သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA မြန်မာပိုင်း သောကြာည ၉း၀၀ ကနေ ၁၀း၀၀ နာရီအထိ ထုတ်လွှင့်မှုအစီအစဉ် (သြဂုတ်လ ၆-၂၀၂၁)


သောတရှင်တွေ နားဆင်ရမယ့် သောကြာညရဲ့အစီအစဉ်တွေကတော့ ထိပ်တန်းရောက်မြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ကချင်ပြည်နယ် စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေပိုတိုးလာနေတဲ့အခြေအနေ၊ ကယားပြည်နယ်က စစ်ရှောင်စခန်းတွေမှာလည်း ကလေးတွေပါ ကိုဗစ်ကူးခံနေရတာနဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် မြန်မာအယောက်၄၀လောက် ကိုဗစ်ကြောင့် ဆုံးပါးနေတဲ့သတင်း၊ တရုတ်-မြန်မာနယ်စပ်မှာ ပေါက်ဖော်ကဒ်နဲ့ မြန်မာတွေကို တရုတ်က နေခွင့်ပြုလိုက်တာ၊ ရခိုင်တောင်ကုတ်ဘက်က ရေကြီးနေတဲ့အခြေအနေ စတဲ့နောက်ဆုံးရသတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်အစီအစဉ်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ဆက်ပေးဖို့ရှိပါတယ်။ ဗွီအိုအေကို နားသောတဆင်ခဲ့ကြတဲ့အတွက် ကျေးဇူးအထူးပဲတင်ရှိပါတယ်။

XS
SM
MD
LG