သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(ဇူလှိုင်၂၇၊၂၀၂၁)


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား ညှိုနှိုင်းလို့ရတဲ့ကိစ္စတွေထဲမှာ မြန်မာ့အရေးလည်းပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူပြောဆို၊ မန္တလေးက မြတောင်သပိတ်ကို ပစ်ခတ်ဖမ်းဆီးလို့ ထိခိုက်ဒဏ်ရာရမှုရှိ၊ ကနီတိုက်ပွဲမှာ ဖမ်းခံရတဲ့ PDFတွေရဲ့ ရုပ်အလောင်းပဲပြန်ရ၊ ရန်ကုန် စက်မှုဇုံတွေမှာ ကိုဗစ်ကူးစက်မှုစိုးရိမ်ဖွယ်ရှိ၊ အောက်မြန်မာဒေသတချို့မှာ မိုးကြီးပြီး ရေကြီးရေလျှံလို့ ကပ်ရောဂါထိန်းချုပ်ရေးအကူအညီပေးသူတွေ အခက်အခဲကြုံနေရ၊ ၂၀၂၀ မြန်မာရွေးကောက်ပွဲရလဒ်များ စစ်ကောင်စီကော်မရှင်က ပယ်ဖျက်လိုက်တဲ့အပေါ် အမေရိကန်သုတေသီတို့ရဲ့ အမြင်တွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ အင်္ဂါနေည စကားဝိုင်းအစီအစဉ်မှာတော့ မြန်မာကိုဗစ်နလံထလူနာတွေရဲ့ အတွေ့အကြုံတွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကိုနားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG