစိုက်မတ်မတ် လေ့ကျင့်နေလာတဲ့ နာမည်ကျော် ခြင်းလုံးခတ်ကျွမ်းကျင်သူ မမေဦးခင်က ခြင်းခတ်ပညာကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားက ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မခင်လေးက ဆက်သွယ် စကားပြောထားပါတယ်။
စစ်ကောင်စီခေါင်းဆောင်မိန့်ခွန်း ရခိုင်လူထုနဲ့ AA ကြား စိတ်ဝမ်းကွဲဖို့ ရည်ရွယ်ကြောင်း နိုင်ငံရေးအကဲခတ်သုံးသပ်၊ မြန်မာ့ပြည်တွင်းစစ် ကမ္ဘာမှာ တတိယအသေအပျောက် အများဆုံးဟု သုတေသန ထွက်၊ ပြည်သူသိန်းချီ ရေဘေးနဲ့ကြုံ၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အာရှဒေသရဲ့ အဖွံ့ဖြိုးဆုံး စင်္ကာပူနိုင်ငံမှာ အလုပ်ရှာမယ်ဆိုရင် အပြိုင်အဆိုင်များလို့ နေ့စဉ် အလုပ်နေရာအများကြီး လျှောက်ထားရှာဖွေဖို့ လိုတယ်လို့ လုပ်ငန်းအတွေ့အကြုံရှိသူ ကိုဖြိုးတင့်အောင်က ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ နေထိုင်ခွင့်ရချင်တဲ့ GenZ လူငယ်တွေ သတိပြုစရာတွေကို မခင်လေး မေးကြည့်ထားပါတယ်။
နိုင်ငံခြားငွေလဲနှုန်းဟာ ဇူလိုင်လကုန်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိ၊ ရန်ကုန်၊ မန္တလေးနဲ့ ဒေသအများအပြား စက်သုံးဆီရှား၊ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ စစ်ကောင်စီ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုး၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် မယ်ဟောင်ဆောင်ဒေသ ဒုက္ခသည်စခန်းမှာ မွေးဖွားပြီး အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တဲ့ ကရင်နီလူငယ်တဦး ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရပြီး အနာဂတ်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးစကားပြောထားပါတယ်။
တရုတ်နဲ့ အပါအဝင် နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်ကို ထိခိုက်မလာအောင် သတိထားဖို့ တရုတ်သတိပေး၊ ၂၀၀၈ အခြေခံဥပဒေမှာ မပါရှိပေမဲ့ စစ်ကောင်စီအကြီးအကဲက သမ္မတအာဏာ လွှဲပြောင်းယူလိုက်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းကနေ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့်ရခဲ့တဲ့ ကရင်အမျိုးသမီးငယ်လေး သူ့လို့ ရွှေ့ပြောင်းလာသူတွေအတွက် ကရင်လူငယ်အဖွဲ့ကို ဦးဆောင်တည်ထောင်ပြီး ပညာရေးအပါအဝင် လိုအပ်တဲ့အကူအညီတွေ ပေးနေပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးစကားပြောထားပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး မြို့တွင်းပိတ်မိနေသူတွေကို ကယ်ထုတ်ဟု ဒေသခံတွေက ပြော၊ စစ်ပွဲတွေကြောင့် နယ်စပ် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသစ်များ ရှာဖွေ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မိဘတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့အရေး လမ်းဘေးမှာ ဈေးရောင်းရပ်တည်ခဲ့တဲ့ ကွန်ပျူတက္ကသိုလ်ကျောင်းသား လူငယ်လေး တယောက်ဟာ YouTube ပေါ်မှာလည်း အောင်မြင်နေပြီး မိဘကိုပါ စောင့်ရှောက်နိုင်တဲ့ အခြေအနေရောက်ခဲ့ပါပြီ။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီတပ်စခန်းတွေ TNLA တိုက်ခိုက်ခဲ့ပြီး ဝ တပ်တွေ တန့်ယန်းမြို့ဝင်ရောက်နေရာယူ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းရီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်လွှတ်ရေး နားချဖို့ ဦးသိန်းစိန်ကို တိုက်တွန်း၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လာမယ့်နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကပြည်ထောင်စုမှာ ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် (Green Card) ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှုအဖြစ် ဇွန်လထဲမှာ လုပ်ခဲ့တဲ့ Podcast အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟာင်းထရမ့်က ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှု အဖြစ် အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။ လက်တွေ့ ဘယ်လောက်ဖြစ်လာနိုင်ခြေ ရှိပါသလဲ။ မြန်မာကျောင်းသားတွေအမြင်တွေ မခင်လေးစုစည်းထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးတကျော့ပြန် တိုက်ပွဲတွေအဖြစ် လာရှိုး၊ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် စည်းဝေး၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မြန်မာပြည်က အထောက်အထားမဲ့ ဒုက္ခသည်ဘဝကနေ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေက ပညာတော်သင်ဆုတွေရအောင် ကြိုးစားခဲ့သူက ကရင်လူငယ် ယူဂျင်းစိန်က ဖြစ်ပါတယ်။ ပြည်တွင်းက ပဋိက္ခတွေကြောင့် ထွက်ပြေးလာရတဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက သူတွေကို ဘယ်လိုတွေအကူအညီပေးနေလဲဆိုတာကို GenZ ပရိသတ်အတွက် မခင်လေးနဲ့ စကားပြောထားပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်ဖြစ် ကြေညာထားပြီး တိုက်ပွဲတွေပြင်းထန်၊ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်ကြောင့် သမ္မတဟောင်းဦးသိန်းစိန်နဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံ ထွက်ခွာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ထာဝရခရီးသွားနေချင်သူ လူငယ်ခရီးသွား Blogger တယောက်ဖြစ်တဲ့ မသီရိက ဗုဒ္ဓဝင်နဲ့ အိပ်ယာဝင် ပုံပြင်တွေထဲမှာပါတဲ့ နေရာတွေကို အသေးစိတ်လေ့လာချင်တဲ့အတွက် အိန္ဒိယနိုင်ငံအနှံ့မှာ ရှိတဲ့ နေရာအတော်များများကို အချိန်ပေးပြီး ခရီးတွေ ထွက်နေသူပါ။ GenZ ပရိသတ်အတွက် မခင်လေးနဲ့ စကားပြောထားပါတယ်။
ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်မှု စစ်ကောင်စီ ထပ်ပြီး စိစစ်၊ တရုတ်စေ့စပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ယာယီ သဘောတူညီချက်ကို စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖေါက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောလိုက်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကရင်နီပြည်မှာ နေရပ်စွန့်ခွါ ထွက်ပြေးနေရသူတွေနဲ့ ဒေသခံပြည်သူတွေအတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ လူငယ်တွေကို သင်ကြားပေးမဲ့ ဆေးကောလိပ်တခု မကြာခင်ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေကြပါတယ်။ ဒီကိစ္စ ပါဝင်ဆောင်ရွက်နေသူ ဒေါက်တာ မျိုးခန့်ကိုကိုနဲ့ မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
ကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်ကို NED ဒီမိုကရေစီပံ့ပိုးမှုဆု ချီးမြှင့်ပွဲ NUG ဝန်ကြီး ဆုပေးအပ်၊ တိုင်းရင်းသားဒေသများ စစ်ရေးတင်းမာ၊ စီးပွားရေးနဲ့ မတည်ငြိမ်မှုတွေကြောင့် ဘဝရှင်သန်ရေးခက်ခဲမှု ကမ္ဘာ့ဘဏ်သတိပေး၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အာဏာရှင်တွေရဲ့ မတရားမှုကို လက်မခံနိုင်လို့ ခွဲစိတ်အထူးကု ဆရာဝန်ဘဝကနေ မြေပြင်တိုက်ပွဲတွေဆီ ရောက်ခဲ့ရတယ်လို့ ကရင်နီဒေသတိုက်ပွဲတွေကြား ရောက်နေတဲ့ လူငယ်ဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုက ပြောပါတယ်။ တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေတဲ့ကြားမှာ ဆေးကုသပေးသူကို မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်